နှုတ်ခမ်းလေးကထူထူလေးနဲ့ လှပနေမှ ဆွဲဆောင်မှုရှိမှာပဲဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်မှာ လှပတဲ့နှတ်ခမ်းလေးတွေရှိနေမယ်ဆိုရင်တော့ ဘယ်လိုမိတ်ကပ်ပြင်ဆင်မှုပဲဖြစ်ဖြစ် လိုက်ဖက်မှာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ နှုတ်ခမ်းသားလေးတွေကို ထူထူလေးနဲ့လှပနေစေဖို့အတွက် Lip Filter ထိုးတာတွေလည်းလုပ်လာကြပါတယ်။ လှချင်ပေမယ့်လည်း ကြောက်တတ်တဲ့သူတွေအတွက်တော့ သဘာဝအတိုင်းလေးလှစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သကြားနဲ့ နှုတ်ခမ်းသားလေးတွေကိုပွတ်ပေးပါ

သကြားနဲ့ သင့်နှုတ်ခမ်းလေးတွေပေါ်ကို ပွတ်ပေးမယ်ဆိုရင်တော့ နှုတ်ခမ်းမှာရှိနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းသားကိုလည်း နူးညံ့ပြီးချောမွေ့လာစေပါတယ်။ သကြားကိုရှောက်သီးအရည်နဲ့ရောပြီး နှုတ်ခမ်းပေါ်မှာနေ့တိုင်းပွတ်ပေးမယ်ဆိုရင်လည်း သင့်နှုတ်ခမ်းကိုလှပလာစေမှာပဲဖြစ်ပါတယ်။

သွားတိုက်တံနဲ့ နှုတ်ခမ်းသားတွေကိုပွတ်ပေးပါ

သွားတိုက်တံနဲ့ အုန်းဆီကိုအသုံးပြုပြီး နှုတ်ခမ်းသားတွေကို ပွတ်ပေးတာကလည်း သင့်နှုတ်ခမ်းသားခြောက်သွေ့တာတွေကို လျော့နည်းစေပြီးလှပတဲ့ နှုတ်ခမ်းသားလေးတွေကို ရရှိမှာပဲဖြစ်ပါတယ်။

နှုတ်ခမ်းတွေထူချင်ရင်

သင့်နှုတ်ခမ်းသားတွေကို ထူထူလေးနဲ့လှချင်တယ်ဆိုရင်တော့ ငရုတ်သီးအမှုန့်ကို နှုတ်ခမ်းအလှဆီနဲ့ အနည်းငယ်ရောပြီး နှုတ်ခမ်းသားပေါ်မှာပွတ်ပြီး လိမ်းပေးမယ်ဆိုရင်လည်း သင့်နှုတ်ခမ်းသားကိုထူထူလေးနဲ့ လှပလာစေမှာပဲဖြစ်ပါတယ်။

ရေခဲနဲ့ ပွတ်ပေးပါ

သင့်နှုတ်ခမ်းမှာရှိနေတဲ့ သွေးလှည့်ပတ်မှုစနစ်တွေကို ကောင်းမွန်စေပြီး နှုတ်ခမ်းကိုလည်းထူထူလေးနဲ့ လှပလာစေမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းကခဏပဲ နှုတ်ခမ်းကိုထူလာစေတယ်လို့ ထင်ရပေမယ့်လည်း တစ်နေ့ကို ၃ ခါလောက် နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ သင့်နှုတ်တွေကိုသိသိသာသာထူပြီး လှလာစေမှာပဲဖြစ်ပါတယ်။

Photo Source: Pexels