အားလုံးပဲမင်္ဂလာပါ။ ကိုယ့်ရဲ့ မွေးလ၊ ရာသီခွင်ကို အခြေခံပြီး ကိုယ့်ဖူးစာရှင်က ဘယ်လိုပုံစံလည်း မှန်းဆနိုင်ပါတယ်။ သင့်အနေနဲ့ကော ဘဝလက်တွဲဖော်နဲ့ ဆုံတွေ့ပြီးပြီလား။ တကယ်လို့ သင်က အောက်တိုဘာ Born ဆိုရင်တော့ သင့်ဖူးစာရှင်မှာ တွေ့ရတတ်တဲ့အမူအကျင့်တွေက ဒီလိုပါ။
- အောက်တိုဘာလ မွေးဖွားသူတွေက အနုပညာကိုမြတ်နိုးပြီး ရုပ်ရည်ချောမောကြပါတယ်။ သင့်ဖူးစာရှင်ကလည်း သင်နဲ့ ပုံစံတူ ဖြစ်နေတတ်ပါတယ်။
- သင့်ဖူးစာရှင်က သင့်လိုပဲ နေရောင်ခြည်နဲ့ နေဝင်ချိန်ကို သဘောကျတတ်ပါတယ်။
- သင့်ဖူးစာရှင်က သင့်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်သူတွေဖြစ်ပါတယ်။
- သင့်စကားတွေကို ဂရုတစိုက် နားထောင်ပေးတတ်သူဖြစ်ပါတယ်။
- သင်နဲ့အမြဲဆွေးနွေးတတ်သူဖြစ်ပြီး အကြံဉာဏ်ကောင်းတွေကိုလည်း ပေးတတ်ကြပါတယ်။
ဖူးစာရှင်နဲ့ တွေ့နိုင်ချေရှိတဲ့ နေရာတွေကတော့
- သင့်ဖူးစာရှင်က ပန်းခြံတစ်ခုရဲ့ တစ်နေရာမှာ ထိုင်တတ်တာ ဒါမှမဟုတ် ရေကန်အနားမှာ သဘာဝတရားကို သင့်လိုပဲ ခံစားနေတတ်ပါတယ်။
- သင်က တိတ်ဆိတ်မှုကို နှစ်သက်သူပါ။ သင့်ဖူးစာရှင်ကလည်း ဒီလိုပါပဲ။
- စာကြည့်တိုက်၊ ကဖီးဆိုင်၊ စာအုပ်ဆိုင်နဲ့ တိတ်ဆိတ်တဲ့နေရာတွေမှာ ဆုံတွေ့တတ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar