Gym သွားကစားတဲ့လူတွေအတွက် ပြေးစက်ပေါ်မှာ မနားတမ်း မိုင်ပေါင်းများစွာပြေးနေတဲ့လူနဲ့ ဝိတ်အလေးချိန်များများ မ နေတဲ့လူတွေကို ကြည့်ရတာ မိမိကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးစေပါတယ်။

ဒီလိုမျိုး အတွေးတွေ သင့်စိတ်ထဲအဝင်မခံပါနဲ့။ Gym ဆိုတဲ့နေရာက လူတိုင်းအတွက် လုံခြုံပြီး ကျန်းမာရေးလိုက်စားနိုင်အောင် စီစဉ်ထားတဲ့နေရာပါ။

ဒါ့ကြောင့် Gym မှာ အေးအေးဆေးဆေး စိတ်ချမ်းချမ်းသာသာနဲ့ ကစားနိုင်ဖို့အတွက် ဒီနေ့ဆောင်းပါးမှ အကြံဉာဏ်လေးတွေ ပေးလိုက်ပါတယ်။

အချိန်ရွေးချယ်မှု မှန်ကန်ပါစေ

Gym မှာလူရှုပ်နိုင်တဲ့ အချိန်တွေကိုရှောင်ပေးပါ။ ရုံးဖွင့်ရက်တွေဆိုရင် Ggym မှာ လူပါးတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ Gym သွားတာက trainer တွေနဲ့သေချာဆွေးနွေးတိုင်ပင်လို့ရသလို ကိုယ့်အတွက်လိုအပ်နေတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လွတ်လွတ်လပ်လပ် ကစားနိုင်ပါတယ်။ Gym ကိုမကြာခဏသွားလေလေ မိမိကိုယ်ကို ယုံကြည်မှုပိုရလေပါပဲ။

အဝတ်အစား

Gym ထဲရောက်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေဖို့ သင့်အဝတ်အစားကိုလည်း ဂရုစိုက်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်မယ့် သင့်အဝတ်အစားဟာ သင်ကိုယ်တိုင် ယုံကြည်မှုရှိနေဖို့ လိုပါတယ်။ လှပမှုသာမကဘဲ ပေါ့ပါးပြီး လေ့ကျင့်ခန်းလုပ်ဖို့ သင့်လျော်တဲ့ အဝတ်အစားမျိုး ဖြစ်သင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်

Gym သွားတဲ့အခါ လူအများအပြားရှိနေတာကြောင့် သင့်အတွက် သက်သောင့်သက်သာမျိုး မဖြစ်တာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ Gym ကိုလာတယ်ဆိုတာ သင့်အတွက် သင်လာတာပါ။ Gym ထဲရောက်တဲ့အခါ နားကြပ်တပ်ပြီး သင်ကြိုက်တဲ့ သီချင်းတွေကို နားထောင်ရင်း လေ့ကျင့်ခန်းလုပ်တာက အာရုံစူးစိုက်မှု ကောင်းစေမှာပါ။

သူငယ်ချင်းမိတ်ဆွေ

Gym ဟာ ကိုယ့်အတွက်တော့ နေ့စဉ်နီးပါး သွားရမယ့်နေရာဖြစ်တာကြောင့် သူငယ်ချင်းမိတ်ဆွေတွေ ဖွဲ့ထားဖို့လည်း လိုပါတယ်။ ဒါမှလည်း စိတ်လက်ပျော်ရွှင်စရာ ဖြစ်မှာပါ။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူလုပ်ရတဲ့အခါ ပိုမိုဆော့ကစားချင်စိတ်လည်း ဖြစ်ပေါ်ပါတယ်။ သူတို့ရဲ့ ကြံ့ခိုင်မှု၊ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ရည်မှန်းချက်ကလည်း သင့်ကို အားဖြစ်စေပါတယ်။

ရည်ရွယ်ချက်ထားပါ

စစချင်းမှာတော့ တခြားအသားကျပြီးသားလူတွေအတွက် အခက်အခဲတွေ ရှိမှာပါ။ အချိန်ကြာလာတာနဲ့အမျှ သင့်မှာ ယုံကြည်မှုတွေ ပိုမိုရှိလာမှာ ဖြစ်ပါတယ်။ လုပ်ရမယ့် လေ့ကျင့်ခန်းတွေ၊ ဘေးနားမှာ ရှိနေတဲ့လူတွေကြောင့် သင့်မှာ ထိတ်လန့်မှုတွေ ဖြစ်နေတယ်ဆိုရင် ဘာရည်ရွယ် ချက်ကြောင့် Gym ကို ရောက်လာတာလဲဆိုတာကို ပြန်တွေးကြည့်ပါ။