မင်္ဂလာပါနော်။ တော်တော်များများကတော့ အဆီပိုမရှိ ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်မျိုးရဖို့ ဝိတ်ချနည်း အမျိုးမျိုးကို စမ်းလုပ်ကြည့်ဖူးကြမှာပါ။ သင်က ဝိတ်ချတဲ့အခါ လနဲ့ချီပြီး ချရတာထက် မြန်မြန်ဆန်ဆန်နဲ့ သိသာတဲ့ရလဒ်မျိုးကို လိုချင်တဲ့သူဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်တွေကို လုပ်ကြည့်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာ ကျန်းမာရေးနဲ့အညီ အချိန်နှစ်ပတ်လောက်ပေးရုံနဲ့ ကိုယ်အလေးချိန် ပေါင် ၂၀ အထိကျသွားဖို့ ကူညီပေးမယ့် အလေ့အကျင့်ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေသောက်ပါ


ဝိတ်ချတဲ့ ၁၄ ရက်အတွင်းမှာ အချိုရည်တွေ၊ ကော်ဖီတွေကိုရှောင်ပြီး ရေတစ်မျိုးထဲကိုပဲ ပုံမှန်သောက်ပေးရပါမယ်။ ကယ်လိုရီနည်းလေ ဝိတ်အမြန်ကျလေဖြစ်တာမို့ ကယ်လိုရီမပါဝင်တဲ့ ရေကို တစ်နေ့ နှစ်လီတာလောက် အနည်းဆုံးထားပြီး သောက်ပေးပါ။ သင့်ကို ခဏခဏ ဗိုက်မဆာအောင်လည်း ထိန်းပေးပါလိမ့်မယ်။

၂။ Carbohydrate များတာတွေ လျှော့စားပါ

Photo Source: 4rbh.org

များသောအားဖြင့် ထမင်း၊ ပေါင်မုန့်၊ အာလူး ၊ ပြောင်းဖူးစတဲ့ အစားအစာတွေက Carbohydrate များတာမို့ သင့်ကို ခန္ဓာကိုယ်ပြည့်ပြီး ဗိုက်ပူလာစေမှာပါ။ ရက်ပိုင်းအတွင်း ဝိတ်အမြန်ကျဖို့ဆိုရင် Carbohydrate အစားအသောက်တွေနေရာမှာ အသီးအရွက်နဲ့ ပရိုတင်းဓာတ်တွေ အစားထိုးပေးရပါမယ်။

၃။ ကခုန်ပေးရတဲ့ Cardio လေ့ကျင့်ခန်းလုပ်ပေးပါ


နှစ်ပတ်အတွင်း ထိထိရောက်ရောက်ဝိတ်ကျဖို့ ကယ်လိုရီများများလောင်ကျွမ်းစေတဲ့ Cardio လ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်ဖို့လိုပါတယ်နော်။ တစ်နေ့ကို ကိုယ်လုပ်နိုင်သလောက် မိနစ် ၃၀ ခန့်ပုံမှန်လုပ်ပေးပါ။ ဒီလိုအနားမပေးဘဲ ခပ်မြန်မြန်ခုန်ပေးရတဲ့ Cardio တွေက ရိုးရိုးလေ့ကျင့်ခန်းတွေထက် ပိုထိရောက်ပါလိမ့်မယ်။

၄။ အိပ်ချိန်မှန်မှန်ထားပါ


ဝိတ်ချနေတဲ့အချိန်မှာ ခန္ဓာကိုယ် အားရှိပြီး လန်းဆန်းနေဖို့က အရေးအကြီးဆုံးပါပဲ။ နေ့စဉ် လန်းလန်းဆန်းဆန်း ဖြစ်နေဖို့ အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝအောင် အိပ်ပေးရပါမယ်။ ဒါမှ အစားလျှော့ပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်း အားရှိစေမှာပါ။

၅။ ဒိုက်ထိုးတာနဲ့ Lunges လေ့ကျင့်ခန်းတွေလုပ်ပေးပါ

Photo Source: www.emedihealth.com

ဝိတ်ကျလာတဲ့အချိန်မှာလည်း ခန္ဓာကိုယ်ပျော့တွဲတွဲနဲ့ အသားပိုတွေ ထွက်လာတာမျိုး မဖြစ်ရအောင် ဒိုက်ထိုးတာနဲ့ Lunges တို့လို ကြွက်သားကျစ်လျစ်စေမယ့် လေ့ကျင့်ခန်းတွေ ကြိုတင်ပြုလုပ်ပေးဖို့လိုပါတယ်။ ဒီလေ့ကျင့်ခန်းနှစ်မျိုးကို တစ်နေ့ အနည်းဆုံး ၁၅ ကြိမ်စီလောက် ထည့်သွင်းပြုလုပ်ပေးပါ။

၆။ ကိုယ်တွင်းအဆိပ်အတောက်ပြယ်ဖို့ Detox ပုံမှန်လုပ်ပါ


ဘယ်လောက်ပဲ အစားလျှော့လျှော့ ကိုယ်တွင်းအဆိပ်အတောက်ဓာတ်တွေရှိနေရင် အဆီပိုတွေကျဖို့ ခက်ပါတယ်။ ဒါကြောင့် ဝိတ်အမြန်ကျချင်သူတွေအနေနဲ့ သကြားမထည့်ဘဲ သဘာဝအသီးအရွက်တွေနဲ့ လုပ်ထားတဲ့ Detox ဖျော်ရည်အချို့ ပုံမှန်သောက်ပြီး ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar