သင့်ဘဝမှာ သင်တစ်သက်လုံး လက်တွဲသွားမယ်လို့ ရည်ရွယ်ထားသူနဲ့ ဆုံစည်းရပြီလား။ ဆုံစည်းခဲ့တယ်ဆိုရင်ကော ဘယ်လိုဆုံခဲ့ကြတာလဲ။ တချို့တွေကတော့ ရိုးရိုးရှင်းရှင်း မိတ်ဆွေအဖြစ်ကနေ ချစ်သူတွေဖြစ်သွားကြပြီး တချို့စုံတွဲတွေရဲ့ တွေ့ဆုံမှုကတော့ ဇာတ်လမ်းတွေထဲကလို ထူးခြားလှပါတယ်။ သင်မွေးတဲ့ မွေးလအလိုက် ကိုယ့်ဖူးစာရှင်ကို တွေ့နိုင်ချေရှိတဲ့ နေရာကို ခန့်မှန်းလို့ရပါတယ်။ ဒီလိုခန့်မှန်းရတာက ပျော််ဖို့ကောင်းပါတယ်။ ဒီတစ််ခေါက်မှာတော့ July လ မွေးဖွားသူတွေရဲ့ ကိုယ့်ဖူးစာရှင်နဲ့ တွေ့နိုင်မယ့် နေရာတွေကို ခန့်မှန်းကြည့်လိုက်ရအောင်နော်-

၁။ July Born တွေက ဂရုစိုက်တတ်ကြပြီး နူးညံ့တဲ့ နှလုံးသားရှိပါတယ်။သူတို့ရဲ့ လက်တွဲဖော်ကလည်းသူတို့နဲ့ ပုံစံတူဖြစ်တတ်ပါတယ်။

၂။ သင်က အခြားသူတွေကို ဂရုစိုက်ကြင်နာသလို သင့်ကို ကြင်နာမယ့် သူကိုလည်း လိုအပ်ပါတယ်။


၃။ July Born တွေက ချစ်မိရင်လည်း အရာရာပေးဆပ်တတ်တာကြောင့် အမြဲအရှုံးနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

၄။ ကိုယ့်ဖူးစာဖက်နဲ့ တွေ့မယ့်အချိန်ကတော့ အချစ်တုတွေကြောင့် နာကျင်မှုတွေ သင်ခန်းစာတွေ.. အခက်အခဲတွေဖြတ်သန်းပြီးနောက်အချိန်ပါပဲ။


၅။ သင့်ဖူးစာဖက်ကို တွေ့နိုင်မယ့်နေရာကတော့ Volunteer လုပ်ရတဲ့နေရာတွေ၊ အခြားသူတွေကို ကူညီပေးရင်းနဲ့ တွေ့ဆုံနိုင်ပါတယ်။

၆။ ဂျူလိုင်မွေးဖွားသူတွေက လူတွေရဲ့ အာရုံစိုက််တာ ခံရတတ်ပါတယ်။


၇။ အောင်မြင်တဲ့သူတွေဖြစ်တဲ့အလျောက် ကိုယ့်ရဲ့ ဖူးစက်ရှင်က ကိုယ့်ကြိုးစားမှုတွေကို အားပေးတဲ့သူ တစ်ယောက်ဖြစ်နေတတ်ပါတယ်။

၈။ သင်က ပန်းချီဆရာတစ်ယောက်ဆိုရင် သင့်လက်ရာတွေကို လာရောက် ကြည့်ရှုအားပေးသူတစ်ယောက်ဖြစ်နေတတ်ပါတယ်။


၉။ သင့်ရဲ့ ကြိုးစားမှုတွေကို အားပေးရင်း သင်အာရုံစိုက်လာတာကို စောင့်မျျျော်နေတတ်သူတွေဖြစ်ပါတယ်။ ဒီလိုလူမျိုးကို သတိထား ရှာကြည့်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar