သင်က အပေါင်းအသင်းခုံမင်တတ်ပြီး လူစုလူဝေးနဲ့ အချိန်ကုန်ရတာကို ကြိုက်တဲ့သူလား။ ဒါမှမဟုတ် ကျန်းမာရေးလိုက်စားပြီး ပြေးတာ၊ လမ်းလျှောက်တာ၊ တောင်တက်တာ အစရှိတဲ့ အိမ်အပြင်မှာ လုပ်ရတဲ့ လှုပ်ရှားမှုတွေကိုမှ နှစ်သက်တတ်တဲ့သူလား။
ဒီလိုလူအများကြားထဲ ပျော်ရွှင်တတ်တဲ့သူမျိုး လှုပ်လှုပ်ရှားရှားနေမှ နေလို့ကောင်းတဲ့သူမျိုး မဟုတ်ရင်တောင် Covid 19 ကြောင့် အိမ်မှာနေရတာကိုပဲ ငြီးငွေ့နေပြီး ဘာလုပ်ရမှန်းမသိနေတဲ့သူလား။
ဒါဆိုရင် အခုပြောပြမဲ့ အိမ်ကနေ တစ်ဖဝါးမှခွာစရာမလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ လုပ်နိုင်မဲ့ အပြောင်းအလဲလေးတွေစမ်းလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁. ကျန်းမာရေး အလေ့အထကောင်းတွေမွေးမြူခြင်း

လူတစ်ယောက်ဟာ စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ကျန်းမာတဲ့ စိတ်နဲ့ခန္ဓာရှိမှသာလျှင် စိတ်သွားရာကိုယ်ပါနိုင်မှာဖြစ်သလို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ကိုယ်လုပ်တဲ့အလုပ်တွေကို ပိုပြီးကောင်းမွန်အောင်လုပ် နိုင်မှာဖြစ်လို့ပါပဲ။ အရင်ကတည်းက ကျန်းမာရေးလိုက်စားတဲ့သူပဲဖြစ်ဖြစ် အခုအိမ်မှာနေနေရလို့ အချိန်ပိုလေးရှိလာတာကြောင့်ပဲဖြစ်ဖြစ် စိတ်နဲ့ခန္ဓာကျန်းမာဖို့ ယောဂလေ့ကျင့်ခန်းတွေ တရားထိုင်တာမျိုးတွေလုပ်လို့ရသလို အိမ်ပြင်ထွက်စရာမလိုတဲ့ တခြားကျန်းမာရေးလေ့ကျင့်ခန်းတွေကိုလည်း YouTube ကနေဖြစ်ဖြစ် တခြား ကျန်းမာရေးလေ့ကျင့်ခန်း website တွေ၊ app တွေကနေကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။

၂. မလုပ်ဖူးသေးတဲ့ အသစ်အဆန်းတွေကို စမ်းသပ်လေ့လာပါ

ကိုယ်မလုပ်ဖူးတဲ့ လုပ်နေကျမဟုတ်တဲ့အရာတွေကို စမ်းသပ်လုပ်ဆောင်ကြည့်တာကလည်း အချိန်ကို အကျိုးရှိစွာ အသုံးချတဲ့ နည်းလမ်းတစ်ခုဖြစ်သလို ကိုယ့်မသိသေးတဲ့အရာတွေကို လေ့လာသင်ယူပြီး တိုးတက်ဖို့အခွင့်အလမ်း လည်းဖြစ်ပါတယ်။ ကိုယ်က ဟင်းချက်ဖို့ဝါသနာပါတဲ့သူဆို ကိုယ်ချက်နေကျ သမရိုးကျဟင်းလျာတွေ မဟုတ်ပဲ နိုင်ငံတကာက ဟင်းလျာအသစ်အဆန်းတွေ၊ တိုင်းရင်းသားအစားအစာတွေ၊ ရိုးရာမုန့်တွေကို online ကနေမှ လေ့လာပြီး စမ်းသပ်ချက်ပြုတ်နိုင်ပါတယ်။ ဒါ့အပြင် အိမ်မှာ costume ပါတီလုပ်တာမျိုး၊ မိသားစုဝင်တိုင်း ပါဝင်လို့ရတဲ့ game ဆော့တာမျိုး၊ အားလုံးသဘောကျနှစ်သက်တဲ့ ရုပ်ရှင်ကိုရွေးပြီး အတူကြည့်ကြတာမျိုး အစရှိတဲ့ ကလေးတွေလည်း စိတ်လှုပ်ရှားပြီး လူကြီးတွေလည်း အပျင်းပြေမဲ့ အိမ်တွင်းအစီအစဉ်လေးတွေလုပ်လို့ရပါတယ်။ သင်က မိသားစုနဲ့မနေတဲ့သူဆိုလည်း ဒီအချိန်က ကိုယ်အရင်ကတည်းကသင်ယူချင်ပေမဲ့ အချိန်မပေးနိုင်တဲ့အရာတွေကို လေ့လာဖို့အချိန်ကောင်းလည်းဖြစ်ပါတယ်။ နည်းပညာတိုးတက်မှုကြောင့် အခုအချိန်မှာ ဘာသာစကားအသစ်သင်ယူတာမျိုးဖြစ်ဖြစ်၊ ဂစ်တာ၊ ukulele တီးသင်တာပဲဖြစ်ဖြစ်၊ ပန်းချီဆွဲတာမျိုးပဲဖြစ်ဖြစ် online ကနေ အလွယ်တကူလေ့လာလို့ရနေပါပြီ။ ဒါမှမဟုတ်လည်း အရင်ကတည်းကဖတ်ချင်တဲ့ ဘယ်စာအုပ်တွေကိုတော့ ဘယ်နေ့မှာ အပြီးဖတ်မလဲဆိုတာဆုံးဖြတ်ပြီး ဖတ်တာမျိုးလည်း လုပ်လို့ရပါသေးတယ်။

