ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ချင်တဲ့ လူတိုင်းက မနက်စာကိုပုံမှန်လေးစားသုံး ကြပါတယ်။ မနက်စာက လူတစ်ယောက်အတွက်တစ်နေ့တာ Energy ကိုဖြည့်တင်းပေးနိုင်တဲ့ အစားအစာဆိုလည်းမမှားပါဘူး။ လူတစ်ယောက်က သူ့အချိန််နဲ့သူအစားအစာကို ပုံမှန်လေးစားပေးမယ်ဆိုရင် အသက်ရှည်ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကိုလည်း ပိုင်ဆိုင်ကြရမှာပါ။အမျိုးသမီးတော်တော်များများက အထူးသဖြင့် ဝိတ်ချနေတဲ့အမျိုးသမီးတွေက မနက်စာစားရမှာ အရမ်းကိုကြောက်ကြပါတယ်။ တကယ်တော့ ဝိတ်ချနေတဲ့သူတွေက အဆီအဆိတ်နည်းတဲ့ မနက်စာကိုသာ စားပေးဖို့လိုအပ်ပါတယ်။ စားလိုက်ရင်လည်း အဆီပိုတွေမတက်တဲ့ အပြင် ဝိတ်လည်းကျစေတဲ့ မနက်စာမျိုးကိုတော့ ရွေးချယ်ဖို့လိုအပ်ပါတယ်။

ကြက်ဥ 


ကြက်ဥက မနက်ခင်းရဲ့ Energy အတွက်ဆိုရင်တော့ မရှိမဖြစ်တွေထဲကတစ်ခုလို့ ပြောလို့ရပါတယ်။ကြက်ဥမှာ ပရိုတိန်းနဲ့ အိုမီကာ ပါဝင်တဲ့အတွက် အာဟာရဓာတ်လည်း ပြည့်ဝစေပြီး အားလည်းပြည့်စေပါတယ်။ ကြက်ဥကိုတော့ ပြုတ်စားလို့လည်းရသလို ၊ Scramble Egg အနေနဲ့လည်းပြုလုပ်ပြီးစားလို့ရပါတယ်။ကြက်ဥကို ပုံမှန်စားပေးခြင်းအားဖြင့် ဝိတ်လည်းကျစေပါတယ်နော်။

Oat


Oats ကိုတော့ မြန်မာနိုင်ငံကလူတွေကတော့ စားလေ့စားထသိမ့်မရှိပါဘူး။ Oats မှာပါဝင်တဲ့ Vitamins , Fibers၊ Minerals,Antioxidants တွေပါဝင်တဲ့အတွက်တစ်နေ့တာအတွက်လိုအပ်တဲ့ Energy ကိုလည်းပေးစွမ်းနိုင်ပါတယ်။ မနက်စာအဖြစ် ပုံမှန်စားပေးခြင်းအားဖြင့် သွေးတွင်းသကြားကိုလည်း လျော့ချပေးနိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအနှံံ့တွေနဲ့ ရောစားပေးလို့ရပါတယ်။

Yoghurt 

ဒိန်ချဥ်က Calcium ဓာတ်ပြည့်ဝတဲ့အစားအသောက်တစ်ခုဖြစ်တဲ့အတွက် အနောက်နိုင်ငံရဲ့ မပါမဖြစ်မနက်စာဆိုလည်း မမှားပါဘူး။ Protein ဓာတ်ကြွယ်ဝစေတဲ့အတွက် အားကစားလုပ်နေတဲ့ သူတိုင်းစားကိုစားပေးသင့်တဲ့ မနက်စာဖြစ်ပါတယ်။ ဒိန်ချဥ်က ဝိတ်ကျစေတဲ့အတွက် အဆီလည်းကျစေသလို ဝမ်းလည်းမှန်စေပါတယ်။
Photo Source- Free.pik