All Black လို့ ပြောလိုက်ရင် John Wick ရုပ်ရှင်ထဲက ကီနူးရိဗ်ကို မြင်ယောင်မိနိုင်ပါတယ်။ တကယ်က All Black ဖက်ရှင်ဟာ နေရာနေရာမရွေး လိုက်ဖက်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။ သူ့ပွဲနဲ့သူ ဝတ်တတ်ရင်တော့ ဖက်ရှင်ပိုကြွလာမှာပါ။ အခုတစ်ခါမှာတော့ All Black ဖက်ရှင်ကို ဘယ်လိုနေရာတွေမှာ ဝတ်သင့်သလဲဆိုတာပါပဲ။

(၁) Casual

Photo: Pinterest

သိပ်ခမ်းခမ်းနားနားကြီး လုပ်စရာမလိုတဲ့ ပုံမှန်ရိုးရိုးဆိုရင် အနက်ရောင်ဂျင်းနဲ့ တီရှပ် တွဲဝတ်တာက သက်တောင့်သက်တာ နဲ့ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ Casual စတိုင်ကို အချိုးကျစေဖို့ တွဲစီးမယ့် Sneaker ၊ Loafer နဲ့ Boots တို့ကလည်း Black Color ပဲ ဖြစ်ရမှာပါ။

(၂) Smart Casual

Photo: Pinterest

ပေါ့ပေါ့ပါးပါးလည်း ဖြစ်ရမယ်။ ရိုးရိုး Casual ထက် ပိုပြီးလည်း စတိုင်ကျပြီး သပ်သပ်ရပ်ရပ်လည်း ဝတ်ဖို့လိုတဲ့ ညနေခင်းပွဲတွေလိုမျိုးမှာ လယ်သာဂျက်ကတ် ၊ Pant အနက်နဲ့ T-Shirt ဗြောင်အနက်ဆိုရင် အဆင်ပြေပါတယ်။

(၃) Business Casual

Photo: Pinterest

နောက်တစ်မျိုးက သိပ်ပြီး Formal လည်း ကျစရာမလိုသလို လူငယ်အရမ်းလည်း မဆန်တဲ့ ပွဲမျိုး ၊ အစည်းအဝေးမျိုး တက်မယ်ဆိုရင် ကုတ်အရှည်နဲ့ Chinos ဘောင်းဘီနဲ့ ကြယ်သီးတစ်လုံး ဖြုတ်ထားတဲ့ ရှပ်လက်ရှည်နဲ့ဆိုရင် ဖက်ရှင်လည်းကျ ပွဲတက်အတွက်လည်း ကွက်တိပါပဲ။

(၄) Formal

Photo: Pinterest

ပွဲတက်မှာ All Black ဝတ်ချင်တယ်ဆိုရင်လည်း ဖြစ်ပါတယ်။ Monochromatic ကာလာ ဝတ်စုံ ၊ နက်ခ်တိုင်နဲ့ Tailored Made Shirt တစ်စုံဟာ သင့်ရဲ့ Formal Dress အတွက် ပြီးပြည့်စုံစေပါလိမ့်မယ်။