လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ အိပ်ကြပါတယ်။ စာဖတ်သူတို့ကော ဘယ်လိုပုံစံမျိုး အိပ်တတ်ပါသလဲ။ သင်အိပ်တတ်တဲ့ပုံစံတစ်ခုစီက သင့်အကြောင်းကို ပြောပြနေပါတယ်။

ကဲဒီတော့… ကိုယ်အိပ်တတ်တဲ့ပုံစံလေးနဲ့ ကိုယ့်အကြောင်းလေးကို ဖတ်ကြည့်လိုက်ပါနော်။

၁။ ကွေးကွေးလေးအိပ်တတ်တဲ့သူတွေ

Source: Runtastic

ကမ္ဘာပေါ်က လူဦးရေ ၄၁% ခန့်ဟာ အခုပုံစံမျိုး အိပ်တတ်ပါတယ်တဲ့။ ဖက်လုံး (သို့) ခေါင်းလုံးကို ဒူးကြားထဲညှပ်ပြီး ကွေးအိပ်တာပဲဖြစ်ဖြစ် ဒီအတိုင်းဘေးစောင်းပြီး ကွေးအိပ်တတ်တာပဲဖြစ်ဖြစ် ဒီလိုအိပ်တတ်တာဟာ အများအားဖြင့်တော့ အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိပါတယ်။

အပြင်ပိုင်းကကြည့်ရင်တော့ သိပ်မာကြောတယ်လို့ ထင်ရပေမယ့် အတွင်းစိတ်ပိုင်းမှာတော့ ရှက်တတ်ပြီး စိတ်ထိခိုက်လွယ်တဲ့သူတစ်ယောက်ပါ။ သင်ဟာ စီမံခန့်ခွဲမှုကောင်းတယ် တစ်နေ့တာ ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၂။ ဘေးစောင်းပြီး မတ်မတ်အိပ်တတ်တဲ့သူတွေ

သုတေသနပြုချက်အရ ကမ္ဘာပေါ်က လူဦးရေ ၁၅% ခန့်ဟာ ဘေးစောင်းပြီး ခန္ဓာကိုယ်တည့်တည့်ထား အိပ်တတ်လေ့ရှိပါတယ်တဲ့။ ဒီလိုအိပ်တတ်တဲ့သူတွေဟာ ယုံကြည်ရတဲ့ စိတ်နေသဘောထားမျိုးရှိသူတွေပါ။ သူတို့ဟာ ပွင့်လင်းတယ် ရည်ရွယ်ချက်ကြီးမားတဲ့သူတွေဖြစ်ပါတယ်။ ခေါင်းမာတယ်။ တခါတလေ အလွယ်တကူ အရှုံးပေးတတ်တဲ့စိတ်ရှိတယ်။ ဆိုရှယ်ကျတဲ့ ဘဝကို နှစ်သက်တဲ့သူဖြစ်ပြီး သူတို့ဟာ ပေါင်းသင်းရလွယ်ကူတဲ့သူတွေဖြစ်ပါတယ်။ ဖော်ရွေတယ်၊ ဂရုစိုက်တတ်တဲ့သူတွေဖြစ်ပြီး ထင်ရှားကျော်ကျားတဲ့သူဖြစ်ပါတယ်။

၃။ မှောက်လျက်အိပ်တတ်တဲ့သူတွေ

ကမ္ဘာပေါ်က လူဦးရေ ၇% ခန့်ဟာ အခုလို မှောက်လျက်နဲ့ ခေါင်းကိုတစ်ဖက်စောင်းပြီး အိပ်တတ်ပါတယ်။ ရဲရင့်တဲ့သူတွေ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေဟာ သင်ဘဝမှာ ကြုံတွေ့ရမယ့် ကိစ္စတော်တော်များများကို သင်မကိုင်တွယ်နိုင်ဘူးလို့ ယူဆထားသူတွေဖြစ်ပါတယ်။ မနေ့က မလုပ်ခဲ့လိုက်ရတဲ့အရာတွေအတွက် အမြဲတမ်းတွေးပြီး သောကရောက်နေတတ်သူလည်းဖြစ်ပြန်ပါတယ်။

၄။ ပက်လက်အိပ်တတ်တဲ့သူတွေ

Source: Sleep.org

ကမ္ဘာပေါ်က လူဦးရေ ၈ % ခန့်ဟာ အခုလိုပုံစံမျိုး အိပ်တတ်ပါတယ်။ အဲလိုလူတွေဟာ ဟောက်တတ်တဲ့သဘောရှိပါတယ်။ အခုလို အိပ်တတ်တဲ့သူတွေဟာ စိတ်ခံစားချက်ကို အလွယ်တကူမဖော်ပြတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ စံနှုန်းမြင့်တစ်ခုကို သတ်မှတ်ထားလေ့ရှိပါတယ်။

၅။ ခြေကား လက်မြောက်အိပ်တတ်တဲ့သူတွေ

ခြေထောက်ကားပြီး လက်ကိုအပေါ်မြောက်အိပ်တတ်တဲ့သူတွေဟာ သူများပြောတဲ့စကားတွေကို သေချာနားထောင်ပေးတတ်တဲ့သူတွေဖြစ်ပါတယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ အကူအညီလိုအပ်နေချိန်မှာ ကူညီပေးတတ်တဲ့သူတွေပါ။

၆။ ဘေးစောင်းပြီး လက်နှစ်ဖက်ကို အရှေ့ထုတ်အိပ်တတ်တဲ့သူတွေ

သူတို့တွေဟာ ပွင့်လင်းတဲ့သူတွေဖြစ်တယ်။ နည်းနည်းလေး အဆိုးမြင်စိတ်ရှိတယ်။ ဆုံးဖြတ်ချက်ချဖို့ နှေးကွေးတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ကို တစ်ကြိမ်လောက် ပြင်ဆင်လိုက်နိုင်ရင် အရာအားလုံးအဆင်ပြေသွားမှာပါ။

Featured Image Source: Reader’s Digest