လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်ဖြစ်ဖို့ ဖြစ်ခြင်းကလည်း ဝန်ထမ်းတိုင်းမှာရှိသင့်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အလုပ်ခွင်မှာ အောင်မြင်ချင်တယ် ကိုယ်ရောက်နေတဲ့ နယ်ပယ်တစ်ခုမှာ ပျော်ရွှင်ချင်တယ်ဆိုရင် မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဒီဆောင်းပါးလေးမှာတော့ အလုပ်ခွင်ဝင်ရောက်နေသူတိုင်း သိထားသင့်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) လေးစားမှုရှိပါ
အလုပ်ခွင်တစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအချင်းချင်း လေးစားမှုရှိဖို့ကလည်း အရေးကြီးပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းလေးစားမှု Respect ထားချင်းက လုပ်ဖော်ကိုင်ဖက်ကောင်းတို့ရဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ ရာထူးကြီးသည် ငယ်သည်ကိုထည့်မတွက်ပဲ လူလူချင်းလေးစားမှုရှိစွာဆက်ဆံဖို့ လိုအပ်ပါတယ်။
(၂) နားထောင်ပေးပါ
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ တစ်ဖက်လူရဲ့စကားတွေကို သေချာဂရုတစိုက်နားထောင်ပေးသင့်ပါတယ်။ တစ်ဖက်လူရဲ့စကားတွေကို သေချာအလေးနက်ထား နားထောင်ပေးတတ်တဲ့အကျင့်က ပေါင်းသင်းဆက်ဆံရေးမှာ အခရာကျတဲ့အရာတစ်ခုဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားမှုကိုလည်း ရရှိနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
(၃) အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တက်ပါစေ
Teamwork ဆိုတာယနေ့ခေတ် အလုပ်ခွင်တိုင်း ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းဖြစ်လာပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အကျင့်ကို သေချာလေ့ကျင့်ထားသင့်ပါတယ်။ အားလုံးနဲ့ လိုက်လျောညီထွေမှုရှိစွာနေတက်ပြီး Teamwork ကောင်းကောင်းနဲ့အလုပ်လုပ်တက်တယ်ဆိုရင် သင့်ဟာလုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်လို့ ဆိုနိုင်ပါတယ်။
(၄) ကူညီပါ
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဖေးမကူညီတတ်တဲ့အကျင့်ကလည်း လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အခက်အခဲတိုင်းကို လိုက်လံဖြေရှင်းပေးဖို့ မဖြစ်နိုင်ပေမယ့်လည်း ကိုယ့်အနေနဲ့ အပန်းမကြီးဘူး ကိုယ့်ရဲ့ကူညီမှုလေးတွေကြောင့် တဖက်လူလည်း တကယ်ပဲအဆင်ပြေသွားမယ်ဆိုရင် မျော်လင့်ချက်မပါတဲ့ကူညီမှုဖြင့် ရိုးသားစွာကူညီပေးလိုက်ပါ။