သင်အကြိုက်ဆုံး အနှစ်သက်ဆုံး တံခါးအရောင်ကိုရွေးလိုက်ပါ။ သင်ရွေးချယ်လိုက်တဲ့ တံခါးက သင့်ရဲ့ အကြောင်းကို ပြောနေတာမို့လို့ သေချာရွေးချယ်ပါ။

၁။ အပြာရောင်တံခါး

အပြာရောင်တံခါးက သင်ဟာ ကူညီတတ်တယ်ဆိုတာကိုဖော်ပြနေပါတယ်။ တခြားသူကို ကူညီတတ်တယ်။ သင့်မှာ သူငယ်ချင်းအများကြီးမရှိဘူး။ စစ်မှန်တဲ့ မိတ်ဆွေနည်းနည်းနဲ့ပဲ ပျော်ရွှင်တတ်ပါတယ်။

သင်ယုံကြည်တဲ့သူအပေါ်မှာပဲ သင်ဆက်ဆံရေးကိုတည်ဆောက်လေ့ရှိတယ်။ ဒါ့ကြောင့် နောက်ကျောက ဓါးနဲ့ထိုးတာမျိုးခံရရင် အရမ်းနာကျင်ရနိုင်တယ်။

သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။ မိမိကိုယ်ကို လုံခြုံစိတ်ချမှုရှိတယ်။ သစ္စာရှိတယ်။ သင်ယုံတဲ့သူအပေါ်မှာ သစ္စာမဖောက်ဘူး။

သင်ဟာ အထိမခံတဲ့သူ (Sensitive)ဖြစ်တတ်သလို ယဉ်ကျေးတဲ့သူတစ်ယောက်လည်းဖြစ်ပြန်ပါတယ်။

၂။ ခရမ်းရောင်တံခါး

ခရမ်းရောင်တံခါးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ စွမ်းအားရှိမှုကို ပိုပြီးနှစ်သက်တယ်။ သင့်မှာ ခိုင်မာတဲ့စိတ်ဓာတ်ရှိတယ်။ လွတ်လပ်တဲ့ စိတ်ခံစားမှုတွေရှိတယ်။ သင့်ဘဝရဲ့ အရာအားလုံးကို သင်ထိန်းချုပ်ချင်တယ်။ သင်ဟာ တော်တယ်။ ဒါပေမယ့် တခြားသူတွေကို ကိုယ့်လောက်မတောဘူးလို့ တွေးတတ်တယ်။

သင်ဟာ ဂရုစိုက်တတ်တဲ့စိတ်နှလုံးရှိတယ်။

သင့်ရဲ့ စွမ်းအားအရှိဆုံးလက်နက်ကတော့ ခွန်အား နဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ ခက်ခဲတဲ့အချိန်မှာတောင် သင်ဟာ ရယ်မောပြီး အကောင်းဖက်က တွေးတတ်တယ်။ ခက်ခဲမှုတွေကြုံရတဲ့အခါ ကိုယ့်ကိုကိုယ်အားပေးပါ၊ ခွန်အားရစရာတွေဖတ်ပါ။ အားတင်းထားပါ။ သင့်ကိုပျော်ရွှင်စေပါလိမ့်မယ်။

၃။ အနီရောင်တံခါး

အနီရောင်တံခါးက သင့်ရဲ့ စွမ်းအားရှိမှု ပျော်ရွှင်တတ်တဲ့ စိတ်ဓာတ်တွေကြောင့် တခြားသူတွေကြားမှာ ထင်ရှားသူလေးပါ။ သင်ဟာ ယှဉ်ပြိုင်မှုကို နှစ်သက်တယ်။ သင်ကောင်းကောင်းလုပ်ထားတဲ့အလုပ်တစ်ခုဆိုရင် အသိအမှတ်ပြုတာလိုချင်တယ်။ လိုအပ်တဲ့သူတွေကို ကူညီရတာနှစ်သက်တယ်။

သင့်မိသားစု သူငယ်ချင်းတွေကို ဘာရယူလိုမှုမှမပါဘဲ ချစ်တယ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေချင်တဲ့စိတ်ရှိတယ်။

၄။ ဇီးကွက်ပုံတံခါး

သင်ဟာ ထူးခြားတယ်။ သိချင်စိတ်ရှိတယ်။ ဇီးကွက်ပုံတံခါးကိုရွေးချယ်တဲ့သူတွေဟာ တခြားအရောင်လှလှတံခါးတွေထက် တံခါးရဲ့ အသေးစိတ်ပုံစံကို ရွေးချယ်ထားတဲ့သူတွေပါ။ သင်ဟာ လွတ်လပ်ပေါ့ပါးတယ်။ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်တယ်။ အကောင်းဖက်က တွေးတတ်တယ်။

ကိုယ်မသိတဲ့သူတွေအပေါ်မှာလည်း ကိုယ့်သူငယ်ချင်း မိသားစုဝင်တွေလိုပဲ ဆက်ဆံတတ်တယ်။

သင့်ရဲ့ ကြင်နာတတ်မှုက တစ်ဖက်သားကိုဆွဲဆောင်နိုင်တယ်။ ဒါပေမယ့် အလှအပနဲ့ပတ်သက်လို့တော့ သင်ဟာ ယုံကြည်မှုသိပ်မရှိဘူး။

သင့်ကို ဘယ်လိုပဲ ပင်ပန်းအောင်စိတ်ဆင်းရဲအောင်လုပ်လုပ် ကိစ္စမရှိဘူး။ ကျော်လွှားမယ်ဆိုတဲ့ စိတ်လေးရှိတယ်။

Source: www.blushbabe.com