Relationship တိုင်းကအမြဲတမ်း သာယာနိုင်ကြတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှပြီး အရမ်းပျော်ရွှင်ရတဲ့အချိန်တွေရှိသလို တစ်ခါတစ်လေမှာလည်း တစ်ယောက်မျက်နှာတစ်ယောက် မကြည့်နိုင်လောက်အောင် မတည့်တဲ့အချိန်တွေလည်း ရှိတတ်ကြပါတယ်။ လူ့ရဲ့စိတ်ဆိုတာကလည်း ဘာပဲပြောပြော အမြဲပြောင်းလဲနေတတ်တာကို အပြစ်လို့လည်းပြောလို့မရပါဘူး။နောက်ပိုင်း Third Person ဝင်လာရင်လည်း ဘာပဲပြောပြော နှစ်ယောက်ကြားမှာ အရင်ကလိုတော့ ဖြစ်နိုင်တော့မှာ မဟုတ်လောက်တော့ပါဘူး။ နှစ်ယောက်ကြားမှာ တစ်ယောက်က Cheating လုပ်ချင်နေတာမျိုးဖြစ်ဖြစ် ဒီလူနဲ့တွဲရတာမပျော်တော့တာမျိုးဖြစ်လာပြီဆိုရင်တော့ ဘယ်အချက်လေးတွေကနေ ခန့်မှန်းလို့ရနိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အနိုင်ကျင့်ခြင်း 

အနိုင်ကျင့်တယ်ဆိုတာက Mental အပိုင်းရော Physical အပိုင်းရောကိုဆိုလိုတာဖြစ်ပါတယ်။တစ်ချို့ကောင်မလေးတွေက ကိုယ့်ကောင်လေးကိုအရမ်းချစ်တဲ့ စိတ်နဲ့ လမ်းခွဲသွားမှာဆိုးလို့ အလျော့ပေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုမျိုး အနိုင်ကျင့်ခံရရင် ဘယ်သူကိုမှမသိစေချင်တဲ့ စိတ်နဲ့သူငယ်ချင်းတွေကိုလည်း မပြောပြရက် မိဘတွေကိုဆို ပိုဆိုးတစ်ယောက်တည်း ခံစားရတာများလာတတ်ပါတယ်။ ကိုယ်မပျော်တော့တဲ့ Relationship တစ်ခုမှာ ချစ်နေတယ်ဆိုတဲ့ စိတ်တစ်ခုနဲ့နေလို့မရပါဘူး။

အချိန်မပေးခြင်း 

ယောကျာ်းလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် သံယောဇဥ်တွေနည်းလာရင် အချိန်ပေးဖို့လည်း ဝန်လေးတတ်ကြပါတယ်။ ဘယ်သူမဆို ကိုယ်ကဒီလူတစ်ယောက်ကိုမချစ်ဘူး သူနဲ့အတူရှိနေတဲ့အချိန်တွေဆို အချိန်ကုန်တယ်လို့ ခံစားလာတတ်ကြပါတယ်။ အချိန်တွေခွဲဝေမပေးနိုင်ခြင်းကနေ ရန်တွေဖြစ်လာမယ် တွေ့ရတဲ့အချိန်တွေနည်းလာတော့ နားလည်မှုတွေလည်း ကုန်ဆုံးလာတတ်ကြပါတယ်။ အဲ့တော့ အချိန်တွေမလွန်ခင် အခြေအနေတွေလည်း မဆိုးခင်ကိုယ်က ဒီလူတစ်ယောက်ကိုတစ်ကယ်မချစ်နိုင်တော့ဘူးလို့ ထင်လာရင် စောစောစီးစီးကလမ်းခွဲလိုက်တာက ပိုပြီးကောင်းတဲ့အဖြေတစ်ခုကို ရသွားတတ်ကြပါတယ်။

ဟန်ဆောင်မှုများခြင်း 

ကိုယ့်ရဲ့ Dark Side ကိုဖုံးကွယ်ထားပြီး ဟန်ဆောင်ပြီးနေခြင်းကလည်း နှစ်ယောက် Relationship ကို ရေရှည်လက်မတွဲသွားနိုင်ပါဘူး။ ဥပမာ ကိုယ်ကအပြင်ရောက်နေတာတောင် အိမ်မှာဆိုပြီး လိမ်ညာပြီးပြောခြင်း ကိုယ့်ဆီမှာ အကျင့်ဆိုးတွေရှိပါလျက်နဲ့ အရာရာကိုပြည့်စုံပြီး နေပြခြင်းကလည်း နှစ်ယောက်စလုံးအတွက် မကောင်းတဲ့အရာတစ်ခုပါနော်။

Photo Source – Free.pik