မိန်းကလေးဖြစ်ဖြစ်၊ယောကျာ်းလေးဖြစ်ဖြစ်ချောတယ်လှတယ်ဆိုရင် သဘောကျတတ်ကြစမြဲပါ။ ဒါပေမယ့် ဘဝနဲ့ဆိုင်ပြီးလက်တွဲဖော်ရွေးချယ်တဲ့အခါမှာတော့ ကောင်လေးပဲဖြစ်ဖြစ်၊ ကောင်မလေးပဲဖြစ်ဖြစ် သေချာရွေးချယ်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဒီတစ်ခါမှာတော့ ကောင်လေးတွေအနနဲ့ဘယ််လိုကောင်မလေးမျိုးဆို သူတို့တစ်ဘဝလုံးအတွက် လက်တွဲဖော်အဖြစ်​ ရွေးချယ်တတ်ကြလဲဆိုတာ ပြောပြပေးချင်ပါတယ်။

မချုပ်ချယ်တဲ့သူ

မိန်းကလေးတော်တော်များများက ကိုယ့်ချစ်သူကို ဘာတွေလုပ်နေလဲ ဘယ်သူတွေနဲ့ရှိနေမလဲဆိုတာကိုသိချင်တဲ့စိတ်နဲ့ ကိုယ်ကောင်လေးကို စိတ်မွန်းကျပ်စေတဲ့ အပြုအမှုလေးတွေလုပ်တတ်ကြပါတယ်။ ကောင်လေးတွေကလည်း တစ်ခါနှစ်ခါဆို ပြဿနာမဟုတ်ပေမယ့် အမြဲတမ်းဆိုရင်တော့ သူတို့ကိုချုပ်ချယ်တယ််လို့ ခံစားလာတတ်ကြပါတယ်နော်။

ဖေးမတတ်တဲ့သူ

ချစ်သူကောင်လေးတစ်ယောက်တည်းကိုမဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ဖေးမတတ်တာ၊ ကူညီတတ်တဲ့သူမျိုးဆို ပိုသဘောကျတတ်ကြပါတယ်။ နူးညံ့တဲ့ကောင်မလေးတွေဆို ကောင််လေးတွေက ပိုစိတ်ဝင်စားတဲ့အချက်တွေပေါ့နော်။ ကိုယ်ပြဿနာဖြစ်တဲ့အချိန်မျိုးမှာ အပြစ်တင်ပြောဆိုနေတဲ့သူမျိုးထက် ဖေးမတတ်တဲ့သူမျိုးကို ပိုပြီးလက်တွဲချင်တတ်ကြပါတယ်။

ဖြည့်ဆည်းပေးတတ်တဲ့သူ 

ကောင်လေးတော်တော်များများကသူတို့ရဲ့ဖြစ်တည်မှုကို နားလည်ပေးတတ်တဲ့သူမျိုးဆို သူတို့ကပိုပြီးတော့ သူတို့ရဲ့အကြောင်းတွေကို ဖွင့်ပြောတတ်ကြပါတယ်။ တစ်စိမ်းတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ကူတဲ့ကိစ္စလို့လည်း ပြောလို့ရပါတယ်။ကိုယ်တကယ်လိုအပ်နေတဲ့အချိန်မျိုးမှာ ဖြည့်ဆည်းပေးတတ်တဲ့သူမျိုးပေါ့။

Photo Source – Free.pik