လူကြီးလူငယ်မရွေး ကြုံတွေ့နေရတဲ့ မျက်နှာပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ဝက်ခြံကို ဘယ်လိုနည်းနဲ့မဆို မြန်မြန်ပျောက်ချင်ကြပါတယ်။ နောက်ပြီး ဝက်ခြံထွက်လာရင် လက်ကမျက်နှာပေါ်အလိုလိုရောက်သွားတတ်ပြီး သွားညှစ်မိနေတတ်ကြပါတယ်နော်။ ဝက်ခြံဆိုတာမျိုးက ညှစ်ပြန်တော့လည်း မကောင်း၊ မညှစ်ပဲလည်း မနေနိုင်ပြန်ဘူး။  အကယ်လို့ ဝက်ခြံတွေကို လက်နဲ့သွားညှစ်မိပြီဆိုရင်တော့ အသားအရေမပျက်ဆီးအောင် ဒီအချက်တွေကို မဖြစ်မနေ လုပ်ပေးသင့်ပါတယ်နော်။ ဘာလို့လဲဆိုတော့ လက်နဲ့ညှစ်လိုက်ပြီး ဒီအတိုင်းထားမယ်ဆိုရင် ဝက်ခြံတွေက ပိုထွက်လာနိုင်သလို သင့်အသားအရေကိုလည်း ပိုပြီးထိခိုက်ပျက်စီးစေပါတယ်နော်။ ဒါကြောင့် အသားအရေမပျက်စီးရအောင် ဝက်ခြံညှစ်ပြီးတိုင်း ဒီအရာလေးတွေကို ဖြစ်အောင်လုပ်ပေးပါနော်….

မျက်နှာနှစ်ကြိမ်သစ်ပေးပါ

ဝက်ခြံမညှစ်ခင်မှာ မျက်နှာသစ်ပေးပြီး ဝက်ခြံညှစ်ပြီးတဲ့အခါမှာလည်း အနာထဲက အရည်ကြည်လေးတွေ ထွက်လာတတ်တဲ့အတွက် သန့်စင်အောင် မျက်နှာနောက်တစ်ခေါက်သေချာပြန်သစ်ပေးပါ။

ရေခဲကပ်ပါ

Source;The Luxury Spot

ရေခဲကပ်ခြင်းဟာ ဝက်ခြံဖုယောင်ရမ်းတာတွေကို သိသိသာသာသက်သာစေတဲ့အတွက် ဝက်ခြံညှစ်ပြီးတိုင်း သန့်စင်တဲ့ရေခဲကို ဖြစ်အောင် ကပ်ပေးသင့်ပါတယ်နော်။

Toner လိမ်းပါ

ဝက်ခြံညှစ်ခြင်းကြောင့် ဝက်ခြံဆံတွေထွက်သွားတဲ့အခါမှာ ချွေးပေါက်တွေက ကျယ်သွားတတ်ပါတယ်။ ဒါကြောင့် တိုနာကို မဖြစ်မနေလိမ်းပေးပါ။

Moisturizer လိမ်းပါ

ယောင်ရမ်းမှုကြောင့်နီမြန်းနေပြီး ကြမ်းတမ်းပြီးအသားအရေခြောက်သွားနိုင်တဲ့အတွက် အစိုဓါတ်ကိုထိန်းဖို့ ရေဓါတ်ပြန်လည်ဖြည့်တင်းဖို့ လိုအပ်တဲ့အတွက် moisturizer လိမ်းဖို့ မမေ့ပါနဲ့နော်။

ဝက်ခြံကင်းစင်ပြီး ကြည်လင်ချောမွေ့တဲ့မျက်နှာပိုင်ရှင်လေးတွေဖြစ်ကြပါစေနော်…