ကိုယ်ကြိတ်ကြွေနေတဲ့ ကောင်မလေး အထင်ကြီးတာ ခံရဖို့ ဘယ်ကောင်လေးမဆို ကြိုးစားကြမှာပါပဲ။ ဒါကြောင့်ပဲ ကောင်မလေး သတိထားမိအောင် လုပ်ကြတာ ဖြစ်ပါတယ်။ ဒီလို လုပ်ပြနေပေမယ့် ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့ အမှားလေးတွေလည်း လုပ်နိုင်ပါတယ်။

အခုပြောမှာက အဲ့ဒီလို အမှားတွေကို ရှောင်ရှားနိုင်ဖို့ ယောင်္ကျားလေးတွေနဲ့ ပတ်သက်လို့ မိန်းကလေးတွေ အရင်ဆုံး သတိထားမိတဲ့ အချက်လေးတွေအကြောင်း ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို သတိထားပြီး ပြင်ဆင်သွားမယ်ဆိုရင် ကိုယ့် Crush ဆီက Impression ကောင်းကောင်းကို အရယူနိုင်မှာပါ။

(၁) ဆံပင်နဲ့ မုတ်ဆိတ်

Photo: Freepik

မိန်းကလေးတွေ အများဆုံး သတိထားမိတဲ့အချက်က ဆံပင်နဲ့ မုတ်ဆိတ် ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ တွေ့ရတော့မယ်ဆိုရင် ကိုယ်က မုတ်ဆိတ်ထားတယ်ဆိုရင်တောင် ကြည့်ကောင်းအောင်တော့ နည်းနည်းလေး ပြုပြင်သွားလိုက်ပါ။ ဆံပင်ဆိုရင်လည်း သပ်သပ်ရပ်ရပ် ပုံကျအောင် ဖြီးလိမ်းသွားသင့်ပါတယ်။

(၂) လက်

Photo: Freepik

နောက်ထပ် မိန်းကလေးတွေ သတိထားမိတာတစ်ခုက ခပ်ဆန်းဆန်းပါပဲ။ အဲ့ဒါက လက်သည်းတွေနဲ့ လက်ချောင်းတွေ ဖြစ်ပါတယ်။ လက်သည်းတွေ သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ်ရှိနေပြီး အနံ့အသက်ကောင်းအောင် ထားတာက သင့်ကို အမှတ်ပိုစေမယ့် လုပ်ရပ် ဖြစ်ပါတယ်။

(၃) အဝတ်အစား

Photo: Freepik

မိန်းကလေးတွေ အထင်ကြီးတဲ့ အချက်တွေထဲမှာ ဝတ်တတ်စားတတ်ရှိရဲ့လား ဆိုတဲ့ အချက်လည်း ပါပါတယ်။ အရင်ဆုံး သတိထားမိတာကလည်း ဘာဖက်ရှင်ဝတ်လာသလဲ ဆိုတာပါပဲ။ အဝတ်အစားနဲ့ ကာလာ အစပ်အဟပ်မှန်သလား ၊ သန့်သန့်ရှင်းရှင်းရှိရဲ့လား ဆိုတာပါ ကြည့်ပါတယ်။

(၄) ဘော်ဒီ

Photo: Freepik

ရုပ်ချောသလားဆိုတာထက် နောက်တစ်ခုက ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်တင်းတင်း ရှိရဲ့လား ၊ ပိန်သလား / ဝသလား ။ ပုခုံးနဲ့ လက်ပြင်တွေကရော ဘယ်လိုဘယ်ပုံ ရှိသလဲဆိုတာပါ ကြည့်ကြပါတယ်။ ဒါကြောင့် နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပြီး ကိုယ့်ဘော်ဒီကို ထိန်းထားဖို့ အကြံပေးချင်ပါတယ်။

(၅) စကားလုံး

Photo: Freepik

စကားလုံး အသုံးအနှုန်းဟာ လူမှုဆက်ဆံရေးမှာ အရေးကြီးဆုံးကြားခံဆက်သွယ်ရေးစနစ် ဖြစ်ပါတယ်။ ကိုယ်နဲ့ တွေ့နေတဲ့ ကောင်မလေးဟာ ကိုယ့်ရဲ့ စကားသံ ၊ စကားလုံး အသုံးအနှုန်းနဲ့ လေယူလေသိမ်းကို စောင့်ကြည့်အကဲဖြတ်နေတယ်ဆိုတာ မမေ့ပါနဲ့။