နှာစေးနှာမွှန်လာရင် ဘယ်သူမဆို ဟတ်ချိုးတော့ ဖြစ်တတ်တာပါပဲ။ သုတေသနပညာရှင်တွေကတော့ လူတွေရဲ့ နှာချေပုံစံတွေကို လေ့လာပြီး အဲ့ဒီလူတွေမှာ ရှိတတ်တဲ့ စရိုက်လက္ခဏာကိုပါ ပြော‌ထားတာ ရှိပါတယ်။

(၁) စိတ်လွတ်ကိုယ်လွတ် လွှတ်ချသူ

ဒီလိုလူတွေက နှာချေရတာကိုပဲ သဘောခွေ့နေတတ်သူပါ။ ဟတ်.. ဟတ် … ဟတ် …ဟတ်ချိုး ဆိုပြီး ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအောင် နှာချေမယ်။ အဲ့ဒီလို လုပ်တာကိုလည်း ပြဿနာမရှိလို့ မှတ်ထားတတ်တဲ့ သူမျိုး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတတ်သူ ၊ လူကြားသူကြားထဲမှာ နည်းနည်း ထောင်တော်တောင်နေတဲ့သူ ဖြစ်နိုင်ပါတယ်။

(၂) လက်ကိုင်ပုဝါအုပ်ပြီး နှာချေသူ

ရှက်တတ်သူတွေ ဖြစ်နိုင်ပါတယ်။ နှာချေရင် တတ်နိုင်သမျှ အသံမထွက်အောင် ဂရုစိုက်မယ်။ လူတွေကြားမှာ နေတတ်ထိုင်တတ်သူတွေ ဖြစ်သလို လူ့ယဉ်ကျေးမှုလည်း သိတတ်သူတွေ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် ပတ်ဝန်းကျင်ရဲ့ အမြင်ကိုလည်း အလေးအနက်ထားတတ်သူတွေ ဖြစ်ပါတယ်။

(၃) နှာတရှုံ့ရှုံ့ လုပ်တတ်သူ

အကျင့်လို ဖြစ်နေတာကြောင့် စကားပြောရင်းလည်း တဟင့်ဟင့်နဲ့ နှာကို ရှုံ့ချီပွချီ လုပ်တတ်သူမျိုးကတော့ လူတွေကြားထဲမှာ မလုံခြုံသလို ခံစားနေရသူတွေ ဖြစ်ပါတယ်။ သူတို့ကို ကြည့်လိုက်ရင်လည်း နှာခေါင်းတရှုံ့ရှုံ့လုပ်နေတာနဲ့တင် စိတ်မသက်မသာ ဖြစ်စရာပါပဲ။

(၄) ဆက်တိုက် နှာချေတတ်သူ

ရောဂါထူတဲ့သူတွေ ဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းဘဲ မကြာခဏ အအေးမိ နှာစေးသူတွေ ဖြစ်နိုင်ပါတယ်။ ဆက်တိုက် နှာချေတတ်တာကြောင့် သူတို့ရဲ့ ရုပ်တွေဟာ အမြဲတမ်း မောပန်းနေသလို မြင်ရပါတယ်။

(၅) အသန့်ကြိုက်တဲ့ နှာချေသမား

တော်ရုံတန်ရုံ အသန့်အပြန့် ကြိုက်တာမျိုး မဟုတ်ပါဘူး ။ နှာချေပြီးတိုင်း ဆပ်ပြာနဲ့ လက်အခါခါဆေးမယ် ၊ ဘေးကို Air Fresher တွေ လိုက်ဖြန်းမယ် ၊ ပြီးရင်လည်း စိတ်ထဲမှာ မသန့်ရှင်းတာကို ခံစားမိနေတတ်တာမျိုးပါ။ ဒါမျိုးက စိတ်ပိုင်းဆိုင်ရာအရပါ နည်းနည်းရှော့ခ်ရှိနေသူတွေမှာလည်း တွေ့ရတတ်ပါတယ်။ Paranoid Examiners လို့ သုံးနှုန်းတတ်ပါတယ်။ အသွင်အပြင်နဲ့ ပတ်သက်ပြီး ခံစားချက်ရှိတယ်။ တစ်ခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲ သိပ်စိတ်ပူတတ်တဲ့ သူမျိုး ဖြစ်တတ်ပါတယ်။

Source: Brightside