မင်္ဂလာပါနော်။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်းမတူကြလို့ နမ်းပုံနမ်းနည်းချင်းလည်းမတူကြပါဘူး။ လေ့လာသူတွေကတော့ အနမ်းပေါင်း ၁၀၀ ကျော်တောင်ရှိပါတယ်တဲ့။ ဒါပေမယ့် အဲဒီလို အနမ်းပေါင်း ၁၀၀ ကျော်ထဲက လူသိများကျော်ကြားတဲ့ အနမ်းတွေ အကြောင်းကို မျှဝေချင်ပါတယ်။

ဆက်ဆံရေးတစ်ခုမှာ တစ်ဦးနဲ့ တစ်ဦး နမ်းကြတဲ့အလေ့အကျင့်တွေက သူတို့ရဲ့ စရိုက်လက္ခဏာတွေကို ပြသနေတယ်လို့ The Science of Kissing စာအုပ်ကို ပြုစုရေးသားသူ Sheril Kishenbaum က ရှင်းပြထားပါတယ်။

၁။ နဖူးကိုနမ်းခြင်း

ကြင်နာတဲ့သဘောကိုဆောင်ပြီး မိခင်အနမ်းလို့လည်း တင်စားကြပါတယ်။ ဒီအနမ်းက တခြားသူအပေါ် ကိုယ်ဘယ်လောက်တန်ဖိုးထားတယ် မြတ်နိုးတယ်ဆိုတာကို လည်း ပြသရာရောက်ပါတယ်။

၂။ အောက်နှုတ်ခမ်းကို ကိုက်ခြင်း

အောက်နှုတ်ခမ်းကို ကိုက်ပြီးနမ်းတာဟာ ပြင်သစ်အနမ်းပုံစံတမျိုးပါပဲ။ ဇီဇာကြောင်တဲ့အခါ နမ်းတယ်လို့လည်း ဆိုကြပါတယ်။

၃။ Eskimo အနမ်း

နှာဖျားလေးထိပြီးနမ်းတဲ့အနမ်းက သိပ်ကို ချစ်စရာကောင်းပါတယ်နော်။ အေးတဲ့နေရာတွေမှာ အအေးသက်သာစေဖို့ အခုလို နှာခေါင်းချင်းထိပြီးနမ်းကြပါတယ်။ အခုလိုအနမ်းက အေးတာကို သက်သာစေပါတယ်။

၄။ နှုတ်ခမ်းတစ်ခုတည်းနဲ့ နမ်းခြင်း

နှုတ်ခမ်းတစ်ခုတည်းကို သုံးပြီးနမ်းတာ (အပေါ် နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း) ဟာ ပျော်ရွှင်တဲ့သူတွေ နမ်းတာပါ။ အမှန်တကယ်ချစ်တဲ့သူတွေ အနာဂတ်အတွက် အစီစဉ်ရှိတဲ့သူတွေ နမ်းကြတယ်လို့ ဆိုပါတယ်။

၅။ သွေးစုပ်ဖုတ်ကောင်အနမ်း

နမ်းတဲ့အခါမှာ အရာထင်သွားအောင်နမ်းတာမျိုးကို ခေါ်ပါတယ်။ ဒါကတော့ ချစ်သူတွေကြားမှာ နမ်းကြပါတယ်နော်။

၆။ လည်ပင်းမှာနမ်းတဲ့အနမ်း

ဒီအနမ်းကတော့ ဆက်ဆံရေးခိုင်မြဲတဲ့ သူတွေနမ်းလေ့ရှိကြပါတယ်။ ရင်ဖိုစေတဲ့အနမ်းတစ်ခုထဲမှာပါဝင်ပါတယ်။

၇။ လက်ကိုနမ်းခြင်း

လက်ကိုနမ်းတာဟာ သူ့ကိုလေးစားတဲ့ သဘောသက်ရောက်ပါတယ်။ ရှေးရိုးရာ အယူအဆအရ မိန်းကလေးထက် ပိုပြီး အသက်ကြီးတဲ့ အမျိုးသားတွေကသာ မိန်းကလေးရဲ့ လက်ကို နမ်းကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ အမျိုးသမီးရဲ့ လက်ကို နမ်းချင်ရင် ဒူးကို အနည်းငယ် ညွှန့်ပေးရတယ်လို့လည်းဆိုပါတယ်။

၈။ နားရွက်နားနမ်းခြင်း (သို့) ခပ်ဖွဖွလေး ကိုက်ခြင်း

နားရွက်နား နမ်းတာ (သို့) ခပ်ဖွဖွလေး ကိုက်တာမျိုးကို နမ်းလေ့ရှိကြပါတယ်။ ဒီအနမ်းက ရိုမန့်တစ်ဆန်တဲ့ အနမ်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ နားရွက်နားကို နမ်းတာကတော့ ချစ်သူကို ပိုပြီးရယ်မောအောင် ပျော်ရွှင်အောင်လုပ်တဲ့နေရာမှာ နမ်းလေ့ရှိကြပါတယ်။

၉။ ခန္ဓာကိုယ်ချင်းထိပြီးနမ်းခြင်း

ဒီအနမ်းကတော့ စုံတွဲတွေကြားမှာ နမ်းလေ့ရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချိန် (သို့) ခွဲခွာချိန်တွေမှာ နမ်းကြပြီး ခံစားချက်ပြင်းတဲ့အနမ်းပါ။ အခုလို အနမ်းက ချစ်သူနှစ်ဦးကြား တစ်ယောက်ကိုတစ်ယောက် နားလည်မှု ပိုပေးနိုင်ကြတယ်လို့ ဆိုပါတယ်။

၁၀။ နှာခေါင်းအနမ်း

နှာခေါင်းကို နမ်းတာ (သို့) ခပ်ဖွဖွလေ ကိုက်ပြီးနမ်းတာမျိုးဟာ ကိုယ့်ရဲ့ ချစ်သူ (သို့) ပါတနာကို ဆွဲဆောင်ခြင်းတမျိုးပါပဲ။ စကားနဲ့ဖော်ပြစရာမလိုတဲ့ တောင်းပန်နည်းတမျိုးပါပဲ။

၁၁။ နတ်သမီးအနမ်း

ချစ်သူကို ထွေးပွေ့ထားပြီး သူမျက်လုံးမှိတ်လိုက်တဲ့အခါ မျက်ခွံကိုနမ်းတာမျိုး ကိုဆိုလိုတာပါ။ သင်သူ့အပေါ် ဘယ်လောက်ဂရုစိုက်ကြောင်း ပြသတဲ့သဘောလည်း သက်ရောက်ပါတယ်။

၁၂။ သော့ခတ်အနမ်း

နှုတ်ခမ်းချင်းနမ်းရာမှာ ချစ်သူနဲ့ နှုတ်ခမ်းကို အားပါးတရဆွဲယူပြီး နမ်းတာမျိုးကို ဆိုလိုတာပါ။ တခါတလေ နမ်းကြပါတယ်နော်။

၁၃။ Fly Kiss

ဒီအနမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းဝေးနေတဲ့အနေအထားမှာ ပေးကြတဲ့အနမ်းပါ။

၁၄။ ပါးပြင်ကိုနမ်းခြင်း

ပါးပြင်အနမ်းကတော့ အမြဲတမ်း နမ်းကြလေ့ရှိပါတယ်နော်။ နွေးထွေးသွားစေတဲ့ အနမ်းတမျိုးဖြစ်သလို ကိုယ်သူ့ကို ချစ်တယ်ဆိုတာကို ချစ်သူကို သတိရစေချင်တဲ့အနေနဲ့လည်း နမ်းကြပါတယ်။

၁၅။ ခပ်မြန်မြန်နမ်းခြင်း

ပြင်သစ်အနမ်းတမျိုးဖြစ်ပါတယ်။ သူ့ကို အရမ်းလွမ်းနေတဲ့အကြောင်း ပြသတဲ့အခါမှာ နမ်းကြပါတယ်။

၁၆။ ပြင်သစ်အနမ်း

ပြင်သစ်အနမ်းကလည်း စုံတွဲတွေကြားမှာ နာမည်ကျော်တဲ့ အနမ်းပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးမှု ပျော်ရွှင်မှု လိုချင်တပ်မက်မှုကို ပြသတဲ့အနမ်းဖြစ်ပါတယ်။