အခုနောက်ပိုင်း မိန်းကလေးတွေရဲ့မိတ်ကပ်ပြင်ဆင်မှုတွေမှာ ခေတ်စားလာတဲ့ Glitter တွေက နေရာတိုင်းမှာသုံးလို့လည်း မကောင်းပါဘူး။ သူနဲ့လိုက်ဖက်တဲ့အချိန်နေရာမျိုးတွေမှာ သုံးပေးမယ်ဆိုရင် လူငယ်ဆန်ဆန်နဲ့ သပ်ရပ်လှပနေမှာတော့အမှန်ပါပဲ။

ပိတ်ရက်ညဘက်တွေမှာအပြင်သွားမယ်

ပိတ်ရက် Friday Night လိုအချိန်မျိုးတွေမှာ သူငယ်ချင်းတွေနဲ့အတူတူ အပြင်သွားမယ်ဆိုရင် ဒီလိုမျိုး Glitter Makeup တွေကို ပြင်ဆင်သွားဖို့သင့်တော်ပါတယ်။ ညဘက်မီးရောင်အောက်တွေမှာ ပြင်ဆင်ထားတဲ့ မျက်လုံးပေါ်က Glitter တွေက လူတိုင်းကိုဆွဲဆောင်နိုင်ပြီး ခေတ်မှီတဲ့အလှမျိုးလည်းဖြစ်နေစေမှာပါ။ ဒီလိုမျိုး မျက်လုံးမှာခြယ်တဲ့ Glitter တွေကို ညဘက်မှာမဟုတ်ပဲ နေ့ခင်းဘက်တွေမှာပြင်ဆင်သွားမယ်ဆိုရင်လည်း သင့်တော်တဲ့ပြင်ဆင်မှုမျိုးတွေကို ရရှိနိုင်မှာပါ။

နှုတ်ခမ်းအတွက်ဆိုရင်

နှုတ်ခမ်းအတွက် Glitter Lipstick လေးတွေကိုအသုံးပြုချင်တယ်ဆိုရင် နွေရာသီအားလပ်ရက်တွေလို အချိန်မျိုးက အကောင်းဆုံးနဲ့အသင့်တော်ဆုံးပေါ့။ ကမ်းခြေတွေကိုသွားတဲ့အခါမျိုးတွေမှာဆိုရင်လည်း Glitter အနည်းငယ်ပါဝင်နေတဲ့ Lipstick က Perfect ဖြစ်နေစေမှာပါ။

Glitter Lips ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်

နှုတ်ခမ်းနီအတွက် Glitter အမျိုးအစားကိုရွေးချယ်မယ်ဆိုရင်လည်း နှုတ်ခမ်းသားကခြောက်သွေ့ကွဲအက်နေတာမျိုးတွေ မဖြစ်နေဖို့လိုပါတယ်။ ဒါမှာလည်း လှပတဲ့နှုတ်ခမ်းမျိုးနဲ့ စတိုင်ကျကျနေလို့ရမှာပေါ့။

Eyeliner အနေနဲ့

Glitter တွေကို eyeliner အနေနဲ့အသုံးပြုချင်တယ်ဆိုရင်လည်း အဆင်ပြေပါသေးတယ်နော်။ မိတ်ကပ်လှလှလေးပြင်ပြီး မွေးနေ့ပွဲတွေ၊ အခမ်းအနားတွေသွားစရာရှိနေတဲ့ အချိန်မျိုးမှာဆိုရင် ပိုပြီးတင့်တယ်မှုလည်းရှိတယ်လေ။

အကောင်းဆုံးနဲ့ အသင့်တော်ဆုံး လူငယ်တွေလည်းအလုပ်ဆုံးအချိန်ကတော့ Festival တွေသွားတဲ့အချိန်မျိုးတွေပေါ့။ ခန္ဓာကိုယ်တွေမှာပါ Glitter တွေနဲ့အလှဆင်ပြီး ပြင်ဆင်လာကြတာကများပါတယ်။

Photo Source: Shutterstock