သင်က အရပ်ကို သင်လိုချင်သလောက် အရှည်ထိ မရောက်ခဲ့ရင် နဂိုထက် အရပ်ပိုရှည်ချင်မှာပါ။ အရပ်ရှည်တဲ့အခါ အလိုလို အထာကျနေတတ်ပါတယ်။ အရပ်ပုတဲ့ မိန်းကလေးတွေဆိုလည်း အရပ်ပိုရှည်တဲ့ပုံစံ လိုချင်ကြပါတယ်။ သင့်အနေနဲ့ အရပ်ပို ရှည်သယောင် ထင်ရဖို့ အမြင်လှည့်စားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေကို ကျွမ်းကျင် ပါးနပ်စွာ သုံးတတ်မယ်ဆိုရင် ကိုယ် လိုချင်သလောက် အရပ်မရှည်လည်း မော်ဒယ်တစ်ဦးလို စတိုင်ကျနေစေမှာပါ။

၁။ High Waisted Pants

ခါးရှည် ဘောင်းဘီမျိုးကို အရပ်ရှည်သယောင် ထင်ချင်သူတွေ ရွေးသင့်ပါတယ်။ ခါးရှည်ကိုမှ အပွသွားတဲ့ ဘောင်းဘီပုံစံက ပျိုမေတို့ကြား ရေပန်းစားနေတာကလည်း မမှားပါဘူး။ ဘောင်းဘီအပွ ခါးရှည်ပုံစံက သင့်ခန္ဓာကိုယ်ကို သွယ်လျသွားစေပြီး အရပ်ရှည်သယောင် ထင်ရစေပါတယ်။

၂။ အရောင်တစ်ရောင်တည်း ဆင်ပါ

အရောင် တစ်ရောင်တည်း ဖက်ရှင်ပုံစံကို ရွေးချယ်တဲ့အခါ အရောင် တစ်မျိုးတည်းနဲ့ အမြင်လှည့်စား သလို ဖြစ်ပြီး အရပ်ပိုရှည်သွားတယ် ထင်ရစေပါတယ်။ အဖြူ၊ အသားရောင်၊ အညိုရောင်၊ အနက်ရောင် စတဲ့ အရောင်တွေက တစ်ရောင်တည်း ဖက်ရှင်တွေမှာ ရွေးချယ်သင့်တဲ့ အရောင်တွေပါ။

၃။ ခြေအိတ်ရှည်

သင်က စကပ်အတို ဝတ်တတ်သူဆိုရင် ခြေအိတ်အရှည်ကို Try ကြည်သင့်ပါတယ်။ ခြေအိတ်အရှည်က သင့်ခြေတံကို ပိုသွယ်ကာ ရှည်လျားသွားစေပြီး မော်ဒယ်တစ်ယောက်နဲ့ တူနေစေပါလိမ့်မယ်။ သင်က ခြေအိတ်ရှည် မဝတ်ချင်ရင် ပုံမှန် ဒေါက်ဖိနပ် စီးရုံနဲ့လည်း အဆင်ပြေပါတယ်။

၄။ Cropped Jacket

Jacket ခါးတို ဝတ်စုံက ခါးနေရာမှာ အပြည့်နေရာမယူဘဲ ဖြတ်ချလိုက်တာမျိုး ဖြစ်တာကြောင့် အရပ်ပိုရှည်သွားစေပါတယ်။ ဒါ့အပြင် Cropped Jacket တွေက ချစ်ဖို့ကောင်းတဲ့ ပုံစံလေး ပိုင်ဆိုင်စေပါတယ်။ ပုပုသေးသေး ပျိုမေတို့နဲ့လည်း Cropped Jacket က အဆင်ပြေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar