နေရောင်အောက် အနေများသွားလို့ အသားအရေတွေ နီရဲယောင်ကိုင်းလာပြီး အရေပြားကွာကျတာမျိုးကို Sunburn လို့ ခေါ်ပါတယ်။ ကမ်းခြေမှာ သွားကဲတဲ့သူတွေ အတော်များများ အပျော့စား Sun burn ဖြစ်ဖူးတတ်ပါတယ်။

Sunburn တွေက ၅ ရက် တစ်ပတ်လောက်ဆိုရင် ပျောက်တတ်ပါတယ်။ ဒါပေမယ့် Sunburn ဖြစ်လာရင် ဘာတွေလုပ်ဖို့ လိုမလဲ။

ဘာတွေတော့ ရှောင်ကြဉ်ရမလဲဆိုတာလေးတွေ သိထားတော့ ပိုကောင်းတာပေါ့။

(၁) အကိုက်အခဲပျောက်ဆေး သောက်ပေးနိုင်ပါတယ်

နေလောင်ဒဏ်ရာကနေ နာကျင်မှု မြင့်နေရင် အက်စပရင်လိုမျိုး Pain Reliever ဆေးတွေ သောက်ပေးနိုင်ပါတယ်။ နာတာက စိပ်နေရင် ၆ နာရီတစ်ကြိမ်လောက် သောက်ပေးနိုင်ပါတယ်။

(၂) ရေအေးအေး ချိုးပါ

Sunburn ဖြစ်နေရင် ရေကြက်သီးနွေးတောင် မချိုးသင့်ပါဘူး။ အေးမြတဲ့ ရေချိုးတာက အရေပြားပေါ်က အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဆပ်ပြာကိုလည်း ဗိုက်တာမင်အီးနဲ့ ပရုပ်အေးပါတဲ့ ရေချိုးဆပ်ပြာ သုံးသင့်ပါတယ်။

(၃) နေလောင်ပျောက်ဆေး လူးပေးနိုင်ပါတယ်

ရေဓါတ်ဖြည့်ပေးနိုင်တဲ့ Burn-Relieving ထုတ်ကုန်တွေ သုံးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်နဲ့ အုန်းဆီလို ပါဝင်ပစ္စည်းတွေ ပါတဲ့ ထုတ်ကုန်မျိုး သုံးလို့ ရပါတယ်။

(၄) အနာဖေး မခွာပါနဲ့

နေလောင်လို့ အသားကွာနေတဲ့ အပိုင်းတွေက ယားယံတတ်ပါတယ်။ ယားလို့ဆိုပြီး သွားမကုတ်သင့်ပါဘူး။ ခြောက်သွေ့တဲ့ အရေပြားလွှာဟာ အသစ်ဖြစ်လာမယ့် အရေပြားနုနုလေးကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ အပေါ်က ခြောက်နေတဲ့ အရေပြားကို ဖယ်လိုက်မယ်ဆိုရင် ဘက်တီးရီးယးတွေ ဝင်ပြီး ရောဂါကူးစက်နိုင်ပါတယ်။