အားလုံးပဲမင်္ဂလာပါနော်။ အသားအရေကို နေလောင်ဒဏ်၊ နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေ၊ လေထုညစ်ညမ်းမှုတွေကနေ ကာကွယ်ဖို့ Sunscreen သုံးရတယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် စာဖတ်သူတို့ လိမ်းနေတဲ့ Sunscreen လိမ်းနည်းက မှန်ကောမှန်ရဲ့လား။

Sunscreen ကို ဘယ်အချိန်လိမ်းရမလဲ။ ဘယ်လိုလိမ်းရမလဲ။ ဘယ်လောက်လိမ်းရမလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

ဘယ်အချိန်လိမ်းရမလဲ

Sunscreen ကို အပြင်မသွားခင် ၁၀ မိနစ် ၁၅ မိနစ်အလိုမှာ လိမ်းပေးလိုက်ပါ။ အပြင်ထွက်ပြီး ၂ နာရီကြာတိုင်း ပြန်လိမ်းပေးပါ။ ဒါမှ အာနိသင်ပိုရှိပြီး အသားအရေကို ကာကွယ်ပေးနိုင်မှာပါ။

ဘယ်လောက်လိမ်းရမလဲ

အရမ်းအများကြီးလည်းလိမ်းစရာမလိုသလို အရမ်းပါးအေင်လည်း မလိမ်းပါနဲ့။ အနေတော်လောက်ပဲထည့်ပြီး နေရောင်ခြည် ထိတွေ့တဲ့နေရာကို အဓိက လိမ်းပေးပါ။

Lotion လိမ်းပြီးမှလိမ်းရမှာလား၊ မလိမ်းခင် လိမ်းရမှာလား

Sunscreen ကို ကိုယ်သုံးနေကျ Serum (သို့) Lotion လိမ်းပြီးမှလိမ်းရမှာလားဆိုပြီး မေးကြတာရှိပါတယ်။ Lotion (သို့) Serum လိမ်းပြီးမှ Suncreen လိမ်းပေးပါ။

နေရောင်ခြည်မှာပါတဲ့ ဗီတာမင် D ကိုရော ဘယ်လိုရယူမှာလဲ

လူတွေအများအားဖြင့် Sunscreen လိမ်းရင် နေရောင်ခြည်မှာပါတဲ့ ဗီတာမင် D စုပ်ယူနိုင်မှု လျော့နည်းသွားတယ်လို့ ခံယူထားကြပါတယ်။ မှန်ပါတယ်။ Sunscreen လိမ်းတာဟာ နေရောင်ခြည်မှာ ရနိုင်တဲ့ ဗီတာမင် D စုပ်ယူမှုကို လျော့နည်းစေပါတယ်။

ဒါပေမယ့် နေရောင်ခြည်တစ်ခုတည်းကပဲ ဗီတာမင် D ဓာတ်ကိုပေးနိုင်တာမဟုတ်ပါဘူး။ တူနာငါး၊ ဆဲလ်မွန် ငါးတို့လို အစားအစာတွေကနေလည်း ဗီတာမင် D ဓာတ်ရနိုင်ပါတယ်။

နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေပျက်စီးပြီး နောက်ဆုံး အရေပြား ကင်ဆာအထိဖြစ်စေနိုင်ပါတယ်။