ရေထဲသံပုရာသီးထည့်သောက်ပေးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီး ရှိပါတယ်။ မနက်တိုင်း အိပ်ရာမှ နိုးတဲ့အခါ Lemon Water သောက်ပေးတာဟာ လူကိုလန်းဆန်းစေသလို သင့်မှာ အစာအိမ်ရောဂါရှိတယ်ဆိုရင်တော့ အစာမစားရသေးပဲ မနက်စောစောမသောက်သင့်ပါဘူး။ နှာစေး၊ ချောင်းဆိုး ဖျားနာအသေးအဖွဲ ကိစ္စလေးတွေအတွက်ဆို Lemon Water ကိုသောက်ပေးရုံနဲ့တင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ကော်ဖီ ၊ လက်ဖက်ရည် စတဲ့ Caffeine ဓာတ်ပါတဲ့ အရည်တွေ အချိုရည်၊ ဆိုဒါတွေ သောက်သုံးမယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်မယ့် Lemon Water ကို အစားထိုးသောက်ပေးသင့်ပါတယ်။ ရေထဲသံပုရာသီးအကွင်းလိုက် ထည့်သောက်ပေးခြင်း အားဖြင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို Detox လုပ်ပေးလိုက်သလို အပူအပုတ်ရှင်းလင်းစေမယ့် အပြင် ကိုယ်ခန္ဓာအတွင်းကလီစာများအတွက် လုပ်ဆောင်ချက်တွေကို ပိုမိုချောမွေ့စေပြီး ဗီတာမင်ဓာတ်များစွာလည်း ပါဝင်ပါတယ်။

ဒီလို ကိုယ်တွင်းအတွက် Cleansing ဖြစ်စေမယ့် Tonic ကိုပြုလုပ်ရတာလည်း လွယ်ကူပြီး အချိန်သက်သာစေပါတယ်။ ပါဝင်ပစ္စည်း နှစ်မျိုးပဲလိုလို့ပါ။ အဲ့ဒါကတော့ ရေရယ် သံပုရာသီးရယ်ပဲ ဖြစ်ပါတယ်။ ရေထဲသံပုရာသီးအကွင်းလိုက် ထည့်သောက်ပေးခြင်းရဲ့ အကျိုးရလဒ်တွေကို ဆက်လက်ပြောပြပေးချင်ပါတယ်။

  • ရိုးရိုးရေသောက်ခြင်းထက် ပိုမိုအရသာရှိပါတယ်။
  • Caffeine ဓာတ်များတဲ့ အရည်တွေနေရာမှာ အစားထိုးသောက်ပေးခြင်းဖြင့် အကျင့်ဆိုးတွေကို ဖယ်ထုတ်နိုင်ပါတယ်။
  • ခန္ဓာကိုယ်အတွင်းကလီစာတွေအတွက် အဆိပ်အတောက်ရှင်းလင်း ကင်းစင်စေပါတယ်။
  • တစ်နေ့ တစ်ခြားအသားအရေ ကြည်လင်ပြီး ချောမွေ့စေပါတယ်။

  • ကျောက်ကပ်အတွက် အထောက်အကူဖြစ်လို့ ဆီးအောင်ခြင်းစတဲ့ ဆီးရောဂါတွေဖြစ်ခြင်းမှာ ကာကွယ်ပေးနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ အော့အန် ၊ မှုးမော်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး လန်းဆန်းစေပါတယ်။
  • သွေးပေါင်ကျတတ်တဲ့သူတွေ ပန်းနာရင်ကြပ်ရှိတဲ့သူတွေ အထူးသောက်သုံးသင့်ပါတယ်။

Source: AllWomenStalk