နှုတ်ခမ်းဆိုတာ မျက်နှာပေါ်က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုထဲမှာပါဝင်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အလှတရားထဲမှာ တစ်ခုအပါအဝင်ဖြစ်သလို အမျိုးသမီးတွေ ဂရုစိုက်ကြတဲ့ အစိတ်အပိုင်းတစ်ခုမှာလည်း နှုတ်ခမ်းပါဝင်ပါတယ်။ နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာမျိုးဖြစ်ရင် ဘာတွေလုပ်ရမလဲ။ ဘာတွေရှောင်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

နှုတ်ခမ်းကို စိုပြေအောင်လုပ်ပါ

နှုတ်ခမ်းသားစိုပြေအောင် နှုတ်ခမ်းနီအဆီ ဆိုးပေးလိုက်ပါ။

ရေသောက်ပါ

ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေ ၇ ခွက် ၈ ခွက်သောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်ရင် နှုတ်ခမ်းလည်းခြောက်ပါတယ်။

Lip Balm သုံးပါ

နှုတ်ခမ်းကို ပိုပြီးစိုပြေစေဖို့အတွက် Lip Balm ကို ဆောင်ထားပါ။ သင်အပြင်သွားရင် နှုတ်ခမ်းခြောက်လာတိုင်း လိမ်းပေးလိုက်ပါ။

ဆဲလ်သေတွေကိုဖယ်ရှားပါ

နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ သကြား၊ ပျားရည် ရောပြီး နှုတ်ခမ်းကို ၅ မိနစ်လောက် ပွတ်ပေးလိုက်ပါ။ပြီးရင် ရေဆေးချပြီး နှုတ်ခမ်းအဆီလိမ်းလိုက်ပါ။

နှုတ်ခမ်းကို လျှာနဲ့ ခဏခဏ သပ်ခြင်းကိုရှောင်ပါ

နှုတ်ခမ်းခြောက်ရင် လျှာနဲ့ ခဏခဏ သပ်ပေးတတ်တဲ့ အကျင့်ရှိပါတယ်။ အဲဒီလို နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ သပ်ခြင်းကိုရှောင်ပါ။ ပိုပြီး နှုတ်ခမ်းသားခြောက်သွေ့စေပါတယ်။

Matte နှုတ်ခမ်းနီမဆိုးပါနဲ့

နှုတ်ခမ်းသားခြောက်သွေ့လာရင် Matte နှုတ်ခမ်းနီ ဆိုးတာကို ရပ်လိုက်ပါ။ နှုတ်ခမ်းကို ပိုပြီး ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။

ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားခြင်းရှောင်ပါ

ဆဲလ်သေတွေဖယ်ရှားတာကို နေ့တိုင်း မလုပ်ပေးပါနဲ့။ နေ့တိုင်းလုပ်ရင် နှုတ်ခမ်းသား ပိုပြိး အက်ကွဲစေပါတယ်။

အစပ်ရှောင်ပါ

နှုတ်ခမ်းကွဲနေသူတွေ အစပ်လုံးဝရှောင်ပါ။ နှုတ်ခမ်းကွဲကွဲနဲ့ အစပ်စားရင် ပိုပြီး ဆိုးစေပါတယ်။

အရည်သွေးရှိတဲ့ Lip Balm သုံးပါ

အရည်အသွေးနိမ့်တဲ့ Lip Balm တွေက သင့်နှုတ်ခမ်းသားကို ပိုပြီး ပျက်စီးစေလို့ အရည်အသွေး နိမ့်တာကို ရှောင်ပါ။