သူငယ်ချင်းကောင်းတွေကို ပိုင်ဆိုင်ထားတာဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာကို ရထားတာနဲ့တူပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်တွေနီးပါး ယုံကြည်စိတ်ချရတဲ့အပြင် ကိုယ့်ကို ဆိုးတူကောင်းဖတ်၊ ခံလည်းအတူတူ၊ စံလည်းအတူတူ ဒုက္ခသုခတွေကို မျှဝေကြတဲ့သူတွေဖြစ်ပါတယ်။ ဘယ်တော့မှ ပျော်ဆုံးမသွားတော့မယ့် လက်ဆောင်တစ်ခုကို ပိုင်ဆိုင်ထားရတာပါပဲ။

လူအများစုက သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းကောင်းတွေကို ရေရှည် ထိန်းမထားနိုင်ကြပါဘူး။ အကြောင်းရင်းတွေအမျိုးမျိုး ရှိနေနိုင်ကြပေမယ့် ကိုယ်တကယ် ချစ်ခင်ရတဲ့သူငယ်ချင်းတွေကို ဘဝတစ်လျှောက်လုံး ခင်မင်မှုရှိနေဖို့ကတော့ အရေးကြီးပါတယ်။ အဲဒီလို ရေရှည်ဆက်ဆံမှုမျိုးရှိဖို့ရန်အတွက် ကိုယ်လုပ်ရမယ့် အချက်ကလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ တစ်ယောက်နဲ့တစ်ယောက် ကူညီပါ။

ကိုယ်ကချည်း သူလိုအပ်ရင် ကူညီနေရတာမျိုးက ရေရှည်အတွက် မကောင်းနိုင်ပါဘူး။ သူကချည်းပဲ ကိုယ့်လိုအပ်ရင် လာကူပေးနေရတာကလည်း ကောင်းသော အခြင်းအရာမဟုတ်ပြန်ပါဘူး။ အပြန်အလှန် တစ်ယောက်က လိုအပ်ရင် ကူညီပေးတာမျိုးဖြစ်သင့်ပါတယ်။ တစ်ဖက်တည်း မဖြစ်ရပါဘူ။ အဲဒီလို အကူအညီပေးကြတဲ့အခါမှာလည်း တကယ်စိတ်ထားပြည့်ပြည့်ဝဝနဲ့ ကူညီပေးတယ်ဆိုတာ သူတို့သိအောင် ပြပါ။ သို့မှသာ အပြန်အလှန် ယုံကြည်မှုခိုင်မြဲပါလိမ့်မယ်။

၂။ တစ်ယောက်သဘောထားတစ်ယောက် လက်ခံတတ်ဖို့လိုပါတယ်။

ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး အတွေးအခေါ်၊ အပြုအမူတွေ မတူညီနိုင်ပါဘူး။ ကိုယ်ပြောချည်းလည်း အမှန်မဟုတ်နိုင်သလို သူတို့ပြောတာလည်း တစ်ခါတစ်လေး မှားနိုင်ပါတယ်။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဖြစ်လာတဲ့အခါ ရန်သူတွေဖြစ်သွားဖို့ မလိုအပ်ပါဘူး။ ပိုကောင်းတဲ့ အရာတွေဖြစ်လာအောင် အမြင်တွေ ဆွေးနွေးဖလှယ်ကြတာမျိုးလုပ်ခြင်းအားဖြင့် ညှိယူလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမြင်သာမှုရှိဖို့ကသာ အရေးကြီးတာပါ။

၃။ သူတို့အပေါ် ဂရုစိုက်ပါ။

ဂရုစိုက်မှုပေးတာဟာ သူငယ်ချင်းတွေ ကြားမှာ အလုပ်သင့်ဆုံးသော အရာပါ။ ကိုယ့်ကချည်း ကိုယ်လုပ်ချင်တာ ဇွတ်လုပ်နေလို့ကတော့ သူတို့အတွက် မတရားဘူး မဟုတ်လား။ သူတို့ဖြစ်ချင်တာတွေကိုလည်း ကိုယ်က ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတဲ့သူအနေနဲ့ ကိုယ့်ကိုယ်ကို သဘေားထားဖို့လိုအပ်ပါတယ်။

၄။ သင်ယူဖို့ အားပေးပါ။

ကိုယ့်သူချင်းတွေရဲ့ ဘဝကို ပိုပြီးတိုးတက်ကောင်းမွန်သွားအောင် လုပ်ပေးဖို့ သင့်မှာ တာဝန်ရှိပါတယ်။ သူတို့ရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ရလဒ်ကောင်းတွေပိုင်ဖို့ များစွာ ကူညီပေးနိုင်အောင် ကြိုးစားပါ။ တစ်ယောက်ရဲ့ ဘဝ မြင့်မားလာမှာ နောက်တစ်ယောက်ရဲ့ ဘဝက ပိုပြီးကောင်းဖို့ အလားအလာများစွား ရရှိမှာပဲ ဖြစ်ပါတယ်။