ကိုယ့်အလုပ်က လက်တွေမကြာခဏဆေးရတဲ့အလုပ်မျိုးလား။ ရာသီဥတုကြောင့် နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေတာများလို့ အသားအရေတွေခြောက်ကပ်ကပ်ကြီး ဖြစ်နေလို့နေရထိုင်ရခက်နေပြီလား။ အသားအရေခြောက်တာကလည်း ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရေဓာတ်ခမ်းခြောက်တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသားအရေခြောက်ခြင်းက နေရတာလည်း အဆင်မပြေလို့ အသားအရေတင်းရင်းမှုမရှိတဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစိုဓာတ်ကိုပြည့်ဝချင်လို့ နည်းလမ်းမျိုးစုံနဲ့ ဂရုစိုက်နေသော်လည်း အသားအရေကခြောက်ကပ်ကပ်ကြီး ဖြစ်နေသေးတယ်ဆိုရင်တော့ အစားအသောက်ကို ပြောင်းလဲဖို့လိုနေပါပြီနော်။ ခြောက်သွေ့နေတဲ့ အသားအရေတွေကို သက်သာစေနိုင်တဲ့အပြင် အာဟာရလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

ကန်းစွန်းဥ 


ကန်းစွန်းဥမှာ ပါဝင်တဲ့ဗီတာမင်အေဓာတ်က ကျန်းမာတဲ့အသားအရေကို ပေးစွမ်းနိုင်တဲ့အပြင် အသားအရေကြမ်းတာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီဓာတ်လည်း ပါဝင်တဲ့အတွက် ဆောင်းရာသီမှာဆို အအေးမိတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၃ ရက်လောက်စားပေးသင့်ပါတယ်။

မုန်လာဥနီ


မုန်လာဥနီ မှာ Collagen ဓာတ်နဲ့ ဗီတာမင်စီပါဝင်တဲ့အတွက် မဖြစ်မနေစားပေးသင့်တဲ့ အသီးအနှံထဲမှာ ပါဝင်ပါတယ်။ ဗီတာမင် အေကလည်း Free Radicals တွေကို တိုက်ခိုက်ပေးနိုင်တဲ့အတွက် အသားအရေမညီတာတွေ အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ အသားအရေကို ကျန်းမာသန်စွမ်းစေသော တစ်သျှုးများကို လှုပ်ဆော်ပေးနိုင်ပါတယ်။

ခရမ်းချဥ်သီး 


ခရမ်းချဥ်သီးမှာ Lycopene ဓာတ်မြင့်မားစွာပါဝင်တဲ့အတွက် အသားအရေကို လန်းဆန်းစေတဲ့ အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေအတွက်ရော ဝမ်းမှန်ဖို့အတွက်ပါ ခရမ်းချဥ်သီးကို နေ့တိုင်းပုံမှန်လေး ဟင်းချက်တာမျိုးဖြစ်ဖြစ် အသုပ်အဖြစ်သုပ်စားရတာလည်း စားပေးရင် ပိုပြီးကောင်းပါတယ်။

Oatmeal 


Oatmeal မှာ အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် အသားအရေနီမြန်းတာတွေကိုပါ သက်သာစေပါတယ်။ Oatmeal ကဗီတာမင်ဓာတ်ကလည်း အပြည့်အဝပါဝင်တယ်ဆိုတော့ အရိုးအဆစ်တွေအတွက်ပါ ကောင်းသလို အားကစားလုပ်တဲ့သူတွေအတွက်လည်း နေ့စဥ်သောက်ပေးသင့်ပါတယ်။
Photo Source – Free.pik