အဝတ်ဘီရိုထဲကို ကြည့်လိုက်ပါ။ အဝတ်အစား အားလုံးထဲတွင် သင့်မျက်လုံးမှာ ထင်းကနဲ့ပေါ်လာတဲ့ အရောင်တစ်မျိုးရှိပါလိမ့်မယ်။ လူတစ်ယောက်စီမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်တစ်မျိုးစီရှိနေတာဟာ သိပ်ပြီးထူးဆန်းတဲ့ ကိစ္စရပ်မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေဘယ်သူက ဘာအရောင်ကြိုက်သလဲဆိုတဲ့အပေါ်မှာမူတည်ပြီး သူတို့ရဲ့ ပင်ကိုစရိုက်ကို ပြောပြနိုင်ပါတယ်။

(၁) အနီရောင်

အနီရောင်ဟာ တက်ကြွစေတဲ့ အရောင်ဖြစ်ပါတယ်။ အနီရောင်ဟာ သင့်ကြိုက်ဆုံးအရောင်ဆိုရင် သင်ဟာ ရည်ရွယ်ချက်ကြီးမားတဲ့သူတစ်ယောက်ပါ။ ပြီးတော့ ဒေါသထွက်လွယ်တဲ့လူလည်းဖြစ်ပြန်တယ်။ တစ်ခုခုလုပ်မယ်ဆိုရင် အကြောက်အလန့်မရှိ လုပ်ရဲတဲ့စိတ်ရှိပြီး အသစ်အသစ်တွေကို လုပ်ချင်စိတ်ရှိတဲ့လူပါ။ ကိုယ်လိုချင်တဲ့အရာကို မရရအောင် ယူတတ်တဲ့ အကျင့်ရှိပြီး ရည်မှန်းချက်ကြီးတဲ့သူပါ။ အနီရောင် ကြိုက်နှစ်သက်တဲ့ လူတွေဟာ သစ္စာရှိကြပေမယ့် မကြာခဏဆိုသလို ခံစားချက်ကြောင့် ရုန်းကန်ရလေ့ရှိပါတယ်။

(၂) အပြာရင့်ရောင်

သင်ဟာ တော်ရုံတန်ရုံ ပြုံးလေ့မရှိသူပါ။ သင်ဟာ လူတစ်ယောက်ကို အလွယ်တကူယုံကြည်လေ့ရှိသူ မဟုတ်ပေမယ့် လူတွေကတော့ သင့်အပေါ် လွယ်လွယ်ကူကူ ယုံကြည်တက်ကြတယ်။ ပြီးတော့ သင်ဟာစိတ်ဖိစီးမူကို ကောင်းမွန်စွာ ကိုင်တွယ်တတ်သူတစ်ယောက်ဖြစ်ပြီး ကိုယ့်ရဲ့အရည်အချင်း ကို အပြည့်အဝ ယုံကြည်မှုရှိကာ လူတွေနဲ့ ကောင်းမွန်စွာ အလုပ်တွဲလုပ်နိုင်တဲ့သူဖြစ်ပါတယ်။

(၃) အဖြူရောင်

အဖြူရောင်ကို ကြိုက်နှစ်သက်ခြင်းဟာ လွတ်လပ်မှုကို လိုလားသူလို့ပြောလို့ရပါတယ်။ ပြီးတော့ ကမ္ဘာကြီးဟာ အခွင့်အရေးတွေနဲ့ ပြည့်နှက်နေပြီး ရည်မှန်ချက်ပန်းတိုင်ကို ရောင်အောင်သွားဖို့ အခက်အခဲမရှိဘူးလို့ ယုံကြည်ထားသူဖြစ်ပါတယ်။ သင်ဟာ အကောင်းမြင်စိတ်ရှိသူဖြစ်ပြီး ဒီအရာကပဲ သင့်ကို ဆွဲဆောင်မှုရှိစေတာပါ။

(၄) ခရမ်းရောင်

ခရမ်းရောင်ဟာ အနီရောင်နဲ့ အပြာရောင်ရောထားခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ခရမ်းရောင်ကို ကြိုက်နှစ်သက်တဲ့လူတွေဟာ စိတ်အားထက်သန်တယ်၊ ခံစားလွယ်တယ်၊ အေးဆေးတည်ငြိမ်တယ်၊ အစွန်းမရောက်ဘူး။ သူ့ရဲ့ ပင်ကိုယ်စရိုက်က ခန့်မှန်းရခက်တယ်။ သင်ဟာ စိတ်ဝင်စားမှုတွေကို လိုက်လံရှာဖွေနေတက်ပြီး တခြားလူတွေရဲ့ ရှုပ်ထွေးတဲ့ တုံ့ပြန်မှုတွေကို ဖြေရှင်းတက်တယ်။

(၅) ပန်းရောင်

ပန်းရောင်ဟာ သဘောသဘာဝဟာ နူးညံ့တယ် ပျော့ပြောင်းတယ်။ ပန်းရောင်ဟာ အနီရောင်နဲ့အဖြူရောင် ရောစပ်ထားခြင်းဖြစ်တယ်။ ဒါ့ကြောင့် ပန်းရောင်ကြိုက်နှစ်သက်တဲ့လူတွေဟာ လွတ်လပ်မှုကို မြတ်နိုးပြီး အေးဆေးတည်ငြိမ်တဲ့သူဖြစ်တယ်။ သင်ဟာ တစ်ပါးသူအပေါ် ကြင်နာတက်သူ ဖြစ်ပြီး ဒီစိတ်ကြောင့်ပဲ တခြားလူတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်းကို ခံရတက်ပါတယ်။

(၆) အစိမ်းရောင်

အစိမ်းရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ တခြားလူတွေရဲ့ လွှမ်းမိုးမှုကို မခံနိုင်ကြဘူး။ သူတို့တွေက တခြားလူတွေအပေါ်မှာပဲ အာဏာပြချင်တဲ့ လူတွေပါ။ သူတို့တွေဟာ သူတို့အတွက်ပဲ ကြည့်ကြတာများပါတယ်။

(၇) အဝါရောင်

အဝါရောင် ကြိုက်နှစ်သက်သူတွေဟာ အေးဆေးတည်ငြိမ်သူတွေဖြစ်ပြီး ဟာသဉာဏ်ရှိသူတွေဖြစ်ပါတယ်။ သူတို့တွေဟာ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေကို လိုလားသူတွေဖြစ်ပြီး ဒီလိုမျိုးခံစားချက်တွေပေးနိုင်တဲ့ relationship မျိုးကိုရှာဖွေနေသူဖြစ်ပါတယ်။ ဒီအရာတွေကပဲ ဘဝကို အဓိပ္ပာယ်ရှိစေတယ်လို့ သူတို့တွေက ယူဆထားကြတယ်။

(၈) အညိုရောင်

အညိုရောင် ကြိုက်နှစ်သက်သူတွေဟာ အလုပ်ကို သူတို့နည်းသူတို့ဟန်ဖြင့် လုပ်ရတာကို ပိုသဘောကျကြတယ်။ သူတို့တွေဟာ တခုခုဆိုရင် အလျင်စလို လုပ်လေ့မရှိကြဘူး။ အေးဆေးတည်ငြိမ်စွာ ကိစ္စရပ်တွေကို ကိုင်တွယ်လုပ်ဆောင်တက်ကြတယ်။

(၉) မီးခိုးရောင်

မီးခိုးရောင် ကြိုက်သူအများစုဟာ အခြားလူတွေ သူတို့ကို အာရုံစိုက်မိလာမှာကို မလိုလားသူဖြစ်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လူသိအောင်မလုပ်ပြပဲ ပြီးမြောက်အောင်မြင်အောင် လုပ်ချင်စိတ်ရှိတဲ့လူတွေဖြစ်တယ်။

(၁၀) အနက်ရောင်

အနက်ရောင်ဟာ ပြီးပြည့်စုံခြင်း ရင့်ကျက်ခြင်းကို ကိုယ်စားပြုတဲ့အရောင်ပါ။ အနက်ရောင်ကြိုက်နှစ်သက်တဲ့လူတွေဟာ လျှို့ဝှတ်ချက်တွေ များများစားစားထားလေ့မရှိပါဘူး။ ပြီးတော့ ခံစားချက်တွေကိုလည်း တခြားလူတွေကို မျှဝေလေ့မရှိဘူး။ သူတို့တွေဟာ ကံကြမ္မာကို ဆန့်ကျင်ဖို့ ကြိုးစားရဲတဲ့လူတွေပါ။

Source: Bright Side
Photo : Shutterstock