Period ဆိုတာမိန်းကလေးတိုင်းရဲ့ အရေးကြီးတဲ့အချိန်ကာလဆိုရင်လည်း မမှားပါဘူး။ အရေးပေါ်ဆိုတဲ့ ကိစ္စမျိုးတွေလည်း ဖြစ်လာနိုင်သလို၊ ကျန်းမာရေးအရ ဂရုစိုက်သင့်တဲ့အရာလေးတွေလည်း ရှိနေတာကြောင့် ဒီအကြောင်းအရာလေးကို ပျိုမေတို့အတွက်ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ Period အချိန်တိုင်းက ဘယ်လောက်တောင်ခက်ခဲလဲဆိုတာလည်း မိန်းကလေးတွေပဲနားလည်နိုင်တာပါ။

အရေးကြီးတာကိုဆောင်ထားဖို့လိုပါပြီ

Source: Tatahub

ဘယ်သူမှတော့ရက်အတိအကျကြီးမလာပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ရက်လေးနီးကပ်လာပြီဆိုရင်တော့ ပျိုမေတို့ရဲ့လွယ်အိတ်ထဲမှာ Pads တွေကိုဆောင်ထားသင့်ပါပြီ။ ဒါမှလည်း အပြင်တွေရောက်နေတဲ့အချိန်မှာ အရေးပေါ်ဆိုတာမျိုးဖြစ်လာခဲ့ရင် ဘာမှစိတ်ပူနေစရာမလိုတော့ဘူးပေါ့။

အကိုက်ခဲပျောက်ဆေး

Photo Source : doctorsonly

ဒီလိုအချိန်မျိုးမှာ ခံစားရတဲ့နာကျင်ကိုက်ခဲမှုတွေက တကယ်ကိုခံစားရခက်ပြီး စိတ်ကလည်း မကြည်လင်နေတဲ့အချိန်နဲ့ဆိုတော့ ပိုပြီးတော့ဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် အကိုက်ခဲပျောက်ဆေးကို သင့်အိတ်ထဲမှာ မဖြစ်မနေဆောင်ထားသင့်တယ်နော်။

သင်ကြိုက်တဲ့ရေမွှေးနံ့

Photo Source: sweet fern

မိန်းကလေးတော်တော်များများက သူတို့ရဲ့ Period ချိန်တွင်းမှာ မလန်းဆန်းဘူး၊ မသန့်ရှင်းဘူးလို့ထင်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ခန္ဓာကိုယ်ကလည်းမွှေးကြိုင်နေမှ စိတ်လည်းလန်းဆန်းနိုင်မှာဆိုတာ့ သင်ကြိုက်တဲ့ရေမွှေးပုလင်းသေးသေးလေးတွေကို အိတ်ထဲမှာဆောင်ထားပေးသင့်ပါတယ်နော်။

ကော်ဖီထုပ်

Photo Source : Eater NY

ကော်ဖီဆိုတာ လူတိုင်းကြိုက်နှစ်သက်တဲ့အရာဖြစ်တာကြောင့် သင်လည်းကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ကော်ဖီကအများကြီးသောက်လွန်းရင်တော့ ကျန်းမာရေးကိုထိခိုက်စေနိုင်လို့ ဂရုတော့ပြုစေချင်ပါတယ်။ ကဖင်းဓာတ်က ဦးနှောက်ကိုကြည်လင်လန်းဆန်းစေတာကြောင့် စိတ်တွေရှုပ်ထွေးနေတဲ့ ဒီလိုအချိန်မျိုးမှာ ကော်ဖီသောက်ပေးဖို့အတွက် ကော်ဖီထုပ်လေးကို သင့်အိတ်ထဲမှာထည့်ထားနော်။

မုန့်ထုပ်လေးတွေ

Photo Source : Shape Magazine

ဒီလိုမျိုး Period ချိန်တွင်းမှာ ဗိုက်ခဏခဏဆာတာမျိုးတွေ ဖြစ်တတ်တာကြောင့် သင့်အိတ်ထဲမှာ သင်ကြိုက်တတ်တဲ့မုန့်လေးတွေကို သိမ်းထားဖို့တော့လိုမယ်နော်။

ဒါတွေကတော့ မိန်းကလေးတိုင်း Period ဖြစ်ခါနီးအချိန်တိုင်းမှာ သတိတရနဲ့ အိတ်ထဲမှာဆောင်ထားသင့်တဲ့ မရှိမဖြစ်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ ပျိုမေတို့လည်း Period ချိန်တွေကို ပေါ့ပေါ့ပါးပါးနဲ့ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒါတွေကိုဆောင်ထားလိုက်တော့နော်။