မိန်းကလေးတိုင်းက အသားအရေလှပပြီး ကောင်းမွန်ချင်လွန်းလို့ Skin Care တွေလုပ်၊ အသားအရေတွေကို ထိန်းသိမ်းနေတဲ့အချိန်မှာ အရင်ထဲက အသားအရေ ကောင်းပြီးသား သူတွေကတော့ အေးဆေးပဲပေါ့။ သူများတွေ ကြိုးစားနေသလိုမျိုး ကြိုးစားစရာမလိုပဲ ပင်ကိုအသားအရေကောင်းနေတဲ့ သူမျိုးတွေလည်းရှိပါတယ်။

ဒါပေမယ့် အသားအရေကောင်းပြီးသား ပျိုမေတို့ကို ပြောပြပေးချင်တာက ကိုယ်ကအသားအရေ ကောင်းပြီးသားဆိုပြီး ဘာမှလုပ်စရာမလိုဘူး ဂရုစိုက်ပေးနေစရာတွေမရှိဘူးလို့ မထင်လိုက်ပါနဲ့။ အသားအရေကောင်းနေပေမယ့်လည်း ဒီလိုနေရာတွေမှာ ဂရုမစိုက်ပေးနေရင် အသားအရေကို တဖြည်းဖြည်း ပျက်စီးလာစေမှာပါ။

Sunscreen ကိုနေ့တိုင်းလိမ်းပေးဖို့လိုပါတယ်

ကိုယ့်အသားအရေက ကောင်းပြီးသားမို့လို့ အပြင်ထွက်တဲ့အခါတွေမှာ Sunscreen ကိုလိမ်းပေးဖို့ မလိုလောက်ဖူးဆိုတဲ့ အတွေးတွေကိုဖယ်ထုတ်ထားလိုက်ပါ။ ဘယ်လိုအသားအရေမျိုးမဆို နေရောင်ခြည်ထဲမှာပါဝင်နေတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အချိန်တိုင်းမှာ Sunscreen ကိုလိမ်းပေးဖို့မမေ့သင့်ပါဘူး။

လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်

အသားအရေကောင်းဖို့ကို လေ့ကျင့်ခန်းလုပ်ပေးစရာ လိုလို့လားလို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ တကယ်တော့ အသားအရေကောင်းဖို့အတွက် လေ့ကျင့်ခန်းကလုပ်ပေးသင့်ပါတယ်။ မနက်ပိုင်းမှာ ပြေးတဲ့လေ့ကျင့်ခန်းမျိုး လုပ်ပေးတာက ကယ်လိုရီတွေကိုလောင်ကျွမ်းစေရုံသာမကပဲ သွေးလှည့်ပတ်မှုလည်း ကောင်းသွားတာကြောင့် အသားအရေကိုကြည်လင်လာစေမှာပါ။

မိတ်ကပ်နဲ့ဘယ်တော့မှမအိပ်ပါနဲ့

မိတ်ကပ်ဖျက်တယ်ဆိုတာ ဘယ်လောက်မှအချိန်ပေးရတဲ့ ကိစ္စလည်းမဟုတ်တာကြောင့် အိပ်ခါနီးအချိန်တိုင်းမှာ မိတ်ကပ်တွေကို သေချာသန့်စင်ပြီးမှအိပ်သင့်ပါတယ်။ ဘယ်လောက်ကောင်းမွန်နေတဲ့ အသားအရေမျိုုးဖြစ်နေပါစေ မိတ်ကပ်အကြွင်းကျန်တွေကြောင့်ဖြစ်တဲ့ ဘက်တီးရီးယားတွေက မျက်နှာအသားအရေကိုပျက်စီးလာစေနိုင်ပါတယ်။

ကောင်းမွန်တဲ့အစားစာတွေကိုစားပါ

ဝက်ခြံတွေကိုဖြစ်စေဖို့ တွန်းအားပေးနေတဲ့ အစားစာမျိုးတွေကို ရှောင်နိုင်သလောက်ရှောင်ရင် အကောင်းဆုံးပါပဲ။ ဆီကြော်မုန့်တွေ၊ ငံတဲ့အစားစာတွေ၊ စပ်လွန်းတဲ့အစားစာတွေက အသားအရေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ပျက်စီးလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ရေဓာတ်ပြည့်ဝစေနိုင်ပြီး အသားအရေကိုလည်းကြည်လင်စေမယ့် အရည်ရွှမ်းတဲ့ အသီးအနှံမျိုးတွေကို များများစားပေးသင့်ပါတယ်နော်။

Photo Source: Pinterest