အချစ်ရေးမှာ ဖမ်းဆုပ်မထားသင့်တာတွေကို ဖမ်းဆုပ်ထားမယ်ဆိုရင် ကိုယ်ပဲပိုနစ်မွန်းပြီး ပင်ပန်းရပါတယ်။ ဘယ်လောက်ပဲချစ်ချစ် ဖြတ်တောက်လိုက်သင့်တဲ့ အခြေအနေတစ်ခုကို ရောက်လာရင်တော့ ဆက်ပြီးမဖမ်းဆုပ်သင့်တော့ပါဘူး။ ဒါဆိုရင် ဖမ်းဆုပ်မထားပဲရပ်တန့်လိုက်သင့်တဲ့ အချစ်ရေးဆိုတာ ဘယ်လိုမျိုးတွေဖြစ်မလဲ….

ကိုယ့်ကိုမလိုအပ်တော့တဲ့အခြေအနေ

ကိုယ့်ကိုမချစ်တော့တဲ့သူတစ်ယောက်၊ ကိုယ့်ကိုမလိုအပ်တော့တဲ့သူတစ်ယောက်ကို လွှတ်မပေးပဲ ဖမ်းဆုပ်ထားလို့ ကိုယ့်အတွက်ကောင်းတာ ဘာမှမရှိပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ဘက်ကပဲ သံယောဇဉ်ပိုကြီးလာပြီး နာကျင်ရပါလိမ့်မယ်။ ဒီလိုလူမျိုးကို စွန့်လွှတ်လိုက်လို့ ခံစားရမယ်ဆိုရင်လည်း မပူပါနဲ့။ အချိန်တစ်ခုပဲလိုပါတယ်။ အချိန်ကကုစားပေးသွားပါလိမ့်မယ်။

သစ္စာဖောက်သွားတဲ့အခြေအနေ

ကိုယ့်အပေါ်သစ္စာဖောက်သွားတဲ့သူကိုမှ မစွန့်လွှတ်နိုင်ပဲ ဆက်တွယ်ကပ်နေမိမယ်ဆိုရင်တော့ လုံးဝအမှတ်မရှိတဲ့ ကိုယ့်အပြစ်ဖြစ်သွားပါပြီ။ တစ်ခါခြံခုန်ဖူးတဲ့သူက နောက်တစ်ခါထပ်ပြီး ခြံခုန်ဖို့ ဝန်မလေးပါဘူး။ သင့်ဘက်ကချစ်လွန်းလို့ ဒီလိုလူမျိုးနဲ့ဆက်တွဲမယ်ဆိုရင်တောင် သင်ကိုယ်တိုင်ကိုက သူ့အပေါ် ယုံကြည်မှုရှိမှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် သစ္စာဖောက်သွားတဲ့သူတစ်ယောက်နဲ့ ဘယ်တော့မှ ပြန်မတွဲပါနဲ့။ ကိုယ့်ကိုယ်ကိုပဲ ပိုချစ်လိုက်ပါ။

ပျော်ရွှင်မှုတွေမရှိတော့တဲ့အခြေအနေ

အချစ်ရေးတစ်ခုမှ ပျော်ရွှင်မှုတွေမရှိတော့တဲ့ အဆင်မပြေပါဘူး။ တစ်နေ့ပြီးတစ်နေ့ စိတ်ညစ်နေရမယ်။ စိတ်ပူပန်ပြီး ပင်ပန်းနေရမယ်။ ပျော်ရွှင်မှုတွေမရှိတော့တဲ့ အခြေအနေမှာ ရှေ့ဆက်နေရင် ပိုပြီးနစ်မွန်းလာပါလိမ့်မယ်။ ဒါကြောင့် တစ်ခုခုဆိုရင် ကိုယ့်ဘက်ကချစ်နေလို့ ပိုင်ဆိုင်ချင်တယ်ဆိုတဲ့စိတ်နဲ့ ခေါင်းမာပြီး ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့။

Photo Source: www.pinterest.com