မိန်းကလေးတွေကို ဘယ်ပန်းကြိုက်လဲ မေးရင် သူတို့ရဲ့ အဖြေက တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။ သင်ကြိုက်ပြီး ရွေးချယ်လိုက်တဲ့ ပန်းအမျိုးအစားကနေ တဆင့် သင်ဘယ်လို ဝတ်ဆင်လေ့ရှိလဲ ခန့်မှန်းနိုင်ပါတယ်။ ဒီတော့ သင်ကဖော်ပြပါ ပန်းတွေထဲက ဘယ်ပန်းရွေးမလဲ??

နှင်းဆီ

သင်က Classic ကျကျ ဖက်ရှင်ပုံစံကို နှစ်သက်တတ်ပြီး ဖယောင်းတိုင်ထွန်းပြီး စားရတဲ့ Romantic dinner တွေကို နှစ်သက်လေ့ရှိသူ ဖြစ်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ စတိုင်၊ အထက်တန်းကျကျ စတိုင်တွေကို တန်ဖိုးထားသူပါ။

ဇီဇဝါ

သင်က စိတ်ဝင်စားဖို့ ကောင်းတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ခရီးသွားရတာကို ဝါသနာ ပါ ပါတယ်။ အင်္ကျီအပွတွေနဲ့ Pattern လှတဲ့ အဆင်တွေက သင့်အကြိုက်တွေပါ။

ကြာပန်း

သင်က ကျက်သရေရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ သင့်ကို လူအများစုက လေးစားလေ့ရှိပါတယ်။ သင့်စတိုင်က တည်တည်ငြိမ်ငြိမ် စတိုင်ဖြစ်ပြီး သင်လာတိုင်း လူတွေက လည်ပြန်လှည့်ကြည့်လေ့ရှိပါတယ်။

သစ်ခွပန်း

သင့်မှာ သူငယ်ချင်း အနည်းငယ်ပဲ ရှိပေမယ့် ဒီသံယောဇဉ်က ကြီးမားပါတယ်။ သင်က သင့်ပုံပန်းသွင်ပြင်ကို ဂရုစိုက်လေ့ရှိပြီး ပေါ့ပေါ့ပါးပါး ဝတ်ဆင်တတ်သူပါ။

ဒေစီ

ဒေစီ Lover တွေက အမြဲ အကောင်းမြင်စိတ် ရှိသူတွေ ဖြစ်ပါတယ်။ သင့်အနားမှာ ရှိတဲ့သူတွေကို သင်က အမြဲ ပျော်စေပါတယ်။ သင်က သူငယ်ချင်း အများကြီး ပိုင်ဆိုင်ထားပြီး စတိုင်အနေနဲ့တော့ Minimalist စတိုင်ကို ပိုင်ဆိုင်ထားပါတယ်။

ဇော်မွှားပန်း

သင်က အထက်တန်းကျကျ စတိုင်မျိုး ဝတ်လေ့ရှိပေမယ့် ရံဖန်ရံခါ Trend ဖြစ်နေတဲ့ စတိုင်တွေကိုလည်း သင့်ဆီမှာ မြင်ရတတ်ပါတယ်။

ဘိန်းပန်း

ဘိန်းပန်းကတော့ ပျော်ရွှင်ကြည်နူးမှုကို ကိုယ်စားပြုပါတယ်။ သင်က ဖက်ရှင်စတိုင်နဲ့ ပတ်သက်ရင် အမြင်ရှိပြီး လှအောင် ဝတ်တတ်သူပါ။

ဂန္ဓမာပန်း

သင်က စူးစမ်းလေ့လာနေသူတစ်ဦး ဖြစ်ပြီး သင့်စတိုင်ကလည်း ဒါကို ကိုယ်စားပြုနေတတ်ပါတယ်။ သင်က ဘယ်လိုပုံစံ ဝတ်လာမလဲ ခန့်မှန်းရခက်တတ်ပါတယ်။

Violet

သင်က Violet ပန်းကို ရွေးလိုက်တာ ဆိုရင်တော့ သင့်စတိုင်က Minimalist စတိုင်ပါ။

Source: Allwomenstalk

by MyStyle Myanmar