ပျိုမေတို့ရဲ့လက်သည်းမှာ လက်သည်းပျက်စီးတာတွေကြောင့်ဖြစ်တဲ့ လက်သည်းဝါတာတွေက လက်သည်းတွေပျက်စီးတာကြောင့်လည်း ဖြစ်တတ်သလို၊ အရောင်ရင့်တဲ့လက်သည်းနီတွေကို ဆိုးတာကြာလာတဲ့အခါမှာ စွန်းထင်းမှုတွေဖြစ်ပြီး လက်သည်းတွေဝါလာတာပဲဖြစ်ပါတယ်။ လက်သည်းတွေဝါနေတာတွေကို ဖုံးချင်လို့ဆိုပြီး လက်သည်းနီတွေထပ်ဆိုးနဲ့ဆိုတော့ ပိုပြီးတော့ပျက်စီးလာစေတော့တာပေါ့။ လက်သည်းဝါတာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် လုပ်သင့်တာတွေက…

ရှောက်သီးကိုအရည်ညစ်ထားပြီး ဝါနေတဲ့လက်သည်းလေးတွေကို ရှောက်သီးအရည်ထဲမှာ စိမ်ထားပေးလိုက်ပါ။ ၁၀ မိနစ်လောက်စိမ်ထားပြီးသွားတဲ့အခါမှာ နူးညံ့တဲ့သွားတိုက်တံလေးနဲ့ လက်သည်းလေးတွေကို ပွတ်တိုက်ပေးလိုက်ရုံပါပဲ။ ပြီးရင်တော့ ရေနွေးနွေးလေးထဲမှာ လက်ချောင်းလေးတွေကို ပြန်ပြီးစိမ်ထားပေးလိုက်ရုံပါပဲ။ တစ်နေ့ကို နှစ်ကြိမ်လောက်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် သိသာတဲ့ရလဒ်တွေကို ရရှိလာမှာပဲဖြစ်ပါတယ်နော်။

သွားတွေကိုဖြူဝင်းစေတဲ့ သွားတိုက်ဆေးအနည်းငယ်ကို လက်သည်းခွံလေးတွေမှာ လိုက်လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားထားလိုက်ပါ။ ပြီးရင်တော့ သွားတိုက်တံလေးနဲ့ လက်သည်းခွံလေးတွေကို သေချာနှံစပ်အောင်တိုက်ပေးပြီး ရေနွေးနွေးလေးထဲမှာစိမ်ပြီး ဂွမ်းလေးနဲ့ပွတ်ပြီး ဖျက်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးအတိုင်း တစ်ပတ်ကိုနှစ်ခါလောက် လုပ်ပေးပြီးတစ်လလောက်ကြာတဲ့အခါမှာတော့ သိသိသာသာကောင်းမွန်လာမှာပဲဖြစ်ပါတယ်။

ခံတွင်းသန့်စင်ဆေးရည်ကို ဘာနဲ့မှမရောနှောဘဲ လက်ချောင်းလေးတွေကို သေချာစိမ်ထားပေးလိုက်ပါ။ အချိန်ကြာကြာစိမ်နိုင်လေး ပိုကောင်းလေပါပဲ။ ဘာမှလုပ်စရာမလိုပါဘူး စိမ်ပဲစိမ်ထားရုံလေးပါ။ နေ့တိုင်းနီးပါလုပ်ပေးပြီး ၁ လလောက်ကြာတဲ့အခါမှာတော့ သင့်လက်သည်းလေးတွေမှာ စွန်းထင်းတာမျိုးတွေမရှိတော့ပဲ လှပလာစေမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest