ချမ်းအေးတဲ့ရာသီဥတုအတွက် Hoodie တစ်ထည်က နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ ဖက်ရှင်ချစ်သူများကတော့ ချမ်းအေးတဲ့ ရာသီဥတုတစ်ခုတည်းတွင် မဟုတ်ပါဘူး။ ပူအိုက်တဲ့အချိန်မှာလည်း ရှိုးထုတ်ချင်တဲ့အခါ အပူခံပြီးတော့ကို Hoodie အင်္ကျီနဲ့ ရှိုးထုတ်လေ့ရှိကြပါတယ်။

လူငယ်မှမဟုတ်ပါဘူး။ သက်လတ်ပိုင်းများသည်လည်း Hoodie တစ်ထည်လောက် ဆောင်ထားသင့်ပါတယ်။

Hoodie ဝယ်မယ်ဆိုရင်လည်း တွေ့ကရာ Hoodie ကို ပြီးပြီးရောဆိုပြီး မဝယ်ဘဲ အခုဖော်ပြမယ့်အချက်များကို ထည့်သွင်းစဉ်းစားကာ ဝယ်ယူသင့်ပါတယ်။

ဆိုဒ်အရွယ်အစား

Hoodie တစ်ထည်ဝယ်တော့မယ်ဆို သင့်ရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့ ကွက်တိကျတာကို ဝယ်မှာလား။ ဒါမှမဟုတ် ပွပွယောင်းယောင်း Hoodie တွေ ဝယ်မှာလည်းဆိုတာကို အရင်ဆုံးစဉ်းစားပါ။

ပွယောင်းတဲ့ Hoodie များကတော့ ပေါ့ပါးလွတ်လပ်မှုအသွင်ကို ပေးစွမ်းပြီး ကွက်တိကျတဲ့ Hoodie များကတော့ ရုံးတက်ရုံးဆင်းအတွက်လည်း အဆင်ပြေတာကြောင့် ရုံးသမားများနဲ့လည်း သင့်တော်ပါတယ်။

Hoodie အသား

ဈေးကြီးပေးဝယ်ရတဲ့ Hoodie များကတော့ အရည်အသွေးကောင်းပြီး သက်သောင့်သက်သာဖြစ်စေတဲ့အပြင် အသားကလည်း ကြမ်းတမ်းမနေဘဲ နူးညံ့နေတာကို တွေ့မြင်ရပါလိမ့်မယ်။

Hoodie အမျိုးအစားများ

Hoodie အမျိုးအစားကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဇစ်တပ်ထားတဲ့ Hoodie နဲ့ ခေါင်းကနေ စွပ်ချရတဲ့ Hoodie ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဇစ်ပါတဲ့ Hoodie ရဲ့အားသာချက်ကတော့ လူကြားထဲမှာ ဝတ်ဆင်တဲ့အခါ အလွယ်တကူဝတ်ဆင်နိုင်ပြီး ခေါင်းကနေစွပ်ချရတဲ့ Hoodie ကျတော့ သင့်ဆံပင်ကို ပုံပျက်သွားစေနိုင်ပါတယ်။

အလေးချိန်ကိုလည်း ထည့်စဉ်းစားပါ

အချို့ Hoodie တွေက အင်မတန်လေးလံလွန်းလှပါတယ်။ လေးလံလွန်းတဲ့ Hoodie တွေက သင့်ကို သက်သောင့်သက်သာမဖြစ်စေတာကြောင့် မဝယ်ယူသင့်ပါဘူး။ ဒါ့ကြောင့် Hoodie ဝယ်ဖို့အတွက် အကောင်းဆုံးအကြံပေးချင်တာကတော့ အွန်လိုင်းက ဝယ်မယ့်အစား ကိုယ်တိုင်ကိုယ်ကျ ဆိုင်ကပဲ ဝယ်လိုက်ဖို့ပါပဲ။