အနီ၊ အစိမ်း၊ လိမ္မော်၊ ခရမ်း၊ အဝါ၊ အဖြူ။ အမဲ၊ ပန်း၊ အပြာနဲ့ အညိုရောင်တွေဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အပူချိန်နဲ့ တိုက်ရိုက်ဆက်စပ်နေကြတဲ့ အရောင်တွေပဲဖြစ်ပါတယ်။ သင့်အကြိုက်ဆုံးအရောင်က တစ်ခုထက်ပိုခဲ့မယ်၊ နှစ်ခုဖြစ်နေခဲ့မယ်ဆိုရင်တော့ ကိုယ့်ပင်ကိုယ်အရည်အသွေးနဲ့ စရိုက်တွေကို နှိုင်းယှဉ်ပြီး ဘယ်အရောင်က ကိုယ်နဲ့အကိုက်ဆုံးဖြစ်မလဲဆိုတာကို ရွေးရှာကြည့်လို့ရပါတယ်နော်….

၁။ အနီ

အနီရောင်ကြိုက်တဲ့သူတွေဟာ စိတ်ဓာတ်အားကောင်းသူတွေ၊ စိတ်ဓာတ်မာကြသူတွေဖြစ်ပါတယ်။ အပြောထက် အလုပ်နဲ့ သက်သေပြတတ်ကြ သူမျိုးပါ။

၂။ အစိမ်း

အစိမ်းရောင်ကြိုက်သူတွေက ငြိမ်းချမ်းတယ်။ မျှော်လင့်ချက်ကြီးမားတယ်။ မျှမျှတတတွေးခေါ်တတ်ကြပြီး ကိုယ်ဘေးနားကသူတွေအားလုံးအပေါ် မေတ္တာတရားထားနိုင်ကြသူတွေ ဖြစ်ပါတယ်။

၃။ အဝါ

ဉာဏ်ပညာကြီးမားပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေကတော့ အဝါရောင်ကို ကြိုက်ကြပါတယ်။ ၎င်းတို့ဟာ နွေးထွေးမှုရှိပြီး ဂရုစိုက်တတ်ကြသူတွေလည်းဖြစ်ပါတယ်။

၄။ အပြာ

အပြာကိုနှစ်သက်သူတွေဟာ အတွင်းစိတ်အေးချမ်းပြီး ပျော်ရွှင်တတ်ကြသူတွေဖြစ်တယ်။ စဉ်စားဆင်ခြင်ဉာဏ်ရှိပြီး သစ္စာတရားကြီးမားသူ၊ စိတ်ရှည်သည်းခံတတ်သူတွေ ဖြစ်ကြတယ်။

၅။ အမဲ

အမဲရောင်ကြိုက်သူတွေကတော့ ဆွဲဆောင်မှုရှိပြီး နားလည်ရခက်သူတွေဖြစ်တယ်။ ဦးဆောင်နိုင်စွမ်းရှိပြီး သိုဝှက်တတ်ကြတဲ့အပြင် တွေးခေါ်နိုင်စွမ်းအား ကြီးမားသူတွေလည်း ဖြစ်ကြတယ်။

၆။ လိမ္မော်

လွတ်လပ်မှုကိုနှစ်သက်ပြီး သဘောထားကြီးမားတဲ့သူအများစုကတော့ လိမ္မော်ရောင်ကို ကြိုက်ကြပါတယ်။ တက်ကြွလွန်းနေတဲ့ ၎င်းတို့ပုံစံကြောင့် တစ်ခါတလေ အပေါင်းအသင်းတွေကြားထဲမှာ အထီးကျန်နေရတတ်ပါတယ်။

၇။ ပန်းရောင်

ပန်းရောင်ကြိုက်တဲ့သူတွေဟာ ပေါင်းသင်းဆက်ဆံရလွယ်ကူပြီး ရိုမန်တစ်ဆန်တတ်သူ၊ ဂရုစိုက်ပေးတတ်သူတွေ ဖြစ်ကြပါတယ်။ ကြင်နာတတ်ပြီး နှစ်လိုဖွယ်ကောင်းကြတဲ့အပြင် ထိရှခံစားလွယ်သူတွေလည်း ဖြစ်ပါတယ်။

၈။ အညိုရောင်

သက်တောင့်သက်သာနေထိုင်တတ်သူတွေ၊ အေးအေးဆေးဆေးနေတတ်သူတွေနဲ့ တည်ငြိမ်သူတွေကတော့ အညိုရောင်ကို ကြိုက်ကြပါတယ်။ ဘဝကို အရိုးရှင်းဆုံးဖြတ်သန်းတတ်ကြသူတွေလည်း ဖြစ်ပါတယ်။

၉။ အဖြူ

အဖြူရောင်ကြိုက်သူတွေဟာ အကောင်းမြင်ဝါဒရှိပြီး ၎င်းတို့ရဲ့ဘဝကို ဘယ်အရာကြောင့်မှ အစွန်းထင်းမခံနိုင်ကြသူတွေပဲ ဖြစ်ပါတယ်။ ၎င်းတို့ဟာ စိတ်ခံစားချက်ထက် ဦးနှောက်ကို ဦးစားပေးတတ်ကြသူတွေလည်း ဖြစ်ပါတယ်။

၁၀။ ခရမ်း

ခရမ်းရောင်ကြိုက်သူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ဉာဏ်ရည်ထက်မြက်သူတွေ ဖြစ်ကြပါတယ်။ အမြင့်ဆုံးကို တက်လှမ်းဖို့အတွက် အမြဲတစေ ကြိုးစားအားထုတ်နေကြသူတွေလည်း ဖြစ်ပါတယ်။

Photo  Source; Pinterest