အားလုံးပဲမင်္ဂလာပါနော်။ လက်လေးတွေမှာ လက်မလေးတွေက သိပ်ကိုအရေးပါလှပါတယ်နော်။

လက်မက ကောင်းခြင်း ၊ ဆိုးခြင်းကို ပြသပေးနိုင်တဲ့အရာပါ။ အောင်မြင်မှု၊ ဒါမှမဟုတ် ကောင်းတဲ့အရာတစ်ခုခုကိုပြသဖို့ဆိုရင် လက်မထောင်တတ်ကြသလို အဆင်မပြေရင်တော့ လက်မကို အောက်ချပြီး သင်္ကေတလေးနဲ့ ပြသကြပါတယ်။

လူတိုင်းမှာလက်မပုံစံလေးတွေက မတူညီကြပါဘူး။

ဒီလိုမတူညီတဲ့ လက်မပုံစံလေးတွေက သင့်အကြောင်းကို ပြောပြနေပါတယ်နော်။

၁။ A အမျိုးအစား လက်မပိုင်ရှင်လေးတွေ

လက်မရဲ့ ပထမအရစ်နဲ့ ဒုတိယအရစ်တူညီနေတဲ့သူတွေကတော့ တည်ငြိမ်တယ်၊ စကားပြောကောင်းတယ်၊ တခြားသူကို အသင်အပြကောင်းတယ်လို့ဆိုြက်ပါတယ်။

သင်ဟာဘဝကို မျှတမှုရှိရှိ အေးအေးချမ်းချမ်းနေလိုသူပါ။ သင့်ဘေးက သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက သင့်ရဲ့ ဂရုစိုက်မှူ၊ သင့်ဆီက အကြံဉာဏ်ကိုလိုချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ သင်က မျှဝေခံစားပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လို့ပါ။

၂။ B ပုံစံအမျိုးအစားလက်မပိုင်ရှင်

အပေါ်အရစ်လေးက အောက်အရစ်ထက် ပိုပြီး ကြီးနေရင်တော့ သင်ဟာ ဇီဇာကြောင်တတ်တဲ့သူပါ။ သင့်ရဲ့ အတွေးတွေကိုပဲ အာရုံစိုက်တတ်ပါတယ်။ ဒါပေမယ့် သင်က ရိုးသားတယ်။ ပွင့်လင်းတယ်။ ကိုယ်ပြောတဲ့စကားအပေါ်လည်း ကိုယ်တာဝန်ယူမှုရှိတာကြောင့် လူတွေရဲ့ လေးစားမှူကို ခံရသူပါ။

၃။ C အမျိုးအစားလက်မပုံစံ

အောက်အရစ်က အပေါ်အရစ်ထက်ပိုပြီးကျယ်နေရင်တော့ သင်ဟာ အလုပ်ကြိုးစားတယ်။ လွယ်လွယ်နဲ့ အလျှော့မပေးတတ်ဘူး။ အခက်အခဲတွေကို အမြဲတမ်းရင်ဆိုင်တတ်တယ်။ ယုံကြည်မှုရှိတယ်။ တော်တယ်။ ဉာဏ်ရည်ထက်မြက်တဲ့သူဖြစ်ပါတယ်။ စိတ်ကိုရှင်းရှင်းထားတယ်။ ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လက်မကော့ကော့

လက်မကော့ကော့ပိုင်ရှင်လေးတွေက သင်ဟာ သင့်ရဲ့ စိတ်ခံစားလွယ်တဲ့သူဖြစ်ပါတယ်။ အနုပညာဆန်ပြီး တီထွင်ဆန်းသစ်မှူကောင်းတယ်။ ပြဿနာတွေကိုဖြေရှင်းတဲ့အခါ စိတ်ဝင်စားစရာနည်းလမ်းလေးတွေနဲ့ ဖြေရှင်းတတ်တယ်။

လက်မဖြောင့်ဖြောင့်

လက်မဖြောင့်တဲ့သူတွေက ခေါင်းမာတဲ့သူတွေပါ။ တခြားသူတွေက သင့်ကို ကျောက်ခဲလိုခေါင်းမာတယ်လို့ထင်ချင်ထင်ကြလိမ့်မယ်။ ဒါပေမယ့် သင်က ကတိတည်တဲ့သူတစ်ယောက်ဖြစ်တယ်။ ယုံကြည်အားကိုးရတဲ့သူဖြစ်ပါတယ်။

တခြားသူတွေက သင့်ရဲ့ ယုံကြည်မှူအပေါ် အခွင့်အကောင်းယူချင်ကြတယ်။ ဒါပေမယ့် သင်က ချက်ဆိုနားခွက်မီးတောက်ပြီး သင့်ကိုမထိခိုက်အောင် မှန်ကန်တဲ့နည်းလမ်းကိုရွေးချယ်တတ်တဲ့သူပါ။

စာဖတ်သူတို့ကရော ဘယ်လိုလက်မပိုင်ရှင်မျိုးလဲ။ စာဖတ်သူတို့ရဲ့ စိတ်နေသဘောထားလေးတွေကိုလည်း မှတ်ချက်ပြုခဲ့ပါဦး။

Source: www.brightside.me

By: MyStyle Myanmar