ကိုယ့်နောက်ကနေ မသင်္ကာစရာလူတစ်ယောက် လိုက်လာတာမျိုး ကြုံခဲ့ရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်အောင်၊ လုံခြုံစိတ်ချရအောင် ဘယ်လိုအရာတွေကို လုပ်သင့်လဲဆိုတာ ပြောပြပေးလိုက်ပါတယ်။ ဒါတွေက မိန်းကလေးတိုင်း သိထားဖို့လိုပါတယ်။ အထူးသဖြင့်ကတော့ တစ်ယောက်ထဲသွားလာနေရတဲ့ မိန်းကလေးတွေနဲ့ ညဘက်ပြန်ရတဲ့၊ အလုပ်ကနေ နောက်ကျမှပြန်ရတတ်တဲ့ မိန်းကလေးတွေ သိထားဖို့ လိုပါတယ်။

ဘေးပတ်ဝန်းကျင်ကိုလေ့လာပါ

ကိုယ့်နောက်ကနေ မသင်္ကာစရာလူတစ်ယောက် လိုက်လာပြီဆိုတာကို သိလိုက်တာနဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်ကို လေ့လာပါ။ မကြောက်ပါနဲ့။ ဘေးပတ်ဝန်းကျင်မှာ ဘာတွေရှိလဲ၊ အကူအညီရနိုင်မယ့်နေရာရှိလား၊ လူပြတ်နေလား အကဲခတ်ပါ။

အကူအညီယူဖို့တစ်ယောက်ယောက်ကိုဖုန်းဆက်ပါ

ဖုန်းဆက်ပြီး အကူအညီယူဖို့ တစ်ယောက်ယောက်ကို ဖုန်းခေါ်ပါ။ စကားကျယ်ကျယ်ပြောပါ။ ကိုယ်အခုရောက်နေတဲ့နေရာကို ကျယ်ကျယ်အော်ပြောပြပါ။ ကိုယ့်နောက်ကို တစ်ယောက်ယောက် လိုက်လာနေပြီဆိုတာကိုလည်း ပြောပြပါ။

လူထူထပ်တဲ့နေရာကိုသွားပါ

ကိုယ့်နောက်ကို လိုက်လာတာသိရင် ခြေဦးတည်းရာကို လျှောက်မပြေးပါနဲ့။ ပတ်ဝန်းကျင်ကို သေချာအကဲခတ်ပြီး လူထူထပ်တဲ့နေရာကို အမြန်သွားပါ။ သတိထားရမှာက အိမ်သာထဲပြေးဝင်တာမျိုးတွေ မလုပ်ပါနဲ့။

အိမ်ကိုတန်းမပြန်ပါနဲ့

ကိုယ်ရောက်နေတဲ့နေရာကနေ ကိုယ့်အိမ်နဲ့ အလှမ်းဝေးတယ်ဆိုရင် အိမ်ကိုတန်းမပြန်ပါနဲ့။ နီးစပ်ရာ (ဥပမာ – စူပါမားကတ်တွေ၊ ကော်ဖီဆိုင်တွေ) စတဲ့ လူများတဲ့နေရာတွေကို အမြန်သွားပါ။ အိမ်တွေရှိရင်လည်း နီးစပ်အိမ်ကို အကူအညီတောင်းပါ။

တစ်ယောက်ယောက်နဲ့စကားပြောပါ

လမ်းမှာတွေ့တဲ့ တစ်ယောက်ယောက်ကို သိတဲ့ပုံစံမျိုးနဲ့ စကားပြောပြီး ကိုယ့်အခြေအနေကိုပြောပြကာ အကူအညီတောင်းပါ။

ကိုယ့်နောက်လိုက်လာတဲ့သူကိုသေချာပြန်စိုက်ကြည့်ပါ

လူထူထပ်တဲ့နေရာကို ရောက်လာပြီဆိုရင် လုံးဝမကြောက်တဲ့ မျက်လုံးနဲ့ ကိုယ့်နောက်လိုက်လာတဲ့သူကို သေချာပြန်စိုက်ကြည့်ပါ။

အကျယ်ကြီးအော်ဟစ်ပါ

တစ်ခုခုဆိုးရွားလာရင် လူရှိတဲ့နေရာကို အမြန်ပြေးပြီး အကျယ်ကြီးအော်ဟစ်ကာ အကူအညီတောင်းပါ။ မရှက်ပါနဲ့။ ကိုယ်လုံခြုံဖို့ကိုပဲ လုပ်ပါ။

ကားသော့ကိုအဆင်သင့်ထုတ်ထားပါ

ကိုယ့်မှာကားပါတယ်ဆိုရင် အမြန်သွားနေတဲ့အချိန်မှာ ကားသော့ကို အဆင်သင့်ထုတ်ထားပါ။ ပြင်ဆင်ထားပါ။ လူအရမ်းပျက်နေရင်တော့ ကားဆီသွားဖို့လည်း သေချာဂရုစိုက်ပါ။ အရိပ်အခြေကြည့်ပါ။

Source: www.brightside.me