လက်သည်းနီဆိုးတယ်ဆိုတာ မိန်းကလေးတိုင်းလုပ်နေကျ အလုပ်တစ်ခုပါ။ ဒါပေမယ့် မိန်းကလေးတိုင်းကတော့ လက်သည်းနီဆိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကိုတော့ မသိနေကြတာ များပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်း လက်သည်းနီဆိုးတဲ့အချိန်မှာ သိထားဖို့လိုအပ်တဲ့ အကြောင်းအရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

လက်သည်းနီဆိုးတဲ့အခါမှာ လက်သည်းနီဘူးကို လှုပ်ခါပြီးဆိုးတတ်ကြပါတယ်။ လက်သည်းနီအရောင်နှံ့အောင်လို့ လှုပ်ပေးတာဆိုပေမယ့် အထဲမှာလေဖိအားတွေကြောင့် အလုံးလေးတွေဖြစ်သွားပြီး လက်သည်းနီကိုလည်း ပျက်စီးစေတတ်ပါတယ်။ လှုပ်ပေးမယ့်အစားလက်သည်းနီပုလင်းကို လိမ့်ပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေစေပါတယ်နော်။

Source: Ella + Mila

အောက်ခံလက်သည်းနီဆိုးပေးဖို့ မေ့မထားလိုက်ပါနဲ့။ လက်သည်းနီဆိုးတော့မယ်ဆိုရင် အရောင်တွေကိုမဆိုးခင်မှာအောက်ကနေပြီး Base Coat လေးကိုအရင်ဆိုးပေးသင့်ပါတယ်နော်။ ဒါမှလည်းလက်သည်းလေးတွေ ပျက်စီးတာကနေကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

နှစ်ထပ်ဆိုးပေးတာက ပိုလှစေပါတယ်။ တစ်ချို့လက်သည်းနီတွေက တစ်ထပ်လောက်ဆိုးလိုက်တာနဲ့ အရောင်မှန်ထွက်ပေမယ့် တစ်ချို့လက်သည်းနီတွေကတော့ နှစ်ထပ်လောက်ဆိုးပေးမှလှတာပါ။ ဒါကြောင့် လက်သည်းနီအရောင်လေးကို လှပပြီးပေါ်လွင်နေချင်တယ်ဆိုရင်တော့ နှစ်ထပ်ဆိုးပေးဖို့အကြံပေးချင်ပါတယ်နော်။

လက်သည်းနီဆိုးပြီးသွားရင် အပေါ်ကနေအကြည်ရောင်လေးထပ်ဆိုးပေးဖို့လိုပါတယ်။ လက်သည်းနီအရောင်ကိုဒီတိုင်းမထားလိုက်ပဲဆိုးပြီးသွားတာနဲ့ အပေါ်ကနေအကြည်ရောင်လေးထပ်ဆိုးပေးလိုက်မယ်ဆိုရင် လက်သည်းနီကိုလည်းကြာရှည်ခံစေပြီး ပြောင်ပြောင်လေးနဲ့လှနေစေပါတယ်။

ဒါတွေကိုသေချာသိထားမယ်ဆိုရင် လက်သည်းလေးတွေကို ပိုလှသွားစေပြီး ပျိုမေတို့အတွက်လည်း လွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့ လှပနေစေမှာအမှန်ပဲဖြစ်ပါတယ်။