ချစ်သူရှိတယ်ဆိုရင် သင့်ချစ်သူကို ဘယ်လိုမေးခွန်းတွေ မေးဖူးပါသလဲ။ အမျိုးသားတွေ ကြောက်တာမဟုတ်ရင်တောင် မဖြေချင်တဲ့ မေးခွန်းတွေ ရှိပါတယ်။ ကိုယ်နဲ့ သူအခုမှ ချစ်သူစဖြစ်တယ်ဆိုရင်တော့ ဒီမေးခွန်းတွေကို မမေးသင့်သေးပါဘူး။

ရည်းစားဟောင်းက ဘာကြိုက်သလဲ

သဝန်တိုလို့ပဲဖြစ်ဖြစ် တခါတလေမှာ ဒီမေးခွန်းမျိုး မေးတတ်ကြပါတယ်။ ဒါပေမယ့် အရင်ဆုံး သင်စဉ်းစားရမှာက ဘာလို့ဒီမေးခွန်းမေးမှာလဲ။ ဘာလို့ သိချင်တာလဲဆိုတဲ့အရာပါ။ သင်မေးလိုက်လို့ စိတ်သက်သောင့်သက်သာရှိရင် သူဖက်ကရော။ သင်နဲ့မတွေ့ခင်မှာ သူ့မှာ အတိတ်ဟောင်းတွေရှိခဲ့မှာ အမှန်ပါ။ ဒါပေမယ့် ဒီလိုမေးခွန်းမျိုးက သင်မမေးသင့်ပါဘူး။

နောက် ၅ နှစ်ကြာရင် ငါတို့ ဘာဖြစ်မယ်ထင်လဲ။

နောက် ၅ နှစ်ကြာရင် ငါတို့တွေ ဘာဖြစ်မယ်ထင်တယ်။ ငါတို့နှစ်ယောက်ဘာဆက်လုပ်ကြမလဲဆိုတဲ့ မေးခွန်းက အခုမှခ ျစ်သူစဖြစ်တဲ့အချိန် မမေးသင့်ပါဘူး။ အနာဂတ်အတွက် အစီစဉ်တစ်ခုရှိတာဟာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီမေးခွန်းမျိုးက သူ့ကို ငါဘာဆက်လုပ်ရမှာပါလိမ့်ဆိုပြီး တွေးစရာအတွေးတွေ ရှိသွားစေပါတယ်။ အဲဒီအစား ရှင့်ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက် ပန်းတိုင်ကဘာလဲ ဆိုတဲ့ မေးခွန်းမေးတာ ပိုပြီးသူ့ကို သက်သောင့် သက်သာရှိစေမှာပါ။

ရှင့်မိဘတွေနဲ့ ဘယ်တော့တွေ့ရမလဲ။

ဒါက ချစ်သူနှစ်ဦးဆက်ဆံရေးမှာ အရေးကြီးတဲ့မေးခွန်းမဟုတ်ဘူးလား။ ဆိုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သင်တို့နှစ်ယောက်ဆက်ဆံရေးကိုသာမက သူ့မိသားစုနဲ့ သူ့ရဲ့ ဆက်ဆံရေး ဘယ်လိုရှိတယ်ဆိုတာကို သင်အရင်လေ့လာသင့်ပါတယ်။ သူက Broken Family လား။ ဒါမှမဟုတ် မိသားစုတွေနဲ့ ဆက်ဆံရေး အငဆ်ပြေသူလားမပြေသူလားဆိုတာကို အရင်သိအောင်လုပ်ပါ။ ဘယ်အချိန်မဆို တွေ့နိုင်တယ်လို့ မျှော်လင့်မထားပါနဲ့။ အရင်ဆုံး သူ့ကို ကိုယ့်မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးပါ။

ကလေးတွေအများကြီးလိုချင်လား။

ဒီမေးခွန်းတွေက သင့်ချစ်သူထက် သင်ကပိုအရေးကြီးပါတယ်။ သင်က ဘယ်လောက်ထိအလေးထားသလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ သူ့ရဲ့ ငယ်စဉ်က ဆိုက်ကိုတွေကိုလည်း အရင်လေ့လာသင့်ပါတယ်။ သင့်ကို အပျော်တွဲတာမျိုးမဟုတ်ပေမယ့် တခါတလေမှာ သူတို့စိတ်ထဲ ကလေးဘဝရဲ့ စိတ်ထိခိုက် မှုတွေရှိတတ်ပါတယ်။

အဲဒီကောင်မလေး လှတယ်လို့ထင်လား။

ဒီမေးခွန်းက သင့်အတွက်ရော သင့်ချစ်သူအတွက်ရော မကောင်းတဲ့မေးခွန်းတစ်ခုပါ။ မသိရင်ပဲ ငါက ကောင်မလေးတွေကို လိုက်ကြည့်နေတယ် ထင်လို့လား ဆိုတဲ့ ဘုဘောက်ကျကျ စကားသံမျိုး သင်ပြန်ကြားရပါလိမ့်မယ်။