ပင်ကိုယ်စရိုက်တွေက အမြဲတမ်းတည်ငြိမ်နေတဲ့ အရာမဟုတ်ပါဘူး။ သူတို့က ပြောင်းလဲသွားတတ်ကြတယ်။ ဒါပေမယ့် အသေးအမွှား ပြုမူနေထိုင်ပုံကို ကြည့်ပြီးတော့ ဒီလူက ဘယ်လိုလူမျိုးလဲဆိုတာကို ပြောပြနိုင်ပါတယ်။ လမ်းလျှောက်ပုံက လူတစ်ယောက်ရဲ့ အားနည်းချက်ကို ပြောပြနိုင်သလို စကားပြောပုံကိုကြည့်ပြီး လူတစ်ယောက် ယုံကြည်လို့ရမရ ခန့်မှန်းနိုင်ပါတယ်။

ဒီနေ့တော့ မိန်းကလေး (၅) ယောက်ရဲ့ နောက်ကျောပေးထားတဲ့ ပုံကိုဖော်ပြပေးထားပါတယ်။ သင့်အတွက် ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးတစ်ယောက်ကို ရွေးလိုက်ပါ။ သင့်ရဲ့ ရွေးချယ်မှုက သင့်အကြောင်းကို ပြောပြပါလိမ့်မယ်။

နံပါတ် (၁) မိန်းကလေး

အကယ်၍ သင့်အတွက် နံပါတ် (၁) မိန်းကလေးက ဆွဲဆောင်မှုအရှိဆုံးဖြစ်နေရင် သင်ဟာ အေးဆေးတည်ငြိမ်ပြီး ယုံကြည်မှုရှိတဲ့လူတစ်ယောက်ပါ။ သင်ဟာ အခက်အခဲတွေကို ကြောက်တတ်တဲ့လူစားမျိုးမဟုတ်ပဲ ပြဿနာတွေကို ခေါင်းသုံးပြီးရင်ဆိုင်ဖြေရှင်းတတ်ပါတယ်။ အတွေ့အကြုံအသစ်တွေကို ကြိုဆိုးပြီး ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေကို စိတ်နှစ်ပြီးလုပ်တတ်တယ်။

သင်ဟာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက် စိတ်ရှည်ပြီးကြိုးစားတတ်တဲ့သူဖြစ်တယ်။ သင်ဟာ ရှက်တတ်ပေမယ့် ကိုယ်လိုချင်တာကို ရအောင်လုပ်ယူတတ်တဲ့ လူစားမျိုးဖြစ်တယ်။

နံပါတ် (၂) မိန်းကလေး

နံပါတ် (၂) မိန်းကလေးက သင့်အတွက် ဆွဲဆောင်မှုအရှိဆုံးဆိုရင်တော့ သင်ဟာလူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး လူတိုင်းနှင့် ပြေလည်အောင်ပေါင်းသင်းတတ်သူဖြစ်ပါတယ်။ သင်ဟာအနည်းငယ် တုံးအ ပြီး ကိစ္စရပ်တွေကို အလေးအနက်မထားတတ်ဘူး။ ဒါပေမယ့် ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုရောက်အောင် သွားရမလဲဆိုတာကိုတော့ သိတယ်။

သင်ဟာ အနားမှာရှိတဲ့လူတွေကို မကြာခဏ ပြုံးပြနေတတ်ပြီး လူမှု့ဆက်ဆံရေးကောင်းမွန်တဲ့သူလို့ ပြောလို့ရပါတယ်။ ဝမ်းနည်းမှုတွေကိုတော့ တခြားလူတွေကို ထုတ်ပြလေ့မရှိဘူး။ သင်ဟာ ကိစ္စရပ်တော်တော်များများကို အကောင်းမြင်စိတ်ထားပြီး မကောင်းတဲ့စိတ်ထားမရှိလာအောင် အမြဲကြိုးစားနေသူဖြစ်တယ်။

နံပါတ် (၃) မိန်းကလေး

နံပါတ် (၃) မိန်းကလေးကို ပိုပြီးနှစ်သက်တယ်ဆိုရင်တော့ သင်ဟာရိုးရိုးကုပ်ကုပ်နေတတ်သူဖြစ်ပြီး အရှက်ကြီးတဲ့ သူဖြစ်ပါတယ်။ သင်ဟာ အခြားလူတွေနဲ့ အလွယ်တကူဆက်ဆံမှုတွေ လုပ်လေ့မရှိဘဲ အချိန်ယူပြီး လေ့လာတတ်သူဖြစ်ပါတယ်။ အရာရာတိုင်း အစီအစဉ်တကျဖြစ်နေတာကို လိုလားပြီး အလိုအလျောက်ဖြစ်လာတာကို သိပ်ပြီးဘဝင်မကျသူဖြစ်ပါတယ်။

သင်ဟာကြင်နာတတ်ပြီး တခြားလူတွေရဲ့အတွင်းစိတ်ကို မြင်အောင်ကြည့်တတ်သူ အခြားလူတွေရဲ့ စိတ်ခံစားမှုကို နားလည်ပေးနိုင်သူတစ်ယောက်ပါ။ အခြားလူတွေ ပျော်ရွှင်ဖို့အတွက် ပေးဆပ်တတ်သူဖြစ်ပြီး တစ်ခါတစ်လေ တစ်ယောက်တည်း နေတတ်သူဖြစ်ပါတယ်။

နံပါတ် (၄) မိန်းကလေး

နံပါတ် (၄) မိန်းကလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ တည်ငြိမ်အေးဆေးတဲ့သူဖြစ်ပါတယ်။ သင့်ကို လာပြီးအနှောက်အယှက်ပေးဖို့ (သို့) စိတ်ရှုပ်အောင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ နှလုံးသားထက် စိတ်ရဲ့အလိုကိုဦးစားပေးသူဖြစ်ပြီး မိမိကိုယ်ကိုယုံကြည်မှုရှိတာကြောင့် ကြုံလာတဲ့အခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းတတ်ပါတယ်။

မိမိရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက် သူတပါးထိခိုက်နာကျင်စေမယ့်အလုပ်မျိုးကို လုပ်လေ့မရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

နံပါတ် (၅) မိန်းကလေး

နံပါတ် (၅) မိန်းကလေး ကိုပိုပြီးနှစ်သက်တယ်ဆိုရင် သင်ဟာလွတ်လပ်မှုကိုနှစ်သက်ပြီး ဇွဲရှိသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုလည်း ပြီးမြောက်အောင်မြင်အောင် လုပ်လေ့ရှိသူဖြစ်တယ်။ သင်ဟာလွတ်လပ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်တာကြောင့် အခြားလူတွေရဲ့အကူအညီမလိုအပ်ပါဘူး။ အခြားလူတွေက ကူညီဖို့အသင့်ဖြစ်နေရင်တောင် လက်မခံသူဖြစ်ပါတယ်။

သင်ဟာ ခေါင်းမာသူဖြစ်ပြီး အခြားလူတွေက သင့်ရဲ့စိတ်ကိုပြောင်းလဲဖို့ အင်မတန်ခက်ခဲပါတယ်။ အခြားလူတွေနဲ့လည်း အချိန်ဖြုန်းလေ့မရှိဘဲ ကိုယ်တစ်ကယ်ခင်တဲ့လူတွေအတွက်သာ စဉ်းစားပေးတတ်သူဖြစ်ပါတယ်။

သင် အကြိုက်ဆုံး မိန်းကလေးက ဘယ်သူဖြစ်မလဲ။ အောက်က comment မှာရေးခဲ့လို့ရတယ်နော်။

Source: Bright Side