အခုနောက်ပိုင်း Pile ရွေးတာက လူငယ်တွေကြား ရေပန်းစားလာတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အရာက အမှန်တကယ်လည်း ကိုယ့်အကြောင်းကို ပြောပြနိုင်ပါတယ်။ Tarot အကြောင်း သိနားလည်သူတွေလည်း ပိုများလာပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်နှစ်သက်တဲ့ အရောင်ကနေ သင့်အကြောင်းကို ခန့်မှန်းနိုင်ဖို့ ဖော်ပြပါရစေ။ သင့်သူငယ်ချင်းတွေကိုလည်း ရွေးချယ်ခိုင်းပြီး သူတို့အကြောင်း သင်က ခန့်မှန်းနိုင်ပါသေးတယ်။ ဒီတော့ ရွေးလိုက်ရအောင်-

အစိမ်း

ဒီအစိမ်းရောင်လေးကို ရွေးလိုက်ရင်တော့ သင်က စမတ်ကျကျ နေထိုင်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ စကားဖောင်ဖွဲ့ပြောတတ်ပြီး တခြားသူတွေကို ဂရုစိုက်တတ်ကြပါတယ်။ အကူအညီလိုနေသူတွေကို အမြဲကူပေးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။

Beige

Beige အသားအရောင်ကို နှစ်သက်သူ ဆိုရင်တော့ သင်က အေးအေးဆေးဆေး သမား ဖြစ်ပါတယ်။ အရှက်အကြောက်ကြီးပြီး ကြင်နာတတ်ပါတယ်။ အေးအေးဆေးဆေး သမားပေမယ့် ပျော်ပျော်နေတတ်သူ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ရင်လည်း ရယ်စရာဟာသတွေ ပြောတတ်ပါတယ်။

Lavender

Lavender ခရမ်းရောင်လေးကို ရွေးရင်တော့ သင်က လူတွေကြားထဲ Popular ဖြစ်သူ ဖြစ်ပါတယ်။ တက်တက်ကြွကြွ အမြဲနေတတ်ပြီး အသံသြဇာကောင်းကောင်းနဲ့ စကားပြောတတ်သူ ဖြစ်ပါတယ်။ ဘဝကို ပျော်ပျော်ဖြတ်သန်းတတ်သူ ဖြစ်ပါတယ်။

အနက်ရောင်

သင်က အရောင်တွေထဲက အနက်ရောင်ကို ရွေးလိုက်တာ ဆိုရင်တော့ သင်က ဆတ်ဆတ်ထိမခံတဲ့ Sensitive သမား ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်တတ်သူ ဖြစ်ပြီး ကြင်နာတတ်သူ ဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှား နေရတာ ကြိုက်သူဖြစ်ပြီး အားကစားတော်သူ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar