သင်က လိုင်းမမိတဲ့ နေရာရောက်တဲ့အချိန် ဒါမှမဟုတ် ဖုန်းဘေ မရှိတဲ့အချိန် ဒီနည်းလမ်းတွေကို ပြုလုပ်နိုင်ပါတယ်။ တစ်ခါတလေ Social Media ကို တမင်သပ်သပ် မသုံးဘဲကို နေသင့်ပါတယ်။ Social Media ပေါ်မှာ အချိန်ပြည့် ရှိတာက သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီတော့ Social Media မသုံးတဲ့ အချိန် သင်ပြုလုပ်နိုင်တဲ့ အရာတွေကို ကြည့်လိုက်ရအောင်နော်-
၁။ တရားထိုင်ပါ
၅ မိနစ် ကနေ ၁၀ အချိန်ပေးပြီး တရားထိုင်သင့်ပါတယ်။ တရားထိုင်လိုက်တာကြောင့် သင်စိတ်တည်ငြိမ်လာပါလိမ့်မယ်။
၂။ အကြောဆန့်ပါ
Social Media မသုံးတဲ့အချိန် အိပ်ရာ ပေါ် လှဲမနေဘဲ ခန္ဓာကိုယ် ပေါ့ပါးအောင် အကြောဆန့်သင့်ပါတယ်။
၃။ ဘာသာစကား သင်ယူပါ
Photo Source: Tech Baked
အင်တာနက် မရှိတဲ့အချိန်မှာ ဘယ်လိုလုပ်နိုင်လဲဆိုတော့ သင် လေ့လာမယ့် ဘာသာစကားနဲ့ ဇာတ်ကားတွေကို ကြည့်နိုင်ပါတယ်။ ဒီဇာတ်ကားတွေထဲကနေ စကားလုံးတွေ၊ ဝါကျတွေကို မှတ်ထားနိုင်ပါတယ်။
၄။ စာချရေးပါ
သင့်အကြောင်း ရေးတာဖြစ်ဖြစ်၊ သင်ကျေးဇူးတင်ရမယ့် လူတစ်ယောက် အကြောင်း ရေးတာ ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
၅။ ပန်းချီဆွဲပါ
ပန်းချီဆွဲတတ်တဲ့ မိန်းကလေးတွေ ကြည့်လိုက်ရင် အနုပညာဆန်ပြီး အားကျဖို့ ကောင်းပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုဖြစ်နိုင်ပါတယ်။ များများ လေ့ကျင့်ပေးဖို့တော့ လိုပါတယ်။
၆။ လေ့ကျင့်ခန်း လုပ်ပါ
Social Media သုံးသုံး မသုံးသုံး လေ့ကျင့်ခန်းကတော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမှ ပိုင်ဆိုင်နိုင်မှာပါ။
၇။ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်ရှုပါ
ကိုယ်သဘောကျတဲ့ စာရေးဆရာရဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပြီး ကမ္ဘာသစ်တစ်ခုမှာ နေထိုင်ကြည့်သင့်ပါတယ်။
သင့်အနေနဲ့ကော Social Media မသုံးတဲ့အချိန် ဘာတွေ လုပ်လေ့ရှိလဲ ပြောပြခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar