ထိခိုက်အနာတရာဒဏ်ရာအကြီးအကျယ်ရတဲ့အခါ၊ ခွဲစိတ်ကုသမှုတစ်ခုခုကြောင့် အမာရွတ် ကျန်ခဲ့တာကြောင့် အလှပျက်တယ်ဆိုပြီး စိတ်ညစ်နေပါသလား။ အဲ့ဒီအမာရွတ်တွေကို တက်တူးတွေနဲ့ ဖုံးအုပ်လိုက်မယ်ဆိုရင်ရော၊ ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာ စိတ်မဝင်စားကြဘူးလား။

တချို့သူတွေက သူတို့ရဲ့အမာရွတ်ကို ပိုပြီး ကြည့်ကောင်းသွားအောင်ဆိုပြီး အမာရွတ်ဘေးနားမှာ အခြားတက်တူးပုံစံတစ်ခု ထိုးလိုက်ကြတယ်။ ရလဒ်ကတော့ မယုံကြည်နိုင်စရာကောင်းလောက်အောင် လက်ရာပြောင်မြောက်လှတာကို တွေ့မြင်ရမှာပါ။ ဘယ်လိုတက်တူးတွေလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်။

ခြေထောက်အမာရွတ်ပေါ်မှာ ထိုးထားတဲ့ မုန်လာဥနီတက်တူး

လက်ကောက်ဝတ်ပေါ်က ဂျယ်လီငါးတက်တူး

ကလေးလက်ကိုဆွဲပြီး Gravity အပြင်ဘက်ခုန်ထွက်သွားပုံ

ကိုယ်ထည်ပျောက်နေတဲ့ အိမ်မြှောင်

လှေကားပေါ် ကြိုးစားပမ်းစားတတ်နေတဲ့ လူငယ်လေးတစ်ယောက်

ခြေထောက်ပေါ်က ပန်းပွင့်ပုံတက်တူး

ခြေသလုံးပေါ်က ကတ်ကြေးတက်တူး

လက်ကောက်ဝတ်ပေါ်က မီးမှုတ်နေတဲ့ နဂါးလေး

အပ်ချည်ထိုးနေတာတဲ့

ကင်းမြီးကောက်ပုံတက်တူး

ဘာအကောင်လေးပါလိမ့်

ဒီငါးလည်း စောစောကအိမ်မြှောင်လိုပဲ ကိုယ်ထည်ပျောက်နေတယ်

Toy Story ထဲက အရုပ်

ခြေကျင်းဝတ်က အမာရွတ်ကို ဟောဒီလို အမိုက်စားဖြစ်အောင် ပြောင်းလဲလိုက်လို့ရတယ်ဆိုတာ သင်သိပါသလား။

တိုင်ပတ်နေတဲ့ မြွေပေါက်စ

မွေးရာပါအမှတ်ကို မြေပုံပြောင်းပစ်လိုက်တဲ့ ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသား

ကဲ… ဘယ်လိုလဲ သင့်ခန္ဓာကိုယ်က ကြည့်ရဆိုးတဲ့ အမာရွတ်တွေကို တက်တူးထိုးလိုက်ရင် အမိုက်စားတက်တူးရသွားတယ်ဆိုတာ စာဖတ်သူတို့ ယုံကြပြီမဟုတ်လား။

Source: Brightside.me