နှုတ်ခမ်းလေးတွေကြည့်ပြီး ကျွန်မတို့တွေ အများအားဖြင့်ပြောတတ်ကြတာက နှုတ်ခမ်းပါးရင် နှုတ်သွက်တယ်၊ နှုတ်ခမ်းထူရင် စကားနည်းတယ်ဆိုပြီး ဖြစ်ပါတယ်။ သေချာကြည့်လိုက်မှ လူအမျိုးမျိုး နှုတ်ခမ်းပုံစံ အမျိုးမျိုးပါပဲနော်။

ကိုယ့်ရဲ့ နှုတ်ခမ်းပုံစံကို ကြည့်ပြီး ကိုယ့်အကြောင်းကိုအနည်းငယ်လောက် ဖတ်ကြည့်လိုက်ရအောင်။

၁။ နှုတ်ခမ်းထူထူ

နှုတ်ခမ်းသားထူထူ ပိုင်ရှင်တွေကတော့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်ပါတယ်။ တခြားသူကို အမြဲတမ်း ကူညီတတ်တယ်။ တိရစ္ဆာန်လေးတွေကို ချစ်တတ်တယ်။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာတယ်။ တခြားသူကိုလည်း ကူညီနိုင်စွမ်းရှိတယ်။ တခြားသူရဲ့ အခက်အခဲကိုလည်း အမြဲတမ်း စဉ်းစားပေးတတ်တယ်။ သင်ဟာ မိဘကောင်းတစ်ယောက်ဖြစ်မယ့်သူပါ။

၂။ အပေါ်နှုတ်ခမ်းပိုကြီးတဲ့ သူတွေ

သူတို့က ရိုးရှင်းပြီး ကျက်သရေရှိတယ်။ ဒါပေမယ့် အရမ်းခံစားတတ်တယ်။ ထက်မြက်တယ်။ ဒါပေမယ့် သူတို့ကို စိတ်နာအောင်တော့ သွားမလုပ်မိစေနဲ့။

၃။ အောက်နှုတ်ခမ်းက အပေါ်ထက် ပိုကြီးတဲ့သူတွေ

သူတို့တွေက ချစ်တတ်တယ်။ ပျော်တတ်တယ်။ စွန့်စားလိုစိတ်ရှိတယ်။ ရုံးမှာ အေးဆေးထိုင်နေရတဲ့အလုပ်တွေကို ပျင်းရိတတ်တယ်။ နေရာသစ်တွေကိုခရီးသွားဖို့ စိတ်ဝင်စားတယ်။ သူငယ်ချင်းအသစ်တွေကို စိတ်ဝင်စားတယ်။ သမာရိုးကျနေ့စဉ်ဘဝကို ငြီးငွေ့တတ်တယ်။ ဒါပေမယ့် သူတို့တွေဟာ ခေါင်းဆောင်ကောင်းတွေဖြစ်ပြီး တခြားသူကိုလည်း ဦးဆောင်နိုင်တယ်။

၄။ အပေါ်အောက် နှုတ်ခမ်းတူတဲ့သူတွေ (သို့) သာမန်နှုတ်ခမ်း

အပေါ်အောက် နှုတ်ခမ်း အထူအပါးတူတဲ့သူတွေကတော့ Common Sense ဆိုတဲ့ ဆဌမအာရုံရှိတယ်။ သူတို့ရဲ့ စိတ်က မျှတတယ်။ အခက်အခဲ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်သူတွေဖြစ်တယ်။ တခြားသူပြောတာကိုလည်း နားထောင်ပေးတတ်သူဖြစ်တယ်။ ဟာသဉာဏ်လည်းရှိသူတွေဖြစ်ပြီး ရယ်မောရတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။

၅။ နှုတ်ခမ်းပါးပါး

နှုတ်ခမ်းပါးပါးပိုင်ရှင်တွေက သီးသန့်နေရတာ ကြိုက်သူတွေပါ။ ဒါပေမယ့် တခြားသူတွေကို လေးစားမှုရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်ကိုလည်း သူတို့ တန်ဖိုးထားတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိတယ်။ သူတို့ရဲ့ ပြဿနာတွေကိုလည်း သူတို့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်။ နှုတ်ခမ်းပါးတဲ့သူတွေဟာ အဖော်မလိုပါဘူး။ သူတို့ဘာသာ သူတို့ တကိုယ်တည်းလည်း ပျော်နေတတ်သူတွေပါ။

၆။ အပေါ်နှုတ်ခမ်းပုံ V ပုံစံရှိသူတွေ

သူတို့တွေက တီထွင်ကြံဆမှုကောင်းတယ်။ အနုပညာရှင်ကောင်းတွေဖြစ်တယ်။ မှတ်ဉာဏ်ကောင်းပြီး လူတစ်ယောက်ရဲ့ မျက်နှာနဲ့ နာမည်ကို အချိန်အကြာကြီး မှတ်မိနေတတ်တယ်။ ဆိုရှယ်ကျတယ်။ လုပ်ငန်းခွင်မှာ အောင်မြင်တယ်။

၇။ အပေါ်နှုတ်ခမ်းပုံ ဝိုင်းဝိုင်း

သူတို့တွေက Sensitive ဖြစ်တဲ့ လူမျိုးတွေပါ။ ဒါပေမယ့် ကြင်နာတတ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ တခြားသူရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားတတ်သူဖြစ်တယ်။ ကမ္ဘာပတ်ရတာ သဘောကျတယ်။

၈။ အပေါ်နှုတ်ခမ်းပုံမရှိတဲ့သူတွေ

သူတို့က သူတို့ရဲ့ အလုပ်ကို ပြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ Deadline တွေပေးရင်လည်း အေးဆေး ပြီးအောင်၊ မှီအောင်လုပ်နိုင်တယ်။ မဖြစ်နိုင်တာကိုတောင် ဖြစ်နိုင်တယ်ဆိုပြီး အားတင်းတတ်သူတွေဖြစ်တယ်။ အားကိုးရသူဖြစ်တယ်။ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေက သူတို့တွေကို အားကိုလို့ရတယ်။ အလုပ်ကို အချိန်မှန်ပြီးတယ်။ ပြီးတော့ အရည်အသွေးလည်းကောင်တးယ်။

၉။ နှုတ်ခမ်းဖူးဖူး

သူတို့တွေက သူတို့ရဲ့ ပျော်ရွှင်မှု စိတ်ကျေနပ်မှုကို ဦးစားပေးသူတွေဖြစ်တယ်။ ဒါပေမယ့် နှုတ်ခမ်းဖူးသူတွေ အားလုံးတော့မဟုတ်ပါဘူး။ ကိုယ်ချင်းစာစိတ်ရှိတယ်။ ကတိတည်တယ်။ တခြားသူကိုလည်း ကူညီတတ်သူတွေပါ။

၁၀။ အပေါ်နှုတ်ခမ်းပါးသူတွေ

အပေါ်နှုတ်ခမ်းပါးသူတွေက စစ်မှန်တဲ့ခေါင်းဆောင်တွေပါ။ စည်းရုံးအားကောင်းတယ်။ တခြားသူရဲ့ ပြဿနာတွေကိုရော သူတို့ရဲ့ ပြဿနာတွေကိုပါ ဖြေရှင်းနိုင်တာကြောင့် အောင်မြင်တယ်။ အချစ်ရေးမှာတော့ သိပ်ကံမကောင်းတတ်ဘူး။

ကိုယ့်ရဲ့ နှုတ်ခမ်းပုံရော ဘယ်အထဲမှာ ပါဝင်မလဲ။ တိုက်ဆိုင်မှုတွေရှိရင်လည်းတစ်ခုခု ပြောခဲ့ပါဦး။