အားလုံးပဲမင်္ဂလာပါနော်။ ပြီးပြည့်စုံတဲ့ အသားအရေကို လူတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီတခါ မျှဝေပေးချင်တာက အခု လက်ရှိ အသားအရေထက် ပိုပြီးကောင်းမွန်လာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

မျက်နှာကို ခဏခဏ မထိပါနဲ့

မျက်နှာသစ်တဲ့အချိန် မိတ်ကပ်လိမ်းတဲ့အချိန်ကလွဲပြီး မျက်နှာကို မကြာခဏ ထိပေးခြင်းမှ ရှောင်ကျဉ်ပေးပါ။သင့်လက်မှာ ဘက်တီးရီးယားတွေ ကပ်ညှိနေပြီး မျက်နှာပေါ် ပေသွားရင် ဝက်ခြံဖြစ်စေသလို အသားအရေကို ညစ်နွမ်းစေပါတယ်။

Omega 3 စားပါ

Omega 3 ပါဝင်တဲ့ ဆဲလ်မွန်ငါး စတဲ့ ငါးတွေကို စားသုံးပေးပါ။

ရေများများသောက်ပါ

ရေကို အရင်ကထက် ပိုပြီးသောက်လိုက်ပါ။ သင့်အသားအရေ မစိုပြေဘူးလို့ သင်ပြောနေပေမယ့် သင်ကိုယ်တိုင်ကရော ရေလုံလောက်အောင်သောက်ရဲ့လားဆိုပြီး ပြန်မေးကြည့်ပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်ရင် အသားအရေပေါ်က အဆိပ်အတောက်တွေပါသွားပါတယ်။ ဒါ့ကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးတော့ အသားအရေကိုလည်း စိုပြေစေပါတယ်။

မျက်နှာသစ်ပါ

ပုံမှန်အားဖြင့်တော့ မျက်နှာကို တစ်နေ့ ၂ ကြိမ်သစ်ကြပါတယ်။ Gym ဆော့တဲ့သူတွေ၊ အားကစားလုပ်တဲ့သူတွေကတော့ အားကစားလုပ်ပြီးတိုင်း မျက်နှာသစ်သင့်ပါတယ်။ မနက်တစ်ကြိမ်၊ အားကစားလုပ်ပြီးတစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီး တစ်ကြိမ်သစ်ပါ။ ပြီးရင်တော့ Moisturizer လိမ်းပေးထားလိုက်ပါနော်။

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝမအိပ်တာဟာ အသားအရေကို ညစ်နွမ်းစေတယ်ဆိုတာ သင်သိပါသလား။ အိပ်ရေးဝဝမအိပ်ရင် ကိုယ်အလေးချိန်လည်းတက်လာစေပြီး မျက်တွင်းချိုင့်တာ၊ ညိုတာ၊ ဖောင်းတာမျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပါ။

Source: www.beautyofgirls.com

By: MyStyle Myanmar

Featured Image Source: chateaubeaute.com