သစ္စာဖောက်တယ်ဆိုတာ လုံးဝကိုခွင့်မလွှတ်နိုင်တဲ့အရာဖြစ်တယ်လို့ လူတိုင်းပြောကြပါတယ်။ ကိုယ်အရမ်းချစ်တဲ့သူ ကိုယ့်အပေါ် ဖောက်ပြန်နေတာကို ကိုယ်သိသွားတဲ့အခါ လို့တွေးမိရင် ဘာလုပ်မယ်စိတ်ကူးထားပါသလဲ။

စိတ်နဲ့ဖောက်ပြန်တာပဲဖြစ်ဖြစ် ကိုယ်နဲ့ဖောက်ပြန်တာပဲဖြစ်ဖြစ် သူဖောက်ပြန်တာကို ကိုယ်သိသွားတဲ့အခါ အရမ်းကို နာကျင်တာတွေ ဒေါသထွက်တာတွေ စသဖြင့် အမည်ဖော်လို့မရတဲ့ ခံစားချက်တွေနဲ့ ဗလောင်ဆူသွားမယ်ဆိုတာ စာရေးသူကိုယ်တိုင်လည်း နားလည်ပါတယ်။ ဒါကြောင့် သူဖောက်ပြန်တာကို ကိုယ်သိသွားတဲ့အခါ ပညာရှိနည်းနဲ့တုံ့ပြန်နိုင်ဖို့ ဒီဆောင်းပါးလေးကို မျှဝေလိုပါတယ်။

အသက်ပြင်းပြင်းရှုပါ။

ပြောစရာမရှိလောက်အောင် ဒေါသထွက် ခံပြင်း နာကျင်သွားမယ်ဆိုတာ နားလည်ပါတယ်။ အဲဒီအတွက် တစ်ယောက်တည်း လေကောင်းလေသန့် ရတဲ့နေရာသွားပြီး လေညှင်းခံပါ။ အသက်ပြင်းပြင်းရှုပါ။

သူတကယ်ဖောက်ပြန်တယ်ဆိုတာ သေချာအောင်လုပ်ပါ။

သံသယစိတ်ဖြစ်နေရုံနဲ့တော့ သူကငြင်းနေဦးမှာပဲ။ သူတကယ်ဖောက်ပြန်နေတယ်ဆိုတာ သက်သေပြနိုင်အောင် လုပ်ပါ။

ဆန္ဒရှိတယ်ဆိုရင် မေးခွန်းတွေမေးပါ။

ဘာလို့သူဖောက်ပြန်တာလဲဆိုတဲ့အကြောင်းသေသေချာချာ ဂဂနနသိရဖို့ မေးခွန်းတွေမေးပါ။ သူဖြေမယ့်အဖြေက သင်တစ်ခုခု ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ သူဖြေလာမယ့်အဖြေအပေါ်လည်း ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားပါ။

လင်မယားဖြစ်နေရင် ဆေးစစ်ပါ။

လိင်ဆက်ဆံရာနေ ကူးစက်တတ်တဲ့ရောဂါပိုးတွေရှိမရှိ ဆေးစစ်သင့်ပါတယ်။

အသေးစိတ်အချက်အလက်တွေကအစ ခံစားမနေပါနဲ့။

ဘာဆက်လုပ်ရမလဲဆိုတာ သေသေချာချာအဖြေရှာပါ။ အသေးစိတ်အချက်အလက်တွေကအစ စိတ်ထိခိုက်မခံပါနဲ့။

သင့်ကိုယ်သင်အချိန်ပေးပါ။

ရှေ့ဆက်ဘာလုပ်မယ်ဆိုတာကို စဉ်းစားဖို့ သင့်ကိုယ်သင်အချိန်ပေးပါ။ အိမ်ထောင်သည်အမျိုးသမီးတွေ သားသမီးရှိတယ်ဆိုရင် ပိုပြီးခက်ခဲပါတယ်။ အဲဒီအတွက် စိတ်ရှည်ပါ။ ကိုယ့်ကိုကိုယ်အချိန်ပေး စဉ်းစားပါ။

တတ်ကျွမ်းနားလည်သူ အတွေ့အကြုံရှိသူတွေနဲ့ တိုင်ပင်ပါ။

တယောက်တည်း ဘယ်လိုမှ ခံစားလို့ ရင်နဲ့မဆံံ့ဖြစ်လာတဲ့အခါ တယောက်ယောက်နဲ့ ရင်ဖွင့်တိုင်ပင်လိုက်တာက သင့်ကို စိတ်သက်သာရာ ရစေပါတယ်။

ခွင့်လွှတ်ဖို့စဉ်းစားပါ။

ခွင့်လွှတ်ဖို့စဉ်းစားပါဆိုတာ သူ့ကိုပြန်လက်တွဲရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ သူ့အပေါ်နာကျည်းနေရင် ခွင့်မလွှတ်နိုင်ဖြစ်နေရင် ကိုယ်ပဲစိတ်ပူလောင် ထိခိုက်ရပါတယ်။ အဲဒီအတွက် ခွင့်လွှတ်ဖို့ စဉ်းစားပါ။

ဆုံးဖြတ်ချက်ချပါ။

အနာဂတ်အတွက် တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုချပါ။ ဖောက်ပြန်ပြီးနောက်ပိုင်းမှာ စုံတွဲတော်တော်များများ ချလိုက်တဲ့ဆုံးဖြတ်ချက်တွေဟာ မအောင်မြင်တတ်ပါဘူး။ တချို့က ရှေ့ဆက်လက်တွဲဖို့ဆုံးဖြတ်ကြပေးမယ့် တစ်ချို့က လမ်းခွဲဖို့ ဆုံးဖြတ်ကြပါတယ်။ ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ့်ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်ပါတယ်။

အနာဂတ်ကို သေချာအာရုံစိုက်ပါ။

အရာအားလုံးပြီးသွားပါပြီ။ မနေ့ကဖြစ်ခဲ့တာကို ဒီနေ့ထိခံစားမနေပါနဲ့တော့။ ရှေ့ဆက်ရမယ့်အနာဂတ်ခရီးက အရှည်ကြီးရှိနေပါသေးတယ်။ အနာဂတ်ကို သေချာအာရုံစိုက် ကြိုးစားပါ။