ကောင်လေးတွေအမြဲသိချင်တဲ့ စူးစမ်းချင်တွေထဲက တစ်ခုဖြစ်တဲ့အရာက ကောင်မလေးတွေက ဘယ်လိုကောင်လေးတွေဆို သဘောကျလဲ ကိုယ်သဘောကျတဲ့ကောင်မလေးက ကိုယ့်ကိုစိတ်ဝင်စားလာအောင်ဆိုရင် ဘယ်လိုမျိုးအချက်လေးတွေနဲ့ ရင်ခုန်အောင်လုပ်ရမလဲဆိုတာမျိုးကို သိချင်တတ်ကြပါတယ်။ ဒီအချက်လေးတွေက ကောင်မလေးတွေ သဘောကျတဲ့ပုံစံမျိုးလေးတွေဖြစ်ပြီး လက်တွဲချင်တဲ့ ကောင်လေးပုံစံမျိုးလေးတွေဖြစ်ပါတယ်။

ကြင်နာတတ်တဲ့ကောင်လေးမျိုး


ကြင်နာတယ်ဆိုတာမျိုးက ကိုယ့်တစ်ယောက်တည်းကိုပဲ ကွက်ပြီးကြင်နာတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကလူတွေကိုလည်း ကြင်ကြင်နာနာနဲ့ဆက်ဆံတတ်ပြီး ကူညီတတ်တဲ့ကောင်လေးမျိုးကိုဆို မိန်းကလေးတော်တော်များများရဲ့ စိတ်ဝင်စားမှုကိုရရှိနိုင်ပါတယ်။ ကိုယ့်ကသူ့ကိုလိုက်နေတယ် သဘောကျနေပြီးဆိုရင်တော ့ဒီအချက်ကအမှတ်အများကြီး ရစေနိုင်ပါတယ်နော်။ ဘယ်မိန်းကလေးမဆို နူးနူးညံ့ညံ့နဲ့ ကြင်နာတတ်တဲ့ သူမျိုးကိုပဲ သဘောကျလေ့ရှိပါတယ်။

ဟာသဥာဏ်ရှိသူ


ကောင်မလေးတွေက သူတို့ကောင်လေးအဖြစ်ရွေးချယ်တော့မယ်ဆိုရင် ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ကိုယ့်ကိုစိတ်ပူပန်မှုမပေးတတ်တဲ့ ယောကျာ်းလေးမျိုးရွေးချယ်ချင်တတ်ပါတယ်။ဘာလို့လဲဆိုရင် ဟာသဥာဏ်ရှိတဲ့ကောင်လေးတွေက သူကိုယ်တိုင်ကလည်း အမြဲပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူကိုယ်တိုင်ကလည်း တစ်ပါးသူတွေကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ဝန်မလေးတတ်ကြပါဘူး။

အလိုက်သိတတ်တဲ့ ကောင်လေးမျိုး


တစ်ချို့ကောင်လေးတွေက Date လုပ်နေတဲ့အဆင့်မှာကတည်းက ရှေ့မတက်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဘာလို့လည်းဆိုရင် ကောင်မလေးတွေက   အလိုက်သိပြီး နားလည်မှုပေးနိုင်တဲ့သူမျိုးကို ပိုပြီးသဘောကျတတ်ကြပါတယ်။ ကောင်မလေးလိုချင်နေတာမျိုးတို့ စားချင်နေတာမျိုးတို့ကို ကောင်မလေးကအတင်းကြီး ပူဆာမှလုပ်ပေးတာမျိုးထက် ကိုယ်ကသူမှတ်မမိတော့တဲ့အချိန်မျိုးမှာမှ Suprise လုပ်ပေးတာမျိုးက အမှတ်ပိုတိုးစေနိုင်တယ်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့ကောင်လေးမျိုး

ကောင်မလေးတိုင်းက စိတ်လှုပ်ရှားပြီး စိတ်ဝင်စားစရာကောင်းတဲ့ကောင်လေးမျိုးဆို ပိုပြီးသဘောကျတတ်ကြပါတယ်။ကိုယ်က စာပေကိုချစ်တဲ့သူတစ်ယောက် အနုပညာကိုချစ်မြတ်နိုးတဲ့သူတစ်ယောက် စကားပြောရင်လည်း တစ်ဖက်မိန်းကလေးကို လေးစားမှုရှိပြီး ဦးစားပေးတတ်တဲ့သူမျိုးဆို မိန်းကလေးတွေက ရင်ခုန်တတ်ကြပါတယ်။ သူနဲ့စကားပြောရတဲ့ စိတ်ဝင်စားဖို့ကောင်းတယ် ကိုယ့်ကိုလည်း ဦးဆောင်နိုင်တဲ့သူမျိုးဆို လုံးဝကိုကြွေသွားတတ်ကြပါတယ်။

Photo Source – Free.pik