အကြောင်းအမျိုးမျိုးနဲ့ တစ်စုံတစ်ယောက်က သင့်ကို အပြစ်ရှာပြီး ပြောဆိုနေချိန်မှာ ကိုယ့်စိတ်ကိုထိန်းချုပ်ပြီး ဒီအရာ ၄ ခုကိုတော့ မလုပ်မိအောင် သတိထားဖို့လိုပါတယ်။

ဒေါသနဲ့မတုံ့ပြန်ပါနဲ့

အပြစ်ရှာပြီးပြောဆိုနေတာတွေကို ဒေါသထွက်လည်း ကိုယ့်စိတ်ကိုထိန်းချုပ်ပါ။ ဒေါသနဲ့ ဘာမှမစဉ်းစားပဲ မတုံ့ပြန်ပါနဲ့။ ဒေါသနဲ့တုံ့ပြန်ရင် အခြေအနေတွေပိုဆိုးလာပြီး ကိုယ့်အလွန်ပိုဖြစ်လာဖို့ပဲ ရှိပါတယ်။ ပြန်ပြောချင်ရင် သေချာထိထိမိမိ ပြန်ပြောတာ၊ ရှင်းတာမျိုးပဲလုပ်တာက ပိုကောင်းပါတယ်။

Blaming မလုပ်ပါနဲ့

ကိုယ့်ကိုအပြစ်ရှာပြောဆိုနေလို့မကျေနပ်ရင် တခြားအရာတွေပြောဆိုလို့ရပါတယ်။ ဒါပေမယ့် မဆိုင်တာတွေနဲ့ blaming လုပ်တာမျိုး၊ တခြားသူတွေကိုပါဆွဲထည့်ပြီး blaming လုပ်တာမျိုးကိုတော့ ရှောင်ရပါမယ်။ Blaming လုပ်ရင် ကိုယ်ပဲအလွန်ဖြစ်ပါတယ်။

ပုန်းရှောင်တာမျိုးမလုပ်ပါနဲ့

ကိုယ့်ကိုအပြစ်ရှာပြောဆိုနေလို့ဆိုပြီး မဖြေရှင်းပဲ၊ ရင်မဆိုင်ပဲ ပုန်းရှောင်နေတာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်မှာအပြစ်ရှိတာမှန်ရင်လည်း သေချာဖြေရှင်းပြီး နောက်မဖြစ်အောင် ဆင်ခြင်လိုက်ပါ။ အပြစ်မရှိပဲ အပြစ်ရှာပြောနေရင်လည်း သေချာပေါက်ဖြေရှင်းရပါမယ်။ ပုန်းရှောင်နေရင် ဝန်ခံသလို၊ ငြိမ်ခံသလို ဖြစ်သွားပါလိမ့်မယ်။

ကိုယ်ထိလက်ရောက်ပြန်မလုပ်ပါနဲ့

ကိုယ့်ကိုအပြစ်ရှာပြောဆိုနေလို့ဆိုပြီး ဒေါသထွက်တာ၊ မကျေနပ်တာနဲ့ပဲ တစ်ဖက်လူကို ကိုယ်ထိလက်ရောက် ပြန်လုပ်တာမျိုး လုံးဝမဖြစ်ပါစေနဲ့။ ကိုယ့်အလွန်ဖြစ်သွားပါလိမ့်မယ်။ စကားနဲ့ပဲဖြေရှင်းလို့ရတာတွေကို စကားနဲ့သာဖြေရှင်းပါ။ ဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် လက်ပါလိုက်ရင် ကိုယ်ထိလက်ရောက်လုပ်တဲ့သူကသာ အမှားဖြစ်သွားတတ်ပါတယ်။