၃. ကိုယ့်အိမ်၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ကိုကိုယ် ပိုမိုစနစ်တကျရှိအောင် ပြင်ဆင်ပါ

ကိုယ့်စိတ်တိုင်းကျ စနစ်တကျ နေရာချထားတဲ့နေရာနဲ့ စနစ်တကျ အလုပ်လုပ်တတ်တဲ့အကျင့်က ကိုယ်လုပ်တဲ့ အလုပ်ကို စိတ်ကြည်ကြည်လင်လင်နဲ့ အဆင်ပြေပြေ လုပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီတော့ ဒီလိုအိမ်ထဲမှာ အောင်းနေရတဲ့အချိန်မှာ အချိန်ကို အကျိုးရှိရှိအသုံးချတဲ့အနေနဲ့ မိမိရဲ့ အိမ်ကိုပဲဖြစ်ဖြစ် အိပ်ခန်းလေးကိုပဲဖြစ်ဖြစ် online ကနေ အခန်း decoration လှလှလေးတွေကို inspiration ယူပြီး ပြန်လည်ပြင်ဆင်နေရာချတာတွေလုပ်နိုင်ပါတယ်။ ဒါ့အပြင် မိမိလုပ်ဆောင်ရမဲ့ အလုပ်တွေကို ကြိုတင်စီမံတာ၊ မိမိရဲ့ အချိန်ဇယားကို ပြင်ဆင်ထားတာတွေကလည်း အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ဖို့နဲ့ အရာရာကို ချောချောမွေ့မွေ့ဆောင်ရွက်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ရေးအကျဉ်းချုပ်ကို လိုအပ်သလို ဖြည့်စွက်တာနဲ့ ဖုန်းထဲမှာရှိနေတဲ့ပုံတွေ မလိုအပ်တဲ့ ပုံတွေ app တွေကို ဖယ်ရှားဖို့ အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။

၄. ကိုယ်ချစ်ခင်ရတဲ့သူတွေကို အချိန်ပေးပါ

သင်ဟာ မိသားစုနဲ့အတူတူနေတဲ့သူပဲဖြစ်ဖြစ်၊ တစ်ယောက်ထဲနေတဲ့သူပဲဖြစ်ဖြစ် ဒီလို အိမ်မှာနေရတဲ့အချိန်မှာ အထီးကျန်တယ်လို့ ခံစားနေစရာမလိုပါဘူး။ ဒီလိုအိမ်ထဲမှာနေရတဲ့အတွက် ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့တောင် ပိုပြီးစိတ်ချင်းနီးကပ်နိုင်ပါသေးတယ်။ အဝေးရောက်နေတဲ့မိသားစုဝင်တွေ ချစ်ခင်ရတဲ့သူတွေကို video call ကနေတဆင့် ဆက်သွယ် အချိန်ပေးနိုင်သလို တူတူရှိနေတဲ့ မိသားစုဝင်တွေကိုလည်း အချိန်ပေးပြီး စကားပြောတာ လုပ်စရာ အလုပ်တွေကို တူတူလုပ်ကြတာမျိုးကနေ ပိုခိုင်မာတဲ့ သံယောဇဉ်ကို တည်ဆောက်နိုင်မှာပါ။ ဒါ့အပြင် သူ့အလုပ်ကိုယ့်အလုပ်ကြောင့် အဆက်အသွယ်ပြတ်နေတာ အဝေးကသူငယ်ချင်းတွေကိုလည်း အချိန်ပေးပြီး ပြန်ဆက်သွယ်နိုင်ဖို့ အချိန်ကောင်းတစ်ခုပါပဲ။

ဒီလိုမျိုး သင်္ကြန်တွင်းလိုမျိုးအချိန်မှာ အိမ်မှာနေရင်း အားလပ်တဲ့အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးဖို့အတွက်ဆို အင်တာနက်ကောင်းကောင်း တော့လိုအပ်မှာပဲ၊ အင်တာနက်နဲ့ ဖုန်းဘေလ်အတွက် ကုန်ကျစရိတ်တွေပိုကုန်တော့မှာပဲဆိုပြီး တွေးပူဖို့ မလိုပါဘူး။ Mytel က ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မှာ အသုံးပြုသူတွေအတွက် အိမ်မှာနေရင်း အကျိုးရှိတာတွေလုပ်နိုင်အောင် ငွေဖြည့်လိုက်တိုင်းမှာ ဖြည့်သွင်းလိုက်တဲ့ ငွေပမာဏ၏ ၅၀ရာခိုင်နှုန်း ကို အပိုလက်ဆောင်အဖြစ် ပေးအပ်မည့်အစီအစဉ် ကို သုံးလကြာ လုပ်ပေးထားရုံမက ၂၀၀% ဒေတာအပိုဆုကြေးပတ်ကေ့ချ်အစီအစဉ်ကိုပါ စီစဉ်ထားတာမို့ အင်တာနက်ဒေတာအတွက် အခုလို ရောဂါမပျံနှံ့အောင် ကာကွယ်တားဆီးနေသောကာလအတွင်းမှာ အိမ်မှာ အလုပ်လုပ်ရမဲ့သူတွေအတွက်ရော၊ နောက်ဆုံးပေါ် သတင်းများကိုသိချင်တဲ့သူတွေအတွက်ရော၊ မိမိချစ်ခင်ရသော မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ဆက်သွယ်ဖို့အတွက်ရော၊ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး online ကနေ ပညာရပ်တွေလေ့လာချင်တဲ့သူတွေအတွက်ရော အဆင်ပြေစေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် လိုအပ်တဲ့ ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုတွေကို Mytel မှ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနေပါတယ်။