ဝက်ခြံဆိုတာ နေရာအမျိုးမျိုးမှာ ပေါက်တတ်ကြပါတယ်။ ပေါက်တဲ့နေရာတွေမှာလည်း ပေါက်ရတဲ့အကြောင်းအရင်းဆိုတာလည်းရှိတော့ ကျန်းမာရေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ် သိထားရမယ့် အရာလေးတွေကိုပြောပြပေးချင်ပါတယ်။

ကိုယ်အသားအရေနဲ့မတည့်တဲ့ ပစ္စည်းမျိုးတွေကို သုံးမိတာ၊ မိတ်ကပ်တွေကို သေချာပြောင်စင်အောင် မဖျက်တာ၊ အသားအရေထိန်းသိမ်းတာတွေကို သေချာဂရုမစိုက်ဘူးဆိုရင်တော့ ဝက်ခြံမဖြစ်ပဲမနေပါဘူး။ ဝက်ခြံပေါက်တယ်ဆိုတာလည်း နေရာတစ်ခုထဲမှာပဲပေါက်တာမျိုးတော့မဟုတ်ပါဘူး။ များသောအားဖြင့်က မျက်နှာပြင်ပေါ်မှာပေါက်တာများပြီး ဝက်ခြံဖြစ်တဲ့နေရာနဲ့လိုက်ပြီး ပြန်လည်ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေလည်းရှိပါတယ်။

Source: Margra Online

နဖူးမှာဝက်ခြံတွေပေါက်လာပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ အစာခြေစနစ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ပြဿနာတစ်ခုခုတော့ရှိနေပါပြီ။ ဝမ်းချုပ်တတ်တဲ့သူ၊ ဆီးသွားနည်းတဲ့သူတွေက နဖူးမှာဝက်ခြံဖြစ်တတ်ပြီး ရေများများသောက်ပြီး အရည်ရွှမ်းတဲ့အသီးအနှံတွေကို စားပေးမယ်ဆိုရင်တော့ ဝမ်းပြန်မှန်လာပြီး ဝက်ခြံတွေလည်း သူ့ဘာသူပျောက်ကင်းလာမှာပါ။

ပါးပြင်တွေမှာ ဝက်ခြံပေါက်တာက အဆုတ်အားနည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တာနဲ့ လေကောင်းလေသန့်ရရှိအောင် နေထိုင်မယ်ဆိုရင်တော့ ဝက်ခြံတွေကိုလျော့နည်းလာစေမှာပါ။ ရေများများသောက်ပေးဖို့လည်း လိုအပ်မယ်နော်။

မေးရိုးနားမှာ ဝက်ခြံတွေပေါက်လာပြီဆိုရင်တော့ သင့်မျက်နှာကိုလက်နဲ့ကိုင်တွယ်တာတွေကို ဆင်ခြင်လိုက်ပါ။ ဒီလိုမျိုးပေါက်တတ်တဲ့သူတွေက မျက်နှာသစ်ဆေးတွေကို မျိုးစုံလိုက်သုံးနေတာထက် ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးတစ်မျိုးကို စွဲပြီးသုံးတာက အကောင်းဆုံးဖြစ်မှာပါ။ မျက်နှာသစ်တဲ့အခါမှာလည်း သေချာသန့်စင်အောင် သစ်ပေးဖို့တော့လိုပါတယ်။

မေးစေ့နားမှာဝက်ခြံပေါက်တာက သင့်ခန္ဓာကိုယ်မှာ ဟော်မုန်းမမှန်နေလို့ပဲဖြစ်ပါတယ်။ အိပ်တဲ့အချိန်မမှန်တာ၊ ရာသီသွေးပေါ်တာမမှန်တဲ့သူတွေတော်တော်များများက မေးစေ့မှာဝက်ခြံပေါက်တတ်ပါတယ်။ မျက်နှာသန့်ရှင်းမှုအားနည်းတဲ့သူတွေ၊ မိတ်ကပ်လိမ်းပြီး သေချာပြန်မဖျက်ပေးတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ ဒါတွေကို ဆင်ခြင်လိုက်မယ်ဆိုရင်တော့ ပျောက်ကင်းစေမှာပါ။

Source: MediMetry

ဒါကတော့ အသားအရေခြောက်သွေ့တဲ့သူနဲ့၊ နေလောင်ခံရပြီးတဲ့ အသားအရေမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို အားစိုက်လုပ်ပြီး ရေများများသောက်မယ်၊ ကျန်းမာရေးနဲ့သင်တော်တဲ့ အစားစာတွေကိုပဲစားသုံးမယ်ဆိုရင်တော့ တဖြည်းဖြည်းလျော့နည်းလာစေမှာပါ။

ဒါတွေကတော့ ဝက်ခြံပေါက်တတ်တဲ့သူတွေအနေနဲ့ သိမှတ်ထားသင့်တဲ့အရာတွေဖြစ်ပြီး ဘယ်နေရာမှာပေါက်ရင် ဘယ်လိုတွေဆင်ခြင်ရမယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

Photo Source: Pinterest

Featured Image Source: BeBeautiful