တင်ပါးလှစေတဲ့ လေ့ကျင့်ခန်းတွေဘယ်လောက်ပဲလုပ်လုပ် ကိုယ့်ရဲ့တင်ပါးလေးက ထင်သလောက်လုံးလုံးလေး မဖြစ်လာဘူးဆိုပြီး အဖြေရှာရခက်နေလား။ လေ့ကျင့်ခန်းတွေ ဘယ်လောက်ပဲလုပ်လုပ် အစားအသောက်က ခန္ဓာကိုယ်အတွက် 80%လိုအပ်တဲ့အတွက် အစားအသောက်တွေမှန်ကန်ဖို့ကလည်း အရေးကြီးတယ်နော်။ ကျန်းမာတဲ့ ကြွက်သားတွေကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်က ကျန်းမာတဲ့အသွင်ကိုဆောင်တဲ့လူသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်တာနဲ့ ကျစ်လစ်တဲ့တင်ပါးလေးတွေ ပိုင်ဆိုင်နိုင်ဖို့အတွက်ဆို အားစိုက်ထုတ်မှုတွေ လိုအပ်ပါတယ်နော်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကိုယ့်ရဲ့တင်ပါးကို လေ့ကျင်ခန်းလုပ်ရုံသာမက နေ့စဉ်စားနေကျအစားစာတွေထဲကလည်း တင်ပါးကိုဘာတွေအားဖြစ်စေလဲ? ဆွဲဆောင်မူရှိပြီး လုံးလုံးကျစ်ကျစ်တင်ပါးလေးရဖို့အတွက် ဘာတွေစားရမလဲ? ရိုးလည်းရိုးရှင်းပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတဲ့အစားစာလေးတွေကို မျှဝေပေးချင်ပါတယ်။

ကြက်သား


ကြက်သားကတော့ အားကစားလုပ်တဲ့သူတွေတိုင်းအတွက်တော့ လိုအပ်တဲ့အာဟာရကို ဖြည့်တင်းမှုကိုပေးနိုင်တဲ့ အစားစားတစ်မျိုးဖြစ်ပါတယ်။ ကြက်သားစားတဲ့အခါမှာလည်း မြန်မာလူမျိုးအနေနဲ့ ဆီပြန်ဟင်းတွေကို အများကြီးစားတာမျိုးမဟုတ်ပါဘူးနော်။ ကြက်သားက ကိုယ်လက်စထရောကိုလျော့ချပေးနိုင်တဲ့အပြင် ပရိုတိန်းဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်ပါတယ်။ ကြက်ရဲ့ရင်အုံကိုစားတာက ပိုပြီးကောင်းပါတယ်။

ထောပတ်သီး 


ထောပတ်သီးကိုတော်တော်များများက အလှအပအတွက်ပဲအသုံးပြုလို့ရတယ်လို့ထင်ကြပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို တစ်ဖက်တလမ်းကကာကွယ်ပေးသလို သွေးတွင်းရှိကိုလက်စထရောကိုလည်း ကျစေပါတယ်။ သံလွင်ဆီလိုမျိုး oleic acid ကကိုယ်အလေးချိန်ကိုလည်း မဝအောင် ထိန်းထားပေးနိုင်ပါတယ်။ တစ်နေ့ကို တစ်လုံးပုံမှန်လေး စားပေးသင့်ပါတယ်။

နွားနို့ 

နွားနို့ကိုတော့ ပုံမှန်လူတစ်ယောက်အနေနဲ့လည်း သောက်ပေးသင့်ပါတယ်။ နွားနို့ကို လေ့ကျင့်ခန်းလုပ်ပြီးတိုင်း တစ်ခွက်ပုံမှန်လေးသောက်ပေးသင့်ပါတယ်။ အရိုးအဆစ်တွေကိုသန်မာစေပြီး အသားအရေကိုလည်း ပိုဝင်းပြီးနုပျိုစေပါတယ်နော်။ ကြွက်သားကြီးထွားမှုနှုန်းကိုလည်း အားပေးတဲ့အတွက် နွားနို့ကတော့ မပါမဖြစ်ပါနော်။
Photo Source – free.pik