ဆံသားလှပဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်နေတဲ့အချိန်တွေမှာ မေ့လျော့နေတာတစ်ခုကတော့ ဆံသားတွေမှာ အနံ့တွေနံနေတာမျိုးကို သေချာမထိန်းသိမ်းမိတာပဲဖြစ်ပါတယ်။

တစ်ချို့ဆံပင်တွေဆိုရင် ခေါင်းခဏခဏလေ ျှာ်နေလည်း ချွေးထွက်များတာကြောင့် ဆံပင်တွေမှာမကောင်းတဲ့အနံ့သက်တွေ ဖြစ်နေတတ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ချို့ကိုလည်း ဖော်ပြပေးချင်ပါသေးတယ်နော်။

Dry Shampoo ဆောင်ထားပေးပါ

ခေါင်းလေ ျှာ်ဖို့အချိန်မရတော့တဲ့အခါမျိုးမှာ အသုံးပြုရတဲ့ Dry Shampoo ပဲဖြစ်ပါတယ်။ ပျိုမေတို့ရဲ့မှန်တင်ခုံပေါ်မှာ တစ်ခုလောက်တော့ဆောင်ထားပေးမယ်ဆိုရင် ပိုပြီးတော့အဆင်ပြေစေမှာပါ။ တစ်ခါတစ်လေအပြင်သွားခါနီးမှ ဆံပင်တွေကနံနေတယ်ဆိုတာကို သတိထားမိသွားမယ်ဆိုရင် Dry Shampoo လေးကိုသုံးပြီး အနံ့သက်တွေပျောက်သွားအောင် လုပ်ပေးလို့ရပါတယ်နော်။

ရေမွှေးလေးအနည်းငယ်သုံးပေးပါ

ဆံပင်တွေက အနံ့သက်မကောင်းတော့လို့ အရေးကြုံလာပြီဆိုရင် အလွယ်တကူဖြေရှင်းဖို့အတွက် ရေမွှေးလေးတော့ရှိနေသင့်ပါတယ်။ ရေမွှေးကိုလက်ထဲမှာအနည်းငယ်ဖြန်းပေးလိုက်ပြီး ဆံသားတွေပေါ်မှာ ပွတ်ပေးလိုက်မယ်ဆိုရင် အနံ့သက်တွေကိုနည်းနည်းတော့ လျော့နည်းသွားစေမှာပါ။

Dryer ကိုသုံးတဲ့အခါမှာ

ခေါင်းလေ ျှာ်ပြီးလို့ ဆံပင်ခြောင်အောင် Dryer ကိုအသုံးပြုတဲ့အခါမှာ အပူချိန်များနေတာမျိုးကို မသုံးဖို့အကြံပေးချင်ပါတယ်။ အပူချိန်များတာမျိုးနဲ့ ဆံပင်ကိုခြောက်အောင်လုပ်တဲ့အခါမှာ လေအေးကိုပဲသုံးပေးမယ်ဆိုရငင်တော့ ဆံပင်ကိုခဏလေးနဲ့ အနံ့ထွက်တာမျိုးကို လျော့နည်းစေမှာပဲဖြစ်ပါတယ်နော်။

Photo Source: Shutterstock