တခါတလေကျရင် ဘဝကြီးက အံသြစရာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဘဝမှာ လူတယောက်ကို လက်ထပ်ပေါင်းသင်းပြီ အတည်တကျနေဖို့ စဉ်းစားဖူးသလား။

တကယ်တော့ လက်ထပ်ခြင်းဆိုတာ ကိုယ့်ဘဝတခုလုံးစာအတွက် အရမ်းအရေးကြီးတဲ့ အရာဆိုလည်းမမှားပါဘူး။ သေသေချာချာ ရွေးချယ်ပြီးမှ စဉ်းစားဆုံးဖြတ်တာကောင်းပါတယ်။

အခုတစ်ခေါက်မှာတော့ ဘာကြောင့် လက်ထပ်သင့်ပြီလဲဆိုတာ ပြောပြပေးသွားမှာပါ။

ချစ်ကြောင်းပြဖို့

သူ့ကို ဘယ်လောက်ထိချစ်ကြောင်းပြဖို့၊ သူနဲ့အတူ ဘဝကိုဖြတ်သန်းချင်ကြောင်းပြဖို့က တစ်ဘဝလုံးစာ သူ့ကိုပုံပြီး ချစ်ကြောင်းပြလိုက်တာပါပဲ။

ပိုက်ဆံလုံလုံလောက်လောက်စုမိတဲ့အချိန်

လက်ထပ်ဖို့စဉ်းစားလိုက်ရင် အရင်ဆုံးတွေးမိတာက ပိုက်ဆံပါပဲ။ အိမ်ငှားဖိုသို့မဟုတ်ဝယ်ဖို့ နဲ့ အိမ်မှာလိုအပ်တာတွေ ဝယ်ဖို့အတွက် ပိုက်ဆံလုံလုံလောက်လောက်ရှိဖို့လိုအပ်ပါတယ်။

အရင်ကတယောက်ထဲနေတဲ့အချိန်မှာတော့ အဆင်ပြေသလိုနေလို့ ရပေမယ့် လက်ထပ်ပြီးသွားရင်တော့ အကုန်လုံးအတွက်စဉ်းစားရတော့မှာပါ။ အိမ်မှာလိုအပ်တဲ့ ရေခဲသေတ္တာ၊ တီဗီ နဲ့တခြားလိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့အတွက် ငွေလိုအပ်ပါတယ်။

ကလေးယူဖို့အသင့်ဖြစ်တဲ့အချိန်

အနာဂတ်မှာ ကလေးလိုချင်နေပြီလာ။ ဒါကတော့ လက်ထပ်ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကလေးအတွက် အဝတ်အစား၊ ကျောင်းစရိတ် နဲ့ အထွေထွေစရိတ်တွေကို ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။

ပြီးတော့ အလုပ်တဖက်နဲ့ ကလေးကို အချိန်ပြည့်ပြုစုဖို့ မဖြစ်နိုင်တဲ့အခါမှာ ကလေးထိန်းငှားဖို့ လိုအပ်ကောင်း လိုအပ်လာပါလိမ့်မယ်။ အဲ့ဒီအတွက်လည်း ကုန်ကျစရိတ်ရှိလာနိုင်ပါတယ်။

နှစ်ယောက်သား ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီလို့ ယူဆတဲ့အချိန်ဟာ လက်ထပ်ဖို့အချိန်ကောင်းပါပဲ။

ကလေးတွေအတွက် အဆင်ပြေတဲ့ပတ်ဝန်းကျင်

လေ့လာသူတွေကတော့ မိဘနှစ်ပါးစလုံးက ပြုစုစောင့်ရှောက်ပြီး ကြီးပြင်းလာတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာအရ အခြားကလေးတွေထက် တည်ငြိမ်မှုရှိတယ်လို့ဆိုထားပါတယ်။

တကယ်တော့ အဲ့ဒီကလေးတွေဟာ မိဘတစ်ပါးထဲကနေပြီးတော့ ပြုစုစောင့်ရှောက်ပြီး ကြီးပြင်းလာတဲ့ ကလေးတွေထက်ပိုပြီး ညဏ်ကောင်းလေ့ရှိကြပါတယ်။ ပြီးတော့ လူမှုရေးမှတ်ညဏ်ပိုင်းနဲ့ လေ့လာရေးပိုင်းတွေမှာလည်း တခြားကလေးတွေထက်ပိုပြီး အားသာတတ်ပါတယ်။

ဒီလိုအခြေအနေတွေကို မွေးလာမယ့်ကလေးတွေအတွက် ဖန်တီးပေးနိုင်ပြီလို့ ထင်တဲ့အချိန်ဟာ လက်ထပ်သင့်တဲ့ အချက်တွေထဲမှာပါပါတယ်။

ယနေ့ခေတ်မှာ ချစ်တဲ့သူတယောက်နဲ့ အတူနေဖို့အတွက် လက်ထပ်ဖို့မလိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ အပေါ်ကအချက်တွေကို ဖတ်ပြီးသွားတဲ့အချိန်မှာ တယောက်ယောက်ကို စိတ်ထဲမှာပေါ်လာပြီလား